Border News Agency
အမေရိကန်၊စက်တင်ဘာ ၂၀။
UFC 331 ပြိုင်ပွဲရဲ့ ခေါင်တွဲ ဖလိုင်းဝိတ် ချန်ပီယံ လုပွဲတွင် ဂျော့ရှုဝါ ဗန်က ပန်တိုဂျာကို ဒိုင်အဆုံးအဖြတ်ဖြင့် အနိုင်ရရှိကာ ချန်ပီယံ ခါးပတ်ကို ကာကွယ်နိုင်ခဲ့ပါတယ်။
ဗန်ဟာ ချန်ပီယံဆုကို ဒုတိယအကြိမ်မြောက် ကာကွယ်နိုင်ခဲ့တာ ဖြစ်ပြီး ပန်တိုဂျာနဲ့ တွေ့ဆုံတဲ့ နှစ်ပွဲစလုံး အနိုင်ရရှိခဲ့တာပါ။
အဲဒီ နိုင်ပွဲနဲ့အတူ ဗန်ဟာ UFC မှာ အနိုင်ပွဲ ဆက်တိုက် ၈ ပွဲအထိ ရရှိခဲ့တဲ့အတွက် UFC ဖလိုင်းဝိတ် သမိုင်းမှာ ပွဲဆက်တိုက် အနိုင်ရရှိမှု အများဆုံး ထိပ်တန်း ဖိုက်တာ ဖြစ်လာခဲ့ပါတယ်။

















