Border News Agency
ပလက်ဝ၊ စက်တင်ဘာ ၂၅။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပလက်ဝခရိုင်မှာ ခရိုင်ပါတီကော်မတီဝင်တွေနဲ့ ပလက်ဝခရစ်ယာန်အသင်းတော်တို့ စက်တင်ဘာလ ၂၄ ရက်နေ့က တွေ့ဆုံခဲ့ကြပါတယ်။
အဲဒီတွေ့ဆုံပွဲသို့ ခရိုင်ပါတီကော်မတီဝင်တွေ၊ ဌာနဆိုင်ရာတာဝန်ရှိသူတွေနဲ့ ပလက်ဝ-ခရစ်ယာန်အသင်းတော်ဆယ့်ခြောက်သင်းမှ ပါစတာ၊ သင်းအုပ်ဆရာဆယ့်ရှစ်ဦးတို့ တက်ရောက်ခဲ့ကြတာပါ။
တွေ့ဆုံပွဲမှာ ပလက်ဝခရိုင်အတွင်းရှိ ဘာသာရေးနဲ့ ရိုးရာဓလေ့ထုံးစံတွေကို ဘေးကင်းလုံခြုံစွာနဲ့ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။
တွေ့ဆုံပွဲအပြီးမှာတော့ ပလက်ဝခရိုင်ပါတီကော်မတီက ပလက်ဝခရစ်ယာန်အသင်းတော်တွေကို ထောက်ပံ့သည့်အနေနဲ့ အသင်းတော် တသင်းကို ငွေကျပ်ငါးသိန်းစီလှူဒါန်းခဲ့ပါတယ်။














