Border News Agency
မင့်စ်၊ အောက်တိုဘာ ၂၂။
ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့ကိုရောက်ရှိနေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့လွှတ်တော်နာယက ဦးအောင်လင်းဒွေးဟာဘယ်လာရုစ် အထက်လွှတ်တော်ဥက္ကဋ္ဌမစ္စစ်နာတာလျာကိုချန်နိုဗာနဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံလွှတ်တော်ကြား ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့ပါတယ်။
အောက်တိုဘာလ ၂၁ရက်နေ့ တွေ့ဆုံမှုမှာ သံတမန်ဆက်ဆံရေး၊ လွှတ်တော်ပူးပေါင်းဆောင်ရွက်မှုနဲ့ အတွေ့အကြုံ မျှဝေရေးတို့ကို ဆွေးနွေးခဲ့ကြတာပါ။
နှစ်နိုင်ငံကြား ၂၀၂၆ မှ ၂၀၂၈ ထိ လုပ်ငန်းလမ်းပြမြေပုံအရ လွှတ်တော်ဆက်ဆံရေးခိုင်မာရေးနဲ့ ကိုယ်စားလှယ်အဖွဲ့တွေ အပြန်အလှန်ခရီးစဉ်သွားရောက်ရေးတို့ကိုလည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
တွေ့ဆုံပွဲအပြီးမှာ နှစ်နိုင်ငံလွှတ်တော်ကြား ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။








