Border News Agency
ဂါဇာ၊ အောက်တိုဘာ ၂။
ဂါဇာမြို့ Yarmouk Square အနီးရှိ Al Taj 3 အဆောက်အအုံနဲ့လူနေအိမ်တွေကို အစ္စရေးကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးခဲ့ရတဲ့ပါလက်စတိုင်းပြည်သူတရာ့ငါးဦးရဲ့ရုပ်အလောင်းတွေကို အောက်တိုဘာလ ၁ ရက်နေ့ကစုပေါင်း ဈာပနာပြုလုပ်ခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊အောက်တိုဘာလ ၂၅ ရက်နေ့ကဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီအချိန်အပျက်အစီးတွေအောက်က ရုပ်အလောင်းတွေကို တူးဖော်ထုတ်ယူဖို့ နည်းပညာနဲ့စက်ကိရိယာအခက်အခဲတွေကြောင့်မဖြစ်နိုင်ခဲ့ဘူးလို့ ဂါဇာအရပ်ဘက်ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက ပြောထားပါတယ်။
လက်ရှိမှာတော့အပျက်အစီးတွေအောက်ကနေ ပြန်လည်တူးဖော်ရရှိခဲ့တဲ့ ရုပ်အလောင်းတွေကိုမိသားစုဝင်တွေနဲ့ ပြည်သူတွေက ဂါဇာမြို့မြောက်အနောက်ဘက်ရှိ Sheikh Radwan သုသာန်သို့ ပို့ဆောင်ပြီး စနစ်တကျသင်္ဂြိုဟ်ခဲ့ကြတာဖြစ်ပါတယ်။
အစ္စရေးရဲ့လူမျိုးတုံးသတ်ဖြတ်မှုစစ်ပွဲအတွင်း အပျက်အစီးတွေအောက်ကနေ ရုပ်အလောင်းအရေအတွက်အများအပြားကို ပြန်လည်တူးဖော်နိုင်ခဲ့တဲ့ အကြိမ်တွေထဲမှာ ခုအကြိမ်ဟာငါးကြိမ်မြောက် အရေအတွက်အများဆုံးတူးဖော်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။
ဆာဗာနဲ့ တူးဖော်ရေးစက်ကိရိယာအကူအညီတွေလိုအပ်နေပေမယ့်လည်း ဒေသတွင်းပိတ်ဆို့ခံထားရမှုတွေကြောင့် အရပ်ဘက်ကာကွယ်ရေးအဖွဲ့တွေမှာ အခက်အခဲများစွာကြုံတွေ့နေရဆဲဖြစ်ပါတယ်။














