Border News Agency
ပတ္တယား၊ စက်တင်ဘာ ၈ ။
ထိုင်းနိုင်ငံ၊ချွန်ဘူရီခရိုင်၊ပတ္တယားမြို့နယ်၊ဘန်လာမောင်ခရိုင်ရှိ အလုပ်သမားစခန်းတခုမှာ မြန်မာလုပ်သားနှစ်ဦး အရက်သောက်ရာမှအငြင်းပွားကာရန်ဖြစ်ကြစဉ် တဦးဓားထိုးခံရပြီး သေဆုံးသွားခဲ့ပါတယ်။
ရိုဂျာနာစက်မှုဇုန်အနီးရှိ ကွန်တိန်နာအလုပ်သမားစခန်းမှာ စက်တင်ဘာလ ၇ ရက်၊နေ့လည်ပိုင်းကအရက်သောက်နေစဉ် အသက်လေးဆယ်တနှစ်အရွယ် မြန်မာအမျိုးသားက အသက်သုံးဆယ်ကျော်အရွယ် မြန်မာအမျိုးသားကို ဓားနဲ့ထိုးခဲ့တာဖြစ်ပါတယ်။
ဓားဒဏ်ရာရရှိခဲ့တဲ့အမျိုးသားကို ကယ်ဆယ်ရေးအဖွဲ့တွေက ဆေးရုံသို့ အမြန်ပို့ဆောင်ပေးခဲ့ပေမယ့်သေဆုံးသွားခဲ့ပါတယ်။
ပြစ်မှုကျူးလွန်သူဟာ ဓားကိုင်ဆောင်ကာ ရဲတပ်ဖွဲ့ကိုစိန်ခေါ်ခဲ့တာကြောင့် ရဲတပ်ဖွဲ့က လုံးထွေးဖမ်းဆီးခဲ့ရပြီး ဖြစ်စဉ်အတွင်း ဒုတိယရဲမှူးတဦး လက်မောင်းမှာဓားဒဏ်ရာရရှိခဲ့ပါတယ်။
ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားရာမှ အိမ်သုံးဓားတချောင်းကိုသိမ်းဆည်းရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူကို ဘန်လာမောင်ရဲစခန်းသို့ ခေါ်ဆောင်ကာ လူသတ်မှုနဲ့ ဆက်လက်စုံစမ်းစစ်ဆေးနေပါတယ်။











