Border News Agency
ပုဏ္ဏားကျွန်း၊ စက်တင်ဘာ ၉။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်ပြန်သိမ်းယူဖို့ကြိုးစားနေတာမို့ တိုက်ပွဲတွေဆက်ဖြစ်နေပြီး နှစ်ဘက်ကျဆုံးသူများနေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက အတည်ပြုပြောကြပါတယ်။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်အစပ်နေရာတွေကို အာဏာသိမ်းစစ်တပ်က ကြည်း၊ရေ၊လေပူးပေါင်းပစ်ခတ်လမ်းရှင်းပြီး ပြန်သိမ်းယူဖို့ကြိုးစားနေတာမို့ ပုဏ္ဏားကျွန်းမြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်နေတာပါ။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်၊ကွမ်းတောင်ကျေးရွာအနီးရှိ အာရက္ခတပ်တော်ကာကင်းတွေထိ အာဏာသိမ်းစစ်တပ်ကထိုးဖောက်လာတာကို အာရက္ခတပ်တော်က အင်အားအများအပြားသုံးပြီးအပြင်းအထန်ပြန်လည်တိုက်ခိုက်ခဲ့ရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။
အဲဒါကြောင့် နှစ်ဘက်အကျအဆုံးများပြီး နှစ်ဘက်အင်အားဖြည့်တိုက်ခိုက်နေကြတာမို့ တိုက်ပွဲတွေပိုမိုပြင်းထန်လာနိုင်သလို နှစ်ဘက်အကျအဆုံးတွေပိုများလာနိုင်တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။
“စစ်တပ်ကအင်အားအလုံးအရင်းသုံးပြီးအပြင်းအထန်ထိုးစစ်ဆင်နေတာပါ။ နောက်ပြီး ကြည်းရေလေအစုံသုံးပစ်အားသုံးတက်ဖို့ကြိုးစားနေတာပါ။ တပ်တော်ကဆုတ်ပေးလိုက်ရတာတွေရှိပါတယ်။ အဲဒီနေရာတွေကို အင်အားဖြည့်ပြန်တိုက်တော့ နှစ်ဘက်အကျအဆုံးများနေပါတယ်။ တိုက်ပွဲတွေကတော့ထပ်ပြင်းနေမှာပါ။ နှစ်ဘက်အကျအဆုံးကတော့ များနေမှာပါ။ထိုးစစ်ဖက်က ဗမာစစ်တပ်ဖက်ကပိုသေကြပါတယ်။”လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက Border News Agency ကို ပြောပါတယ်။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်၊ဖက်ကျကျေးရွာကို စက်တင်ဘာလ ၇ ရက်နေ့၊ နံနက် ၉ နာရီခွဲအချိန်ခန့်က အာဏာသိမ်းစစ်တပ်ကလေကြောင်းတိုက်ခဲ့တာမို့ နေအိမ်လေးလုံးပျက်စီးခဲ့တယ်လို့ အာရက္ခတပ်တော်ထုတ်ပြန်ပါတယ်။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်တိုက်ပွဲသတင်းကို အာရက္ခတပ်တော်နဲ့အာဏာသိမ်းစစ်တပ်က တရားဝင်ထုတ်ပြန်တာမရှိသေးပေမယ့် အာဏာသိမ်းစစ်တပ်ရဲ့ဝါဒဖြန့်လူမှုကွန်ရက်တွေမှာ အာရက္ခတပ်တော်တပ်ဖွဲ့ဝင်အလောင်းတွေ၊ လက်နက်ခဲယမ်းတွေသိမ်းဆည်းရမိတာတွေကို ထုတ်ပြထားကြပါတယ်။
အဲဒီအပြင် ပုစွန်တာတွေမှာ ရှေ့တန်းခံစစ်ကာကင်လုပ်ခုခံနေကြတဲ့အာရက္ခတပ်တော်တပ်ဖွဲ့ဝင်တွေကို ဒရုန်းသုံးတိုက်ခိုက်နေတာတွေကိုလည်း ထုတ်ပြထားကြပါတယ်။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က ကြည်းရေလေပူးပေါင်းပစ်ကူအားသာချက်ကို အဓိကအသုံးပြုနေသလို ဒရုန်းတွေလည်း အများကြီးအသုံးပြုတိုက်ခိုက်လာတာမို့ နှစ်ဘက်ကျဆုံးများပြီ တိုက်ပွဲတာရှည်နိုင်တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။
“နှစ်ဘက်လော်ဘီတွေ၊နှစ်ဘက်ထော က်ခံသူတွေ၊နှစ်ဘက်ဝါဒဖြန့်မီဒီယာတွေကတော့ ကိုယ့်ဘက်ကိုအားသာနေသလိုရေးနကြတာပါ။ တကယ့်မြေပြင်မှာက နှစ်ဘက်စလုံးက အတုန်းအရုန်းသေဆုံးဒဏ်ရာရနေကြတာပါ။ ကျည်ဆံတွေမိုးရွာနေသလိုပစ်နေကြတာပါ။နှစ်ဘက်စလုံးကအကျအဆုံးများပါတယ်။ နှစ်ဘက်စလုံးက အင်အားထပ်ဖြည့်နေကြပါတယ်။ တိုက်ပွဲတွေကြာနိုင်ပါတယ်။”လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက Border News Agency ကို ပြောပါတယ်။
အဲဒီစစ်တွေမြို့ရှိ အာဏာသိမ်းစစ်တပ်ရဲ့လက်နက်ကြီးအထိုင်စခန်းတွေ၊ရေ တပ်စစ်သင်္ဘောတွေကလက်နက်ကြီးပစ်ကူပေးသလို အာရက္ခတပ်တော်ကလည်း လက်နက်ကြီးတွေ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။
အဲဒီအပြင် အာဏာသိမ်းစစ်တပ်ကလေကြောင်းပစ်ကူတွေအပြင်းအထန်လုပ်နေစလို အာရက္ခတပ်တော်လက်န က်ကြီးအထိုင်နေရာတွေလို့ယူဆတဲ့နေ ရာတွေ၊ကျေးရွာတွေထိ လေကြောင်းတိုက်ခိုက်နေတာမို့ တိုက်ပွဲဧရိယာပိုကျ ယ်လာနိုင်သလို အရပ်သားတွေ ထိခိုက်ခံစားရမှုတွေ ပိုများလာနိုင်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။
အဲဒီအပြင် နောက်ထပ်စစ်မျက်နှာတွေလည်း ထပ်ဖြစ်လာနိုင်တာမို့ ဒေသခံပြ ည်သူတွေ စစ်ရေးသတိထားကြပြီးကြိုတင်ပြင်ဆင်ထားကြဖို့လိုအပ်နေတယ်လို့ စစ်ရေးစောင့်ကြည့်လေ့လာနေကြသူတွေက သတိပေးထားပါတယ်။
အဲဒါကြောင့် အာဏာသိမ်းစစ်တပ်ထိန်းချုပ်ထားဆဲစစ်တွေမြို့ပေါ်ရှိ အခြေခံ ပညာအထက်တန်းကျောင်းအပါအဝင်မြို့ပေါ်နေရာတချို့ကို လက်နက်ကြီးတွေကျရောက်နေသလို အနီးပတ်ဝန်းကျင်မြို့နယ်တွေလည်း လေကြောင်း
တိုက်ခိုက်မှုတွေအပြင်းအထန်ခံရနိုင်တယ်လို့ စစ်ရေးစောင့်ကြည့်လေ့လာနေကြသူတွေက ဆိုကြပါတယ်။
“တိုက်ပွဲတွေဖြစ်လာရင်တော့ နှစ်ဘက်အပြန်အလှန်ပစ်ကြမှာပါပဲ။ နှစ်ဘက်စလုံးကအနိုင်ရမယ့်နည်းတွေကို ကိုယ်အားသာရာသုံးကြမှာပါပဲ။ အေအေကလက်နက်ကြီးတွေပစ်နေရင် စစ်တပ်ကလည်းလေယာဥ်နဲ့လာပစ်တော့မှာပါပဲ။ အဓိကတော့ တိုက်ပွဲအနီးပတ်ဝန်းကျင်အကုန်လုံးက ပြည်သူတွေသတိထားနေသင့်ပါတယ်။”လို့ စစ်ရေးစောင့်ကြည့်လေ့လာနေကြသူတွေက ဆိုကြပါတယ်။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်ကအပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေသလို အာရက္ခတပ်တော်ကလည်း အပြင်းအထန်ခုခံကာကွယ်နေတာမို့ တိုက်ပွဲတွေပြင်းထန်နေပြီး အပြန်အလှန်လက်နက်ကြီးပစ်ခတ်တာတွေ၊ဒရုန်းပစ်ခတ်တာတွေနေ့စဥ်ရှိနေပါတယ်။
အဲဒီအပြင် အာဏာသိမ်းစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေလာလုပ်နေတာမို့ အရပ်သားနေရာတွေ၊အရပ်သားပြည်သူတွေ ထိခိုက်နေကြရပါတယ်။
အဲဒါကြောင့် စစ်တွေ၊ပုဏ္ဏားကျွန်း၊ရသေ့တောင်၊ပေါက်တောအပြင် မောင်တော၊ဘူးသီးတောင်၊ကျောက်တော်၊မြောက်ဦး၊မင်းပြားထိ တိုက်ပွဲနောက်ဆက်တွဲတွေ ပိုခံစားရလာနိုင်တယ်လို့ဆိုကြပါတယ်။







