Border News Agency
မန္တလေး၊စက်တင်ဘာ ၂၁။
ဗန်းမော်နဲ့ ရွှေကူမြို့ဘက်မှ ဧရာဝတီမြစ်အတိုင်းစုန်ဆင်းလာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ သင်္ဘောအုပ်စုဟာ မတ္တရာမြို့နယ်၊ ဥဒိန်ရွာအနောက်ဘက်ညအိပ်ရပ်နားခဲ့ပြီးနောက် စက်တင်ဘာလ ၂၁ ရက်၊ဒီနေ့ မနက်ပိုင်းက မန္တလေးမြို့သို့ ရောက်ရှိလာပါတယ်။
အဲဒီအာဏာသိမ်းစစ်တပ်ရဲ့ ရေယာဉ်အုပ်စုမှာတိုက်ခိုက်ရေးသင်္ဘောတစီးအပါအဝင် ဖလပ်သင်္ဘောတွေ၊နောက်တွန်းသင်္ဘောတွေနဲ့ကမ်းထိုးတိုက်ခိုက်ရေးသင်္ဘောအများအပြားပါဝင်ပါတယ်။
ဧရာဝတီမြစ်ကြောင်းအတိုင်းစုန်ဆင်းလာတဲ့ သင်္ဘောအုပ်စုဟာ ဒီနေ့ မနက် ၁၁ နာရီခွဲခန့်အချိန်က မန္တလေးဂေါ်ဝိန်ဆိပ်ကမ်းသို့ စတင်ကမ်းကပ်ဆိုက်ကပ်နေပြီလို့ မြေပြင်သတင်းရင်းမြစ်တွေရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
သင်္ဘောတွေမန္တလေးသို့ ရောက်ရှိဆိုက်ကပ်လာတဲ့အတွက် မြစ်ကြောင်းတလျှောက်နဲ့ ဆိပ်ကမ်းအနီးဝန်းကျင်က ဒေသခံတွေသတိထားကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။












