Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး နိုင်ငံတကာ နိုင်ငံရေး သတင်း

​​အမျိုးသမီးတွေ လွတ်လပ်စွာထုတ်ဖော်ခွင့်အပေါ် အီရန်အစိုးရဖိနှိပ်နေ

Author picture

By

Saw Shin Nyo
Reading Time: 2 mins read
0
A A
0
SHARES
0
VIEWS
Share on FacebookShare on Twitter

Border News Agency

အီရန်၊အောက်တိုဘာ ၂၁။

​လူမှုကွန်ရက်ဆိုရှယ်မီဒီယာမှာ တမန်တော်မိုဟာမက်ကို စော်ကားတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ အသက်နှစ်ဆယ်သုံးနှစ်အရွယ် စာရင်းကိုင်ကျောင်းသူနာဂျ်မိုက်အာမီနီ (Najmeh Amini) ကို အီရန်အာဏာပိုင်တွေ သေဒဏ်ချလိုက်တယ်လို့ ဂါဒီယန်းသတင်းစာက အောက်တိုဘာ လ ၁၄ ရက်နေ့ဖော်ပြပါတယ်။

အဲ​ဒါဟာ အစိုးရအနေနဲ့ ဆန့်ကျင်သူတွေကိုနှိမ်နင်းဖို့အတွက် သေဒဏ်ကိုလက်နက်တခုအဖြစ် အသုံးချနေတာလို့ လူ့အခွင့်အရေးအဖွဲ့တွေက သတိပေးနေကြပါတယ်။

အာမီနီဟာ ၂၀၂၆ ခုနှစ်၊ဖေဖော်ဝါရီလက အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာပါဝင်ခဲ့ပါတယ်။

ဖာတာ (Fata) လို့ခေါ်တဲ့ အီရန်ဆိုက်ဘာရဲတပ်ဖွဲ့က သူမကိုနှိပ်ကွက်ဖို့ အကြောင်းပြချက်ရှာဖွေရာမှာ သူမရဲ့ လူမှုကွန်ရက်ပေါ်ကအချက်ကိုတွေ့သွားပြီး တမန်တော်ကိုစော်ကားတယ်ဆိုတဲ့ စွပ်စွဲချက်ကို ရင်ဆိုင်ခဲ့ရပါတယ်။

သူမဟာ မက်ရှဟတ်(Mashhad) မြို့မှာ ဖမ်းဆီးခဲ့ပြီးနောက်မှာ ဗာကီလာဘက်ဒ်အကျဉ်းထောင် (Vakilabad Prison) ကို ပို့ဆောင်ခဲ့ပါတယ်။

ထောင်ထဲမှာ ကာလရှည်ကြာဖမ်းဆီးခံခဲ့ရပြီး ရှေ့နေနဲ့တွေ့ဆုံခွင့်ကလည်းကန့်သတ်ခံခဲ့ရပါတယ်။

​ခိုရာဆန်ရာဇာဗီ (Khorasan Razavi) ရာဇဝတ်တရားရုံးက အမှတ် (၆) တရားရုံးက သူမအမှုကို ကြားနာစစ်ဆေးခဲ့ပြီး တရားသူကြီး ဂျာဗာ့ဒ် အာရှန်-ယက်ဇ်ဒ် (Javad Asian-Yazd)က သူမကို အပြစ်ရှိတယ်ဆိုပြီး အမိန့်ချခဲ့ပါတယ်။

‘ဆတ်ဘ်-အဘ်-နဘီ’ (sabb al-nabi) ပြစ်မှုဆိုတာတမန်တော်ကို စော်ကားတာ၊ ရိုသေလေးစားထိုက်တဲ့ ရှီအာ အစ္စလမ်ဘာသာရဲ့ ပုဂ္ဂိုလ်တွေကို စော်ကားရင်သေဒဏ်ကျခံရမယ်လို့ သတ်မှတ်ထားတဲ့ပြစ်မှုပါ။

​အဲဒီ ‘ဆတ်ဘ်-အဘ်-နဘီ’ (sabb al-nabi) ပြစ်မှုကို အီရန်ရဲ့ အစ္စလာမ္မစ်ရာဇဝတ်ဥပဒေ ပုဒ်မ ၂၆၂ မှာ သေဒဏ်ပေးနိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။

ခြွင်းချက်အနေနဲ့ ပုဒ်မ ၂၆၃ မှာ မူးယစ်နေလို့ ဒါမှမဟုတ် တမင်ရည်ရွယ်ချက်နဲ့ မဟုတ်ဘဲ ပြောဆိုခဲ့ရင်ကင်းလွတ်ခွင့်တွေပေးထားပေမယ့် အခြေအနေအရ ကြိမ်ဒဏ်ခုနှစ်ဆယ်လေးချက် ပေးခံရနိုင်ပါတယ်။

​အမီနီရဲ့ ရှေ့နေတွေက သူမဟာမူးယစ်နေချိန် အသိစိတ်လွတ်နေလို့ ခုလိုလူမှုကွန်ရက်မှာတင်မိတာလို့ လျှောက်လှဲချက်ပေးကြပေမယ့် တရားသူကြီးက အဲဒီလျှောက်လှဲချက်ကိုပါယ်ချပြီး “အဲလိုအသိစိတ်လွတ်နေချိန်မှာ အစ္စရေးနဲ့အမေရိကန်ကိုတော့ ဘာဖြစ်လို့ မစော်ကားမိတာလဲ” လို့ စကားနာပြန်ထိုးခဲ့ပါတယ်။

​ထောင်ထဲကနေပြီး အမီနီကကမ္ဘာကြီးကို အကူအညီတောင်းခံတဲ့ အသံဖိုင်တချို့လည်းပေါ်ထွက်လာခဲ့ပါတယ်။

​”ကျွန်မက သူရဲကောင်းတယောက်ဖြစ်အောင်လုပ်ခဲ့တာမဟုတ်ဘူး။ ကျွန်မလုပ်ခဲ့တာက ကျွန်မရဲ့ အသံကိုဖော်ပြခဲ့တာပါ။ ကျွန်မဟာ အိပ်မက်တွေ၊မျှော်လင့်ချက်တွေရှိတဲ့ မိန်းကလေးတယောက်ပါ။ ကျွန်မကို စောင့်နေတဲ့ မိဘတွေရှိတယ်။ ကျွန်မကို ဆုံးရှုံးရတော့မယ်ဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ ကျွန်မမိသားစုဟာ ညတိုင်းညတိုင်း ခံစားနေရတယ်။ ကျွန်မရဲ့နာမည်ကို မှတ်ထားပေးကြပါ၊ ကျွန်မထပ်ပြီး စကားပြောနိုင်တော့မှာ မဟုတ်ဘူး။”

​သူမအပေါ် သေဒဏ်မစီရင်မီ နိုင်ငံတကာမှဝင်ရောက်စွက်ဖက်ဖို့ကိုလည်း သူမကတောင်းဆိုခဲ့ပါတယ်။

​၂၀၂၆ ခုနှစ်အတွင်း အီရန်မှာသေဒဏ်ချမှတ်စီရင်မှုအကြိမ်ရေခြောက်ရာကျော်ရှိတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ဆိုပါတယ်။

​နော်ဝေနိုင်ငံ အော်စလိုအခြေစိုက် အီရန်လူ့အခွင့်အရေးအဖွဲ့ (IHRNGO) ရဲ့ ဒါရိုက်တာ မာမွတ်အမ္မီရီ မိုဂတ်ဒမ် (Mahmood Amiry-Moghaddam) က ခုလိုမှတ်ချက်ပြုပါတယ်။

​”အမျိုးသမီးငယ်တယောက်က လူမှုကွန်ရက်ပေါ်မှာတင်တာကို သေဒဏ်ထိုက်တဲ့ပြစ်မှုအထိ အတင်း တွန်းပို့ခံလိုက်ရတယ်။ဒါဟာ အကြမ်းမဖက်ဘဲ မိမိသဘောဆန္ဒကို ထုတ်ဖော်ပြတာပါ။ ဒါကို သေဒဏ်ထိုက်တဲ့အမှုမျိုးထိလုပ်ကြတယ်။ဒါဟာ အီရန် အာဏာပိုင်တွေက နိုင်ငံတကာရဲ့ သည်းခံနိုင်မှုကို သွေးတိုးစမ်းနေတာပဲဗျ။ ဒါကိုသာ နိုင်ငံတကာက မျက်ကွယ်ပြုနေရင် ဒီလိုဖြစ်ရပ်တွေ ထပ်များလာမယ်။”

​လက်ရှိမှာတော့အမီနီရဲ့ ပြစ်ဒဏ်ဟာ အပြီးသတ်အမိန့်တော့မဟုတ်သေးပါဘူး။ အီရန်တရားလွတ်တော်ချုပ်ထံ သူမအယူခံဝင်ခွင့်ရှိနေပါသေးတယ်။

​အမီနီကိုသေဒဏ်ပေးတဲ့ကိစ္စဟာ အီရန်လွတ်တော်က နိုင်ငံရေးဆန့်ကျင်သူ​တွေကို နှိပ်ကွပ်ဖို့အတွက် နိုင်ငံခြားမီဒီယာတွေနဲ့ ဆက်ဆံရင်အပြစ်ပေးမယ်၊ နိုင်ငံခြားကငွေကြေးထောက်ပံ့မှုရှိတယ်လို့ ယူဆရတဲ့ ဆိုရှယ်မီဒီယာက ပို့စ်တွေနဲ့ပတ်သက်လို့ အပြစ်ပေးမယ်လို့ဆိုပြီး ဆီလိုကြံဖန် အပေါက်ရှာနေချိန်မှာ ဖြစ်ပေါ်လာတာပါ။

အဲ​ဒါဟာ အစ္စလာမ္မစ်အစိုးရအပေါ်ဆန့် ကျင်သူတွေကို စိုးရိမ်ထိတ်လန့်နေအောင် နိုင်ငံရေးအရ ထိုးနှက်ချက်တခုလည်းဖြစ်ပြီး အစိုးရအပေါ် မဝေဖန်ရဲအောင်နှုတ်ပိတ်မှုလည်းဖြစ်ပါတယ်။

​အသက်နှစ်ဆယ့်လေးနှစ်အရွယ် အယ်လ်နာဇ် (Elnaz) လို့ အမည်လွှဲပေးထားတဲ့ အမျိုး

သမီးငယ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီမှာ တီဟီရန်ဆန္ဒပြပွဲတွေမှာပါဝင်ခဲ့ပြီး အမေရိကန်ကဝင်ပြီး တိုက်ခိုက်တဲ့ မတ်လစစ်ပွဲအရှိန်အမြင့်ဆုံးကာလတွေမှာ ပို့စ်တွေတင်မိလို့ အဖမ်းခံခဲ့ရသူပါ။

​”ကျွန်မရဲ့ ဆိုရှယ်မီဒီယာ အကောင့်ကပရိုဗိတ် (private) လုပ်ထားတာတောင်မှ ကျွန်မဖမ်းဆီးခံခဲ့ရတယ်။ ဒါကြောင့် အစိုးရရဲ့ ဆိုက်ဘာရဲတပ်ဖွဲ့ကိုပဲ စိုးရိမ်နေရတာမဟုတ်ပါဘူး။ ကိုယ့်အခန်းထဲမှာ တယောက်တည်းရှိနေချိန်မှာတောင် တစ်ယောက်ယောက်က ကျွန်မကို အမြဲတမ်းစောင့်ကြည့်နေတယ်ဆိုတဲ့ အမြဲတမ်းမယုံကြည်နိုင်မှုနဲ့ ခံစားချက်မျိုးရှိနေပါတယ်။”

​ဆိုရှယ်မီဒီယာပေါ်မှာ ဘာမှမတင်ရဲတော့ပါဘူး… ဒါပေမယ့် သူတို့ ကျွန်မတို့ကို ဒုက္ခအမျိုးမျိုးပေးခဲ့ပြီးတဲ့နောက်မှာ ကျွန်မတို့မှာ ဆုံးရှုံးစရာဘာများကျန်သေးလို့လဲ။ ဆိုရှယ်မီဒီယာပေါ်မှာ ဘာမှမတင်ရင်တောင် သူတို့က ကျွန်မတို့ကို သတ်ချင်ရင်သတ်နိုင်တာပါပဲ။”

အဲ​ဒီဖြစ်ရပ်တွေဟာ အီရန်မှာမှဖြစ်နေတာမဟုတ်ပါဘူး။ အာဏာရှင်ဆန်တဲ့၊ အမျိုးသမီးတွေကို အရာဝတ္ထုအဖြစ်သာမြင်ပြီး မိမိရဲ့ နိုင်ငံရေးအာဂျင်တာကိုသာ တဖက်သတ်အကောင်အထည်ဖော်ချင်သူတွေကြီးစိုးမင်းမူနေတဲ့ နေရာတိုင်းမှာဖြစ်နေတဲ့ကိစ္စတွေပါ။

အီရန်အစ္စလမ္မစ်တော်လှန်ရေးအစိုးရဟာ တချိန်တုန်းကအီရန်လူထုအများစုရဲ့ထောက်ခံမှုနဲ့ တော်လှန်ရေးအောင်မြင်လာခဲ့တဲ့ အစိုးရပါ။

လက်ရှိအခြေအနေမှာတော့ အီရန်အာဏာပိုင်တွေဟာ မိမိတို့ရဲ့ နိုင်ငံရေးအာဂျင်တာ၊အာဏာတွေအတွက် လူထုကိုဖိနှိပ်နေတဲ့သူတွေ၊လူထုရဲ့ဆန့်ကျင်မှုကို ခံနေရတဲ့သူတွေဖြစ်နေခဲ့ပါပြီ။

​ကိုးကား –

The Guardian – Najmeh Amini Blasphemy Death Sentenc

PrevPreviousAAနဲ့စစ်တပ် နှစ်ဖွဲ့လုံး စစ်ရာဇဝတ်မှုကျူးလွန်နေတာကို IIMM စုံစမ်းနေ
Nextဘုတလင်စစ်တပ်လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးခြောက်ဦးသေဆုံးNext
Previous Post

AAနဲ့စစ်တပ် နှစ်ဖွဲ့လုံး စစ်ရာဇဝတ်မှုကျူးလွန်နေတာကို IIMM စုံစမ်းနေ

Next Post

ဘုတလင်စစ်တပ်လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးခြောက်ဦးသေဆုံး

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - IIMN

AAနဲ့စစ်တပ် နှစ်ဖွဲ့လုံး စစ်ရာဇဝတ်မှုကျူးလွန်နေတာကို IIMM စုံစမ်းနေ

October 21, 2026
ဓာတ်ပုံ - မီဇိုရမ်ရဲတပ်ဖွဲ့

မီဇိုရမ်မှာ မူးယစ်ဆေးဝါးတွေဖမ်းမိ

October 21, 2026
ဓာတ်ပုံ - ONN

ဝီရဌာနီမြို့နယ်ကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ နှစ်ဦးသေဆုံး

October 21, 2026
​Photo - Myanmar Unity Movement

လန်ဒန်မြို့ မြန်မာသံရုံးရှေ့မှာ အစိုးရအတုကို လက်မခံကြောင်းဆန္ဒပြ

October 21, 2026

အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌတွေ့

မဲဆောက်မှာ မြန်မာဆယ့်ရှစ်ဦးထပ်ဖမ်းခံရ

ရိုဟင်ဂျာတွေနေရပ်ပြန်ရေး အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ IIMM ပြော

မိသားစုနဲ့ ပြန်တွေ့ချင်ရင် AA ဆီ အလင်းဝင်ကြဖို့ တပ်သားစိုးမင်းသိန်းတိုက်တွန်း

ချင်းမိုင်ဘူတာမှာ မြန်မာနှစ်ဆယ့်ခုနှစ်ဦးဖမ်းခံရ

​မီဇိုရမ်မှာ ရူပီသိန်းနှစ်ရာ့ရှစ်ဆယ်ကျော်တန်တရားမဝင်ပစ္စည်းတွေနဲ့ မူးယစ်ဆေးတွေဖမ်းမိ

Releated Post

ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌတွေ့

October 20, 2026
ဓာတ်ပုံ - Tak Immigration

မဲဆောက်မှာ မြန်မာဆယ့်ရှစ်ဦးထပ်ဖမ်းခံရ

October 20, 2026

ရိုဟင်ဂျာတွေနေရပ်ပြန်ရေး အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ IIMM ပြော

October 20, 2026

မိသားစုနဲ့ ပြန်တွေ့ချင်ရင် AA ဆီ အလင်းဝင်ကြဖို့ တပ်သားစိုးမင်းသိန်းတိုက်တွန်း

October 20, 2026
ဓာတ်ပုံ - Thai News

ချင်းမိုင်ဘူတာမှာ မြန်မာနှစ်ဆယ့်ခုနှစ်ဦးဖမ်းခံရ

October 20, 2026
ဓာတ်ပုံ - မီဇိုရမ်ရဲတပ်ဖွဲ့

​မီဇိုရမ်မှာ ရူပီသိန်းနှစ်ရာ့ရှစ်ဆယ်ကျော်တန်တရားမဝင်ပစ္စည်းတွေနဲ့ မူးယစ်ဆေးတွေဖမ်းမိ

October 20, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page