Border News Agency
လောင်းလုံး၊ စက်တင်ဘာ ၁၁။
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဒရုန်းနဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ သံမဏိပြောက်ကျားတပ်ဖွဲ့ (SBF)က စက်တင်ဘာလ ၁၁ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
ပြင်းထိန်ရွာဘက်ကို စက်တင်ဘာလ ၉ ရက်နဲ့ ၁၀ ရက်နေ့တွေမှာထွက်လာတဲ့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ဒရုန်းဗုံးသီးအလုံးသုံးဆယ်ကျော်နဲ့ အကြိမ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုတွေကြောင့် အာဏာသိမ်းစစ်တပ်ဘက်က ဗိုလ်မှူးကြီးကျော်ဖြိုးအောင် အပါအဝင် နှစ်ဦးထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်းများပြားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကို သံမဏိပြောက်ကျားတပ်ဖွဲ့ (SBF)၊ အထူးပြောက်ကျားတပ်ဖွဲ့ (SGF)နဲ့ ကျောင်းသားတော်လှန်ရေးတပ် (SRF) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။
အဲဒီတိုက်ပွဲတွေကြောင့် ပြင်းထိန်ရွာလမ်းပိုင်းမှာ အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ အသွားအလာ ဂရုစိုက်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေကသတိပေးထားပါတယ်။










