Border News Agency
ကမ္ဘောဒီးယား၊ စက်တင်ဘာ ၁၂။
အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော်အကြီးအကဲဟွန်ဆင်နဲ့ စက်တင်ဘာလ ၁၁ ရက်မှာတွေ့ဆုံပြီး ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံကြဖို့ဆွေးနွေးခဲ့ပါတယ်။
အဲဒီတွေ့ဆုံပွဲမှာ ကမ္ဘောဒီးယား ခေတ္တ နိုင်ငံတော်အကြီးအကဲ ဟွန်ဆင်က မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်တိုးတက်မှုတွေကို မြင်တွေ့နေရပြီး ချစ်ကြည်ရေး ခရီးစဉ်မှတဆင့် နှစ်နိုင်ငံကုန်သွယ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုမြှင့်တင်နိုင်မယ်လို့ပြောခဲ့တာပါ။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကလည်း ကမ္ဘောဒီးယားနိုင်ငံရဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူစဉ် ကာလအတွင်း မြန်မာနိုင်ငံအပေါ် ဖေးမကူညီခဲ့မှုတွေကို ကျေးဇူးတင်ကြောင်းနဲ့ နှစ်နိုင်ငံလွှတ်တော်တွေကြား ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။
မိမိတို့အနေနဲ့ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု၊ပူးပေါင်းဆောင်ရွက်မှုတွေမြှင့်တင်နိုင်ရေးအတွက် ရင်းနှီးပွင့်လင်းစွာနဲ့ ဆွေးနွေးဆောင်ရွက်သွားမှာဖြစ်ပါတယ်လို့ ကမ္ဘောဒီးယား ခေတ္တ နိုင်ငံတော်အကြီးအကဲဟွန်ဆင်ကပြောပါတယ်။
အဲဒီအပြင် နှစ်နိုင်ငံကုန်သွယ်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍတွေအပြင် အွန်လိုင်းငွေကြေးလိမ်လည်မှုနဲ့ လောင်းကစားမှုတွေပပျောက်ရေးဆိုင်ရာကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
























