Border News Agency
တောင်ကုတ်၊ စက်တင်ဘာ ၁၂။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ တောင်ကုတ်မြို့နယ်၊ဝက်ကျိတ်အုပ်စုရှိ ရွာသစ်ကေကျေးရွာကို စက်တင်ဘာလ ၁၁ ရက်၊ညနေ ၄ နာရီအချိန်ခန့်မှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် အသက်ခြောက်ဆယ်အရွယ်ဦးတင်မောင်သေဆုံးခဲ့ရပြီး အသက်ခုနှစ်ဆယ်သုံးနှစ်အရွယ် ဦးမင်းဆွေမှာလည်းဒဏ်ရာရသွားခဲ့တာပါ။
အဲဒီတောင်ကုတ်မြို့နယ်အတွင်းက တရဂူကျေးရွာအနီးရှိ တောင်တန်းပေါ်သို့လည်း အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့ပါသေးတယ်။
အဲဒီအပြင် ဂွမြို့နယ်ကိုလည်း စက်တင်ဘာလ ၁၀ ရက်နေ့က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ကျိန္တလီမြို့၊ အမှတ် (၁) ရပ်ကွက်မှ အသက်ရှစ်ဆယ်တနှစ်အရွယ် ဦးဦးကျော်ခိုင်သေဆုံးသွားခဲ့ပြီးအမှတ် (၂) ရပ်ကွက်မှ အသက်လေးဆယ်ကိုးနှစ်အရွယ် ဦးချစ်စန်းမောင်မှာ ဗုံးစထိမှန်ကာဒဏ်ရာရသွားခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေရှိ အရပ်သားတွေနေထိုင်တဲ့နေရာတွေကို လေကြောင်း၊လက်နက်ကြီးတွေနဲ့ ရွယ်ရည်ချက်ရှိရှိပစ်ခတ်တိုက်ခိုက်နေတာကြောင့် အရပ်သားတွေ သေဆုံး၊ဒဏ်ရာရနေကြရပါတယ်။
အဲဒါကြောင့် ပြည်သူတွေအနေနဲ့ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းနဲ့ ရေကြောင်းအန္တရာယ်ကို သတိထားကြဖို့ အာရက္ခတပ်တော်ကထပ်ပြီး အသိပေးထားပါတယ်။











