Border News Agency
နောင်ချို၊ အောက်တိုဘာ ၂၁။
နောင်ချိုမြို့နယ်၊သာစည်ကျေးရွာမှာ အောက်တိုဘာလ ၁၆ ရက်၊နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ပူးပေါင်းအဖွဲ့မှ ငွေကျပ်နှစ်ဒသမနှစ်ရာ့ရှစ်ဆယ်ငါးဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြားတွေဖမ်းဆီးရမိခဲ့ပါတယ်။
ကွတ်ခိုင်မှ ရန်ကုန်သို့ သန်းထွန်းအောင်မောင်းနှင်ပြီး အေးမင်းထွေးလိုက်ပါလာတဲ့ MITSUBISHI FUSO အမျိုးအစားမော်တော်ယာဉ်ကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ပူးပေါင်းအဖွဲ့မှစစ်ဆေးရှာဖွေခဲ့တာပါ။
အဲဒီလိုရှာဖွေစစ်ဆေးရာမှ ယာဉ်ပေါ်မှာသိုဝှက်သယ်ဆောင်လာတဲ့ ငွေကျပ်နှစ်ဒသမနှစ်ရာ့ရှစ်ဆယ်ငါးဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြား လေးဆယ်ငါးဒသမခုနှစ်သိန်းနဲ့ လက်ကိုင်ဖုန်းသုံးလုံးတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။
အဲဒီအပြင် အောက်တိုဘာလ ၁၈ ရက်နေ့က လည်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ စိတ်ကြွဆေးပြားတွေ သယ်ဆောင်ရောင်းဝယ်ရာမှာပူးပေါင်းပါဝင်သူ လီဆာ(ခ)ယောလှ(ခ)ရှမ်းလေးကို မိုးကုတ်မြို့၊ မင်းတံတားမှာမော်တော်ယာဉ်တစီး၊ မြန်မာငွေကျပ်တရာ့ကိုးဆယ်သိန်းနဲ့ လက်ကိုင်ဖုန်းသုံးလုံးထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။
ဖမ်းဆီးရမိခဲ့သူ အသက်လေးဆယ်တနှစ်အရွယ် သန်းထွန်းအောင်၊ အသက်နှစ်ဆယ်အရွယ် အေးမင်းထွေးနဲ့ အသက်သုံးဆယ်တနှစ်အရွယ် လီဆာ(ခ)ယောလှ(ခ)ရှမ်းလေးတို့ကို နောင်ချိုမြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသောဆေးဝါးဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားပါတယ်။










