Border News Agency
ချင်းမိုင်၊ အောက်တိုဘာ ၂၀။
ထိုင်းနိုင်ငံမြောက်ပိုင်း၊ချင်းမိုင်မြို့၊ဆန်ပါတောင်မြို့နယ်ရှိ အလုပ်သမားအဆောင်တခုမှာ မူးယစ်ဆေးဝါး သုံးစွဲနေတယ်ဆိုတဲ့ သံသယနဲ့ မြန်မာနိုင်ငံသားလေးဦးကို ထိုင်းရဲတပ်ဖွဲ့က အောက်တိုဘာလ ၁၉ ရက်နေ့မှာ ဖမ်းဆီးလိုက်ပါတယ်။
ဆန်ပါတောင် ရဲတပ်ဖွဲ့ဟာ တိုင်ကြားချက်အရ ယုဝကျေးရွာခွဲရှိ မြန်မာအလုပ်သမား အဆောင်တွေကို ဝင်ရောက်ရှာဖွေရာမှ မက်သာဖက်တမင်း မူးယစ်ဆေး သုံးစွဲသူတွေကိုဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ဖမ်းဆီးရမိသူလေးဦးထဲကတဦးကို ပြန်လည်ထူထောင်ရေးစခန်းသို့ ပို့ဆောင်ခဲ့ပြီး ကျန်သူတွေကိုဥပဒေအတိုင်း အရေးယူနိုင်ဖို့ ဆန်ပါတောင် ရဲစခန်းသို့ လွှဲပြောင်းထားပါတယ်။
ထိုင်းအစိုးရက တရားမဝင် နေထိုင်သူတွေကို ဆက်တိုက် ဖမ်းဆီးနေတာကြောင့် ထိုင်းရောက် မြန်မာတွေအနေနဲ့ စာရွက်စာတမ်း ဗီဇာတွေကို သတ်မှတ်ချက်အတိုင်းစနစ်တကျ ပြုလုပ်ထားကြဖို့ အလုပ်သမားအရေး ကူညီသူတွေက သတိပေးထားပါတယ်။








