Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
Analysis ဆောင်းပါး နိုင်ငံရေး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် လူမျိုးရေးရာ လူ့အခွင့်အရေး အာရက္ခဒေသ

လူမျိုးစုများရပ်ရွာကိုယ်ပိုင်အုပ်ချုပ် ရေးနှင့်မူဝါဒလေဟာနယ်

Author picture

By

Saw Shin Nyo
Reading Time: 3 mins read
0
A A
0
SHARES
217
VIEWS
Share on FacebookShare on Twitter

မောင်တူရေးသည်။

အုပ်ချုပ်ရေးအားအကောင်အထည် ဖော်ရာတွင် လူမျိုးစုငယ်များ၊ စုံလင်ကွဲပြားသောဘာသာရေးအုပ်စုများနှင့် ပတ်သက်၍ မည်သို့ဖော်ဆောင်မည်နည်း။

ULA/AA ၏ ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာများကို ဖြေကြားချက်များအား လေ့လာကြည့်ရာတွင် ULA/AA ဖော်ဆောင်မည့်အာရက္ခပြည်သူ့အုပ်ချုပ်ရေးဖြစ်စဉ်တွင် လူနည်းစုများကိုပါ ပါဝင်လာအောင် ဆောင်ရွက်နေသည်ဟု ဆိုထားပေသည်။

ULA/AA အနေဖြင့် မြေပြင်တွင် လူမျိုးစုရေးရာကော်မတီနှင့်မူဆလင်ရေးရာ ကော်မတီများကို ဖွဲ့ထားသည်ဟုဆိုသည်။

ထိုကဲ့သို့လူမျိုးစုနှင့်မူဆလင်ရေးရာ ကော်မတီများကို ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်မှာ မိမိလူမျိုးစုအလိုက် မိမိရပ်ရွာဒေသကို ကိုယ်တိုင်စီမံခန့်ခွဲနိုင်ရန်အတွက်ဖြစ်သည်ဟု ULA/AA ဆိုထားပေသည်။

ULA/AA ဘက်က လူနည်းစုငယ်များ၏ ကိုယ်ပိုင်အုပ်ချုပ်ရေးကို ဖော်ဆောင်မှုတွင် လမ်းဖွင့်ပေးမှုများရှိနေသော်လည်း လူနည်းစုများအနေဖြင့်မှန်းဆရခက်၊ ချဉ်းကပ်ရခက်နေသောအနေအ ထားမျိုးတွင်သာရှိနေသေးသည်။

ဤတွင် ULA/AA ၏ လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် လူနည်းစုများ၏ အမြင်ကို ဆန်းစစ်နှိုင်းယှဉ်စရာရှိလာပေသည်။

ဆန်းစစ်နှိုင်းယှဉ်မှု

ULA/AA ဘက်မှအာရက္ခပြည်အား “ဆိုရှယ်ဒီမိုကရက်စနစ်” နှင့် ”တပြည်ထောင်စနစ်” ကို ကျင့်သုံးမည်ဟု ဆိုထားသည်။

ကနဦးပိုင်းတွင် ဗဟိုချုပ်ကိုင်မှုများသောပုံစံကိုကျင့်သုံးမည်ဖြစ်ပြီးစစ်တပ်ကို ပါတီ၏ဦးဆောင်မှုအောက်တွင်ထားမည်။

နောက်ပိုင်း အရည်အချင်းကိုမူတည်၍ ဒေသန္တရအုပ်ချုပ်ရေးများကို အာဏာခွဲဝေပေးသွားမည်ဟု ဆိုသည်။

လက်နက်ကိုင်စစ်တပ်အား ပါတီအောက်တွင်ထားမည်လား။ အစိုးရအောက်တွင်ထားမည်လား ဆိုသည်ကိုတော့ မသဲကွဲသေးချေ။

ဒီပလိုမတ်သတင်းစာကို ULA/AA ခေါင်းဆောင်ပိုင်းမှ ဖြေကြားချက်အရ လက်နက်ကိုင် စစ်တပ်အား ပါတီအောက်တွင် ထားမည်ဟုဆိုထားသည်။

“အဆိုပါအင်တာဗျူး၏ စကားအသွား အလာအနေအထားအရကနဦးပိုင်းတွင် စစ်တပ်အား ပါတီအောက်တွင် ထားပြီး အစိုးရအောက်သို့ ထပ်မံပြောင်းလဲနိုင်သည့်မူဝါဒမျိုး” က ULA/AA တွင် ရှိနေနိုင်သည်ဟု ယူဆရပေသည်။

“ULA က ဖေါ်ဆောင်နေသော အုပ်ချုပ်ရေးကဏ္ဍများ၌ လူမျိုးစုအားလုံးကို ကိုယ်စားပြုထားသော အဖွဲ့ဝင်များဖြစ်သည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ မိမိတို့ အဓိကရည်မှန်းချက် (Mission) သည် အုပ်ချုပ်ရေးအဖွဲ့များတွင် လူနည်းစုအားလုံးပါဝင်ရန် အရေးကြီးသည်ဟု ခံယူထားပြီး တရားသူကြီး၊ ရဲတပ်ဖွဲ့ဝင်တွေ၊ ပါတီကေဒါတွေကအစ အားလုံးပါဝင်လာရမည်ဖြစ်ကြောင်း” ကို ဗိုလ်ချုပ်ထွန်းမြတ်နိုင်က The Diplomat သတင်းဌာသို့ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ အင်တာဗျုးတွင် ပြောထားကြောင်းကို သတင်းထောက် Rajeev Bhattacharyya ၏ Arakan Army Commander-in-Chief Twan Mrat Naing on the Future of Rakhine State ဆောင်းပါးတွင်ဖေါ်ပြထားသည်။

အဆိုပါအင်တာဗျုးများကိုထောက်ရှူ၍ ULA/AA အနေဖြင့် လူမျိုစုငယ်များအား အုပ်ချုပ်းရေး၊ တရားစီရင်ရေးနှင့် ဥပဒေပြုရေးဖြစ်စဉ်များတွင်ပါ ပါဝင်ရန် ဦးတည်ချက်ရှိနေနိုင်ပေသည်။

ထိုအတူ လူမျိုးစုများနှင့်စုံလင်ကွဲပြားသော ဘာသာရေးအသိုက်အဝန်းများ ဘက်ကလည်း ပူးပေါင်းပါဝင်လိုသော စိတ်ဆန္ဒရှိသည်။

သို့သော် လူမျိုးစုငယ်များနှင့်စုံလင်ကွဲပြားသော ဘာသာရေးအသိုက်အဝန်းများကြားတွင် ပူးပေါင်းပါဝင်လိုသော စိတ်ဆန္ဒရှိနေသည့်တိုင်အောင် တွေးဆရခက်နေသောအနေအထားမျိုးတွင်လည်း ရှိနေသေးသည်။

ပူးပေါင်းဆောင်ရွက်ရန်စိတ်အားထက်သန်မှု

“ULA၏ ဦးတည်ချက်မှာ ငြိမ်းချမ်းရေးကိုထူထောင်ရန်ဖြစ်ကြောင်းနှင့် ငြိမ်းချမ်းရေးသည် တည်ငြိမ်မှုအတွက် မရှိမဖြစ်လိုအပ်ကြောင်း ကျောက်တော်နိုင်ငံရေးမှူး ဦးကျော်ဇောခိုင်က The Diplomat သတင်းဌာနကို ပြောကြောင်း၊ ULA သည် အုပ်ချုပ်ရေးတွင် ပူးပေါင်းဆောင်ရွက်ရန် စိတ်အားထက်သန်နေသည့် မွတ်ဆလင်ရိုဟင်ဂျာများအပါအဝင် လူမှုအသိုက်အဝန်းအားလုံးကို ထည့်သွင်းရန် ကြိုးစားနေသည်ဟု ဦးကျော်ဇောခိုင်က ပြောပြီး ခူမီး၊ မြို၊ ဒိုင်းနက်နှင့် ဟိန္ဒူစသည့် လူနည်းစုများပါ ဝင်စေရန် တိုင်းရင်းသားရေးရာကော်မတီအပြင် မွတ်ဆလင်ရေးရာ ကော်မတီကိုလည်း ထူထောင်ထားပြီးဖြစ်ကြောင်း” The Diplomat သတင်းဌာန၏ သတင်းထောက် Rajeev Bhattacharyya ၏ Rohingya Community Is Divided Over Arakan Armys Plan for Inclusive Administration ဆောင်းပါးတွင်ဖေါ်ပြထားသည်။

“ပူးပေါင်းဆောင်ရွက်ရန် စိတ်အားထက်သန်မှု” အပေါ် ULA/AAနှင့် လူမျိုးစုများနှင့်စုံလင်ကွဲပြားသောဘာသာရေးအုပ်စုများဘက်မှ မည်သို့ချဉ်းကပ်အဓိပ္ပါယ် ဖွင့်ဆိုကြသနည်း။

“ပူးပေါင်းဆောင်ရွက်ရန်စိတ်အားထက်သန်မှု” အပေါ် “လူမျိုးစုများနှင့် မတူညီသောဘာသာရေးအသိုက်အဝန်းများ ဘက်ကချဉ်းကပ်ပုံမှာ ပါဝင်သင့်ပါဝင်ထိုက်သော အုပ်စုများကို ပါဝင်စေခြင်း မျိုးဖြင့်သာ အဓိပ္ပါယ်ကိုသဘောပေါက်ထားသည်။

ထိုအချက်သည် နိုင်ငံရေးအရတန်းတူ ရည်တူရှိမှုနှင့် ဆွေးနွေးညှိနှိုင်းအဖြေရှာခြင်းသဘောမျိုးမရှိဘဲ ၎င်းတို့အပေါ် နိုင်ငံရေးအရ အသုံးချမှုသဘော၊ ရုပ်ပြကောင်းယုံသဘောဖြစ်မည်ကို လူမျိုးစုများနှင့် စုံလင်ကွဲပြားသောဘာ သာရေးအုပ်စုများဘက်မှ စိုးရိမ်ပုံရသည်။”

လူနည်းစုများနှင့်စုံလင်ကွဲပြားသော ဘာသာရေးအသိုင်းအဝန်းများ၏ အဆိုပါစိုးရိမ်မှုကိုလည်း ရခိုင်လူမျိုးစုဘက်ကကြည့်လျှင် နားလည်ပေး၍ရ သောခံစားချက်သာဖြစ်ပေသည်။

မြန်မာအစိုးရအဆက်ဆက် တိုင်းရင်းသားများအပေါ်တွင်လည်း အခမ်းအနားတွင် ပွဲတက်ရင်တိုင်းရင်းသားဝတ်စုံများဝတ်ကာအသုံးချယုံသက်သက် ပြုခဲ့သည်ကို ရခိုင်လူမျိုးများလည်းရင်ဆိုင်ခဲ့ရဖူးပြီဖြစ်ပေသည်။

ULA/AA အနေဖြင့် လက်ရှိအနေအထားတွင် စစ်ရေးနှင့်တည်ဆောက်ရေးအား မျဉ်းပြိုင်လျှောက်လမ်းနေရချိန်ဖြစ်သည်။

ထိုအခြေအနေမျိုးအောက်တွင် “သိမ့်မွေ့ရှုပ်ထွေးလှသောမူဝါဒဖြစ်စဉ်များ” ကိုလည်း ပွင့်လင်းမြင်သာစွာချပြရန်မှာ ချင့်ချိန်နေရပုံပေါ်သည်။

မူဝါဒပိုင်းဆိုင်ရာအချက်များသည် အပြန်အလှန် ဆွေးနွေးငြင်းခုံမှုတံခါးဖွင့်ပေးထားရသည်။

စစ်ရေးအရအဆုံးအဖြတ်ကာလအတွင်းတွင် မူဝါဒပိုင်းဆိုင်ရာငြင်းခုံမှုများအပေါ် ပယောဂများဝင်လာနိုင်သည်ကိုလည်း ULA/AA ဘက်က တွက်ဆပုံရသည်။

နောက်ဖြစ်နိုင်ချေတခုမှာ “တည်ငြိမ်မှု အခြေအနေတရပ်ကိုဖန်တီးနိုင်ခါမှမူဝါ ဒဖြစ်စဉ်များကိုချမှတ်ရာတွင်ပါဝင်သ င့်ပါဝင်ထိုက်သူများ အားလုံးပါဝင်သ ည့်ပုံစံမျိုးဖြင့် ရေးဆွဲလိုရင်းကြောင့် လ က်ရှိတွင် လက်မကျွံလို၍၊နေရာမဦးလို ၍၊အသာစီးမယူလို၍ကြောင့်” လည်း ဖြစ်နိုင်ပေသည်။

သို့မဟုတ် အခြားသောအချက်များကြောင့်လည်း ဖြစ်နိုင်သည်။

အဆိုပါအချက်များကြောင့် ULA/AA ဘက်မှ မူဝါဒပိုင်းကိုချပြမှုထက် “ပူးပေါင်းဆောင်ရွက်ရန်စိတ်အားထက်သန်မှု” အပေါ်တွင်သာပို၍ အားပြုနေပုံရသည်။

မူဝါဒပိုင်းဆိုင်ရာလေဟာနယ်

မည်သို့ပင်ဆိုစေ လက်ရှိအနေအထားတွင် မူဝါဒပိုင်းဆိုင်ရာကိစ္စများသည် “လေဟာနယ်” သဘောမျိုး ဖြစ်ပေါ်နေသည်။

မူဝါဒပိုင်းဆိုင်ရာလေဟာနယ်ဖြစ်ထွန်းနေမှုသည် ပြည်သူလူထုအတွက်အန္တရာယ်များပေသည်။

ပြည်သူလူထုတွင် မိမိတို့၏အခက်အခဲ နစ်နာချက်များအတွက် ပြန်လည်ဖော်ထုတ်တောင်းဆိုနိုင်ရန်အခြေခံအခွင့် အရေးရှိပေသည်။

ထိုအခွင့်အရေးအပေါ်တွင် ULA/AA အနေဖြင့် လေးစားတန်ဖိုးထားကြောင်းကိုလည်း ကမ္ဘာသိ ထုတ်ဖော်ထားပြီးဖြစ်သည်။

မူဝါဒအားမသိရှိပါက ပြည်သူလူထုတွင် လက်ရှိအာဏာရှိသူများ၏ဆောင်ရွက်ချက်အား တိုင်းတာထိန်းကျောင်းနိုင်သော စံပျောက်နေသည်။

မူဝါဒမရှိ၍ လုပ်ပိုင်ခွင့်အာဏာရှိသူ၏ ပြောစကားနှင့်လုပ်ရပ်သည် ဥပဒေသဘောမျိုး ဖြစ်နေပေသည်။

ဤသို့ဖြင့် ပြည်သူလူထု၏ မိမိတို့၏အခက်အခဲ နစ်နာချက်များအတွက်ပြန်လည်ဖော်ထုတ်တောင်းဆိုရန် အခြေခံအခွင့်အရေးမှာ ပျောက်ဆုံးသွားပေသည်။

ဤတွင်တဖန်လူမှုရပ်ဝန်း တည်ငြိမ်အေးချမ်းမှုကို ထိခိုက်လာပြန်သည်။

မူဝါဒဖြစ်စဉ်များတွင် “မူဝါဒ၏သားကောင် သို့မဟုတ် အဆိုပါ မူဝါဒများအတွက် အနစ်နာခံရသူ” ဟူ၍ ရှိသည်။

မူဝါဒတရပ်အား အကောင်အထည်ဖော်ရာတွင် အဆိုပါမူဝါဒကြောင့် ထိခိုက်နစ်နာသူများအတွက် ပြန်လည်ကုစားပေးရသည့်အစီအမံများကိုပါ ရေးဆွဲရသည်။

ဆိုလိုချင်သည်က မူဝါဒရှိလျှင်၊ မူဝါဒရေးဆွဲလျှင် “မူဝါဒ၏သားကောင်များ” ရှိနေသကဲ့သို့ မူဝါဒထုတ်ပြန်မှုမရှိဘဲ မူဝါဒလေဟာနယ်ဖြစ်နေလျှင်လည်း “မူဝါဒလေဟာနယ်ဖြစ်မှုကြောင့်ပင် သား ကောင်” များ ရှိနေတတ်သည်ကို သတိပြုမိစေလိုရင်းဖြစ်ပေသည်။

မူဝါဒပိုင်းဆိုင်ရာလေဟာနယ်ဖြစ်မှုအားကုစားခြင်း

မူဝါဒပိုင်းဆိုင်ရာ လေဟာနယ် ဖြစ်မှုအား ကုစားရန်အတွက် ULA/AA သည် “ကျင့်ဝတ်သိက္ခာ” ပိုင်းကို ထိသာမြင်သာ ဇောင်းပေးပြောဆိုလာသည်ကို တွေ့ရသည်။

“မူဝါဒပိုင်းဆိုင်ရာ လေဟာနယ်ဖြစ်မှု” အပေါ် ခုသာခံသာ ဖြစ်စေရန် အတွက် ULA/AA သည် အုပ်ချုပ်ရေးနှင့်တရား စီရင်ရေးပိုင်းများတွင် “ကျင့်ဝတ်သိ က္ခာပိုင်း” ကို ကြေညာချက်များ၊ အင် တာဗျူးများတွင် ပိုမိုထုတ်ဖော်ပြောဆိုလာသည်ကို တွေ့လာရသည်။

မူဝါဒပိုင်းဆိုင်ရာ စံတန်ဖိုးများမထုတ်ပြန်နိုင်သေးချိန်တွင်ဤသို့ “ကျင့်ဝတ်သိက္ခာပိုင်း” ဆိုင်ရာ စံနှုန်းများအား တာဝန်ခံမှုရှိစွာ ထုတ်ဖော်ပေးမှုမှာ ပြည်သူလူထုအတွက် အကျိူးရှိနေသည်။

“ကျင့်ဝတ်သိက္ခာပိုင်း” အား ဂရုမစိုက်ဘဲ “ပူးပေါင်းဆောင်ရွက်ရန် စိတ်အားထ က်သန်မှု” တခုသာ အားကောင်းနေခဲ့သည့် ULA/AA အဖွဲ့ဝင်များအတွက်လည်း အထိန်းအကွပ်ကို ဖြစ်စေသည်။

“ကျင့်ဝတ်သိက္ခာ” ပိုင်းကို ချိုးဖောက်ကာ လုပ်ပိုင်ခွင့် အာဏာအားအလွန်အကျွံသုံးနေသည့် အဖွဲ့ဝင်များအတွက် “ကျင့်ဝတ်သိက္ခာ” နှင့်ဆိုင်သောစကား များသည် နားထောင်စရာကောင်းမည် မဟုတ်ပေ။

တရားမျှတမှု၊ တန်းတူညီမျှမှု၊ လွတ်လပ်မှု၊ ဒီမိုကရေစီဆိုသည့် “ကျင့်ဝတ်သိက္ခာ” စံနှုန်းများသည် လူမျိုးစုများ၊ စုံလင်ကွဲပြားသည့် ဘာသာရေးအုပ်စုများ ဆိုင်ရာမူဝါဒတွင်သာမဟုတ် မည်သည့်နယ်ပယ်တွင်မဆို၊ မည်သည့်မူဝါဒတွင်မဆို ထည့်သွင်းရမည့် စံနှုန်းများလည်း ဖြစ်သည်။

ULA/AA ၏ ၁၅ ကြိမ်မြောက်၊ တပ်တော်နေ့တပ်မှူးချုပ်သဝဏ်လွှာစာမျှက်နှာ ၅၊ အပိုဒ် ၁ တွင်လည်း “မိမိတို့သည် လွတ်လပ်မှု၊ တရားမျှတမှုနှင့် အမှန်တရားကိုလိုလားသူများဖြစ်ပြီး ချစ်ခြင်းမေတ္တာ၊ ရဲရင့်မှု၊ သဘောထားကြီးမှု၊ အခြေခံတန်ဖိုးများ၊ အာရက္ခပြည်သူလူထုနှင့်သမိုင်း၏တောင်းဆိုချက်အရဆက်လက်ပြီး တိုက်ပွဲဝင် တည်ဆောက်သွားမည်ဖြစ်ကြောင်း’‘ ဖော်ပြထားသည်။

အဆိုပါ “ကျင့်ဝတ်သိက္ခာ” စံနှုန်းများကို ပြည်သူလူထုအလွှာအသီးသီးထံ ULA/AA အဖွဲ့ဝင်များအနေဖြင့် သတင်းစကားပါးမှု ရှိသင့်ပေသည်။ ပြီးလျှင်ပြည်သူလူထုထံမှ “မှတ်ချက်” ကိုပြန်လည်နားထောင်သင့်သည်။

“ကျင့်ဝတ်စံနှုန်း” နှင့်ပတ်သက်၍ ရပ်ရွာ အောက်ခြေပြည်သူလူထုထံ သတင်းစကားပါးမှုနှင့် အောက်ခြေပြည်သူလူထုထံမှ “မှတ်ချက်” ကိုပြန်လည်နားထောင်မှုတွင် မည်မျှအားစိုက်ထားသနည်းဆိုသည့်အချက်က အချို့ပြည်သူများ၏ ဒွိဟခံစားချက်နှင့်အကြောက်တရားကို ဖြေလျော့နိုင်မည်ဖြစ်ပြီး လူမျိုးစုများနှင့်စုံလင်ကွဲပြားသောဘာသာရေးအုပ် စုများထဲမှ အချို့သောစိုးရိမ်မှုကိုလည်း ဖြေဖျောက်ပေးနိုင်မည်ဖြစ်သည်။

လက်ရှိအနေအထားတွင် လုံခြုံရေးအခြေအနေအရလူသူစုဝေးကာ သတင်းစကားပါးမှုကို မပြုလုပ်နိုင်သော်လည်း ထိုသတင်းစကားများ ပေးရန်အတွက် လူအနည်းငယ်ဖြင့် စကားဝိုင်းငယ်များကို ရပ်ရွာအဆင့်တွင် အချိန်ခွဲ၊ နေရာခွဲ၍ ဆောင်ရွက်နိုင်သော အေဂျင့်များ သည် ULA/AA ထဲတွင် ရှိနေပြီဖြစ်သည်။

ဤသို့ဖြင့်မူဝါဒပိုင်းဆိုင်ရာလေဟာနယ်ဖြစ်မှုအား ကုစားထားနိုင်သည်။

အာရက္ခပြည်၏လူမျိုးစုများ၊ စုံလင်ကွဲပြားခြားနားသောဘာသာရေးအုပ်စုများအနေဖြင့် ULA/AA ၏ အုပ်ချုပ်ရေးဆိုင်ရာ ဖြစ်စဉ်များတွင် ပါဝင်ပတ်သက်လိုသော မူလဘူတအခြေခံ နိုင်ငံရေးဆန္ဒက ရှိကြပေသည်။

သို့သော်လူနည်းစုရပ်ဝန်းဖြစ်စေ၊ လူများစုရပ်ဝန်းဖြစ်စေ ULA/AA ၏ အခင်းအကျင်းတရပ်အပေါ်တွင် “သဘောကျသူလည်းရှိမည်။ သဘောမကျသူလည်းရှိမည်။ စဉ်းစားချင့်ချိန်လိုသူလည်းရှိမည်” ဖြစ်သည်။

လူသားသဘာဝအရ “မိမိအားသဘောကျသူကို နှစ်လိုကြမည်ဖြစ်သည်။ မိမိအားသဘောမကျသူကို စိတ်ပျက်မည်ဖြစ်သည်။ စဉ်းစားချင့်ချိန်လိုသူအပေါ်တွင် အားမလိုအားမရဖြစ်ကြမည်” ဖြစ် သည်။

ULA/AA အနေဖြင့် နိုင်ငံရေးဦးဆောင်မှု အခင်းအကျင်းတွင် “ကျင့်ဝတ်သိက္ခာ” အရသဘောကျသူကိုရော့၊ သဘောမကျသူကိုရော၊ စဉ်းစားချင့်ချိန်လိုသူကိုရော အားလုံးအပေါ်တွင် ဦးဆောင်မှုနှင့် သဘောထားကြီးမှုပေးနေရမည်ဖြစ်သည်။ သဘောမကျသူ၊ စဉ်းစားချင့်ချိန်လိုသူများထဲတွင် “မူဝါဒအားဆာလောင်သူ”၊ “မူဝါဒအားသိလိုသူ”၊ “ကျင့်ဝတ်သိက္ခာပိုင်းကိုတောင်းဆိုသူ” များလည်း ရှိနေမည်ဖြစ်ပေသည်။

သို့ဖြစ်၍ ULA/AA အဖွဲ့ဝင်အချို့အနေဖြင့် လူမျိုစုများထဲတွင်လည်းကောင်း၊ မတူကွဲပြားသောဘာသာရေးအုပ်စုများထဲတွင်လည်းကောင်း၊ ရပ်ရွာအောက်ခြေပြည်သူများထဲတွင်လည်းကောင်း မိမိအား သဘောမကျသူများနှင့် စဉ်းစားချင့်ချိန်လိုသူများကို “ဆန့်ကျင်သူများ” အဖြစ်တဖက်စည်းထဲသို့ အလျင် စလိုမတွန်းထုတ်မိရန်လည်း လိုအပ်ပေသည်။

PrevPreviousစစ်တွေမှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီအခမ်းအနားပြုလုပ်
Nextမြေပုံမြို့နယ်မှ ကုန်စျေးနှုန်းတချို့Next
Previous Post

စစ်တွေမှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီအခမ်းအနားပြုလုပ်

Next Post

မြေပုံမြို့နယ်မှ ကုန်စျေးနှုန်းတချို့

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

​ဓာတ်ပုံ - APM

ကျောက်တော်ရှိရွာနှစ်ရွာမှာ ငှက်ဖျားပိုးတွေ့လို့ အာရက္ခကျန်းမာရေးဌာန စစ်ဆေး

July 27, 2026

ကပ်ဘေးစုံအကျပ်အတည်းကြား မြေယာပဋိပက္ခများ

July 27, 2026
​Photo- APM

ပုဏ္ဏားကျွန်းမှာ ခမီရိုးရာယာဟင်းကိုင်ပွဲကျင်းပ

July 27, 2026

ထိုင်းမှာ မူးယစ်ဆေးပါတီလုပ်နေတဲ့ မြန်မာနဲ့တရုတ်နိုင်ငံသားတွေကို ဖမ်းဆီး

July 27, 2026

အီရတ်ဝန်ကြီးချုပ် စစ်လေယာဉ်တွေရံပြီး တဟီရန်ရောက်

မလေးရှားမှာ မြန်မာအပါအဝင် နိုင်ငံခြားသား တရာ့ကိုးဦး ဖမ်းခံရ

စာမေးပွဲမသမာမှုပြဿနာကို ဖြေရှင်းဖို့ CJP အဖွဲ့နဲ့အိန္ဒိယအစိုးရဆွေးနွေးမယ်

သံတွဲမြို့ကို အာဏာသိမ်းစစ်တပ် ထပ်လေကြောင်းတိုက်ခိုက်

သံတွဲမှာစစ်တပ်လေကြောင်းတိုက်ခိုက်လို့ လေးဦးဒဏ်ရာရ

ခရိုင်သုံးခုက ယစ်မျိုးကုန်တွေကို FDA ကွင်းဆင်းစစ်ဆေး

Releated Post

ကိုးကား/ဓာတ်ပုံ - World News

အီရတ်ဝန်ကြီးချုပ် စစ်လေယာဉ်တွေရံပြီး တဟီရန်ရောက်

July 24, 2026

မလေးရှားမှာ မြန်မာအပါအဝင် နိုင်ငံခြားသား တရာ့ကိုးဦး ဖမ်းခံရ

July 24, 2026

စာမေးပွဲမသမာမှုပြဿနာကို ဖြေရှင်းဖို့ CJP အဖွဲ့နဲ့အိန္ဒိယအစိုးရဆွေးနွေးမယ်

July 24, 2026

သံတွဲမြို့ကို အာဏာသိမ်းစစ်တပ် ထပ်လေကြောင်းတိုက်ခိုက်

July 24, 2026
Phpto - APM

သံတွဲမှာစစ်တပ်လေကြောင်းတိုက်ခိုက်လို့ လေးဦးဒဏ်ရာရ

July 24, 2026
Photo - APM

ခရိုင်သုံးခုက ယစ်မျိုးကုန်တွေကို FDA ကွင်းဆင်းစစ်ဆေး

July 24, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page