Border News Agency
ရနောင်း၊ အောက်တိုဘာ ၂၁။
ထိုင်းနိုင်ငံ၊ရနောင်းမြို့မှာ ပြစ်ဒဏ်ကျခံပြီးသွားတဲ့ မြန်မာနိုင်ငံသားတရာ့သုံးဆယ့်ခုနှစ်ဆယ်သုံး ဦးကို ထိုင်းအာဏာပိုင်တွေက အောက်တိုဘာလ ၂၀ ရက်နေ့မှာ မြန်မာနိုင်ငံဘက်ကို ပြန်လည်ပို့ဆောင်လိုက်ပါတယ်။
ပြန်လည်ပို့ဆောင်ခံရသူတွေဟာ ထိုင်းနိုင်ငံအတွင်း ပြစ်မှုအမျိုးမျိုးနဲ့ ထောင်ဒဏ်ကျခံပြီးနောက် ရနောင်း ထိန်းသိမ်းရေးစခန်းမှာ ဆက်လက်ထိန်းသိမ်းခံထားရသူတွေဖြစ်ပါတယ်။
အဲဒီပြန်ပို့ခံရသူတွေထဲ အမျိုးသား တရာ့တဆယ့်ငါးဦး၊ အမျိုးသမီးနှစ်ဆယ့်နှစ်ဦးနဲ့ ကလေးနှစ်ဦး ပါဝင်ပါတယ်။
အဲဒီမြန်မာနိုင်ငံသားတွေကို အန်ဒမန်စစ်ဆေးရေးဂိတ် ဆိပ်ခံတံတားကနေတဆင့် ရနောင်း-ကော့သောင်း ရေလမ်းကြောင်းအတိုင်း ပြန်လည်ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။
ထိုင်းနိုင်ငံ ရနောင်းလူဝင်မှုကြီးကြပ်ရေးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလ ၂၀ ရက်နေ့ထိ ပြစ်ဒဏ်ကျခံပြီးသွားတဲ့ မြန်မာနိုင်ငံသား တထောင်လေးရာနီးပါးကို မြန်မာနိုင်ငံဘက်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီးဖြစ်ပါတယ်။










