Border News Agency
မင်းတပ်၊ အောက်တိုဘာ ၃။
ချင်းပြည်၊ မင်းတပ်မြို့ကို အောက်တိုဘာလ ၃ ရက်၊ဒီနေ့ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
မင်းတပ်မြို့ပေါ်ရှိနေရာနှစ်ခုကို ဒီနေ့ နေ့လည် ၁ နာရီ ၅၀ မိနစ်အချိန်ခန့်က မကွေးလေတပ်မှတက်လာတဲ့ တိုက်လေယာဥ်နှစ်စီးကဗုံးလေးလုံးနဲ့တိုက်ခိုက်ခဲ့တာပါ။
အဲဒီလေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ပျက်စီးမှုတွေအခြေအနေအသေးစိတ်ကိုတော့ မသိရသေးပါဘူး။
အဲဒီအပြင်အောက်တိုဘာလ ၂ ရက်နေ့ကလည်း မင်းတပ်မြို့အနီးတစ်ဝိုက်ကို မိတ္ထီလာရှမ်းတဲလေတပ်မှတက်လာတဲ့ အာဏာသိမ်းစစ်တပ်မှ တိုက်လေယာဥ်တစီးနဲ့တိုက်ခိုက်ခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ မကွေးတိုင်း၊ လောင်းရှည်နဲ့ ဆောမြို့နယ်တို့မှာလည်း အင်အားအလုံးအရင်းနဲ့ လှုပ်ရှားတပ်ဖြန့်မှုတွေပြုလုပ်နေပြီး မဆာတွီကျေးရွာကိုခြေကုပ်ယူကာ ချင်းပြည်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ပြန်လည်စိုးမိုးထိန်းချုပ်နိုင်ဖို့ အပြင်းအထန်ကြိုးပမ်းနေတာဖြစ်ပါတယ်။















