Border News Agency
မောင်တော၊ အောက်တိုဘာ ၂၁။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့မောင်တောခရိုင်အတွင်းရှိ မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ ဟိန္ဒူရိုးရာ သျှရီ သျှရီ စန္ဒီမယ်တော် ဒူရ်ဂါပူဂျာပွဲတော်ကို အောက်တိုဘာလ ၁၆ ရက်နေ့ကစပြီး စည်ကားသိုက်မြိုက်စွာကျင်းပနေပါတယ်။
အဲဒီပွဲတော်ကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ခရိုင်လူမျိုးစုရေးရာ ကော်မတီက ဦးစီးကျင်းပတာဖြစ်ပြီး ဟိန္ဒူဘာသာဝင်တွေ၊ ဒေသခံပြည်သူတွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ ပူးပေါင်းပါဝင်ဆင်နွှဲနေကြတာ ဖြစ်ပါတယ်။
ပွဲတော်အတွင်း မယ်တော်အား ကြိုဆိုပူဇော်တာ၊ ဘာသာရေးဆိုင်ရာ အခမ်းအနားတွေနဲ့ ရိုးရာဆိုင်းဗုံတီးမှုတ်မှုတွေကို ပြုလုပ်နေကြတာဖြစ်ပါတယ်။
အာရက္ခဒေသမှာ ပြီးခဲ့တဲ့နှစ်တွေက အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပွဲတော်ကို အကျဉ်းချုံးပဲ ကျင်းပခဲ့ကြပါတယ်။
ခု အာရက္ခပြည်သူ့အစိုးရအုပ်ချုပ်မှုအောက်မှာ ဘာသာပေါင်းစုံ လွတ်လပ်စွာကိုးကွယ်ခွင့်ရရှိကာ ဒီခုနှစ်မှာ ပိုမိုစည်ကားစွာ ကျင်းပနိုင်ခဲ့တာဖြစ်ပါတယ်။
















