Border News Agency
ဖာပွန်၊စက်တင်ဘာ ၂၈။
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) နယ်မြေ၊ဖာပွန် (မူတြော်) ခရိုင်အတွင်းဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ အာဏာသိမ်းစစ်တပ်ဆီမှ လက်နက်ခုနှစ်လက်ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ စက်တင်ဘာလ၂၇ ရက်နေ့ကထုတ်ပြန်ပါတယ်။
ကမမောင်း – ကတိုင်တိလမ်းပိုင်းဘုရားကုန်းရှိ အာဏာသိမ်းစစ်တပ်ရဲ့စစ်ကြောင်းကို စက်တင်ဘာလ ၂၅ ရက်နေ့က KNLA ပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လက်နက်ငယ်ခုနှစ်လက်သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။
KNLA တပ်ရင်း (၁၀၂) ပူးပေါင်းတပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်ကလည်း အဲဒီလမ်းပိုင်းရှိအာဏာသိမ်းစစ်တပ်ကိုတိုက်ခိုက်ခဲ့ရာ လက်နက်သုံး လက်သိမ်းပိုက်ရရှိခဲ့သေးတာပါ။
စက်တင်ဘာလဝက်အတွင်း အာဏာသိမ်းစစ်တပ်နဲ့ တိုက်ပွဲပေါင်းလေးဆယ်ခုနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှဗိုလ်ကြီးအဆင့်အပါအဝင် နှစ်ဆယ့်နှစ်ဦး သေဆုံးကာ ဒဏ်ရာရရှိသူတွေလည်းရှိပါတယ်။
တိုက်ပွဲတွေမှာအထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ တပ်မဟာ (၅) နယ်မြေအတွင်းရှိ အရပ်သားပြည်သူတွေနေထိုင်ရာနေရာတွေကို လေကြောင်း၊ လက်နက်ကြီး၊ဒရုန်းတွေနဲ့ရမ်းသန်းတိုက်ခိုက်ခဲ့တာကြောင့်နေအိမ်တွေပျက်စီးခဲ့ရပါတယ်။










