Border News Agency
အဉ္ဇနပူရ၊ အောက်တိုဘာ ၂၂။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ အဉ္ဇနပူရမြို့ကို အောက်တိုဘာ ၂၁ ရက်နေ့က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားနှစ်ဦးဒဏ်ရာသွားခဲ့ပါတယ်။
အဲဒီမင်းဘာကြီးရပ်ကွက်၊ ဂမ္မရပ်မှ အသက်လေးဆယ်လေးနှစ်အရွယ် ဒေါ်နုနုချေ(ခ)နုနုအေးနဲ့ မြို့သစ်ရပ်ကွက်၊ ဘုရားတကာလမ်းမှ အသက်နှစ်ဆယ့်ကိုးနှစ်အရွယ် မသိန်းနုချေဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီအဉ္ဇနပူရမြို့အနီးတဝိုက်ကို အောက်တိုဘာလ ၂၁ ရက်၊ည ၁၁နာရီကျော်အချိန်ခန့်က အာဏာသိမ်းစစ်တပ်မှ Y – 12 လေယာဉ်တစီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။
အဲဒီလိုလေကြောင်းတိုက်ခိုက်မှုအတွင်း မြို့ထက်ရှိမင်းဘာကြီး၊ မြို့သစ်၊ စျီးဟောင်းပိုင်း၊ ပြည်တော်လှရပ်ကွက်နဲ့ ကင်းဆိပ်ရွာထဲသို့ ဗုံးသီးကျရောက်ပေါက်ကွဲခဲ့ပြီး မသိန်းနုချေနဲ့ဒေါ်နုနုချေဗုံးစထိမှန် ဒဏ်ရာရသွားခဲ့ကာ ဆေးကုသမှုခံယူနေရပါတယ်။
အဲဒီအပြင် မြို့ထွက်ဝဆီဆိုင်တန်းကိုလည်း ဗုံးသီးတလုံးကျရောက်ပေါက်ကွဲခဲ့လို့ ဒေါ်စန်းစန်းမော်ပိုင်ဆိုင်တဲ့ (သန်းမိသားစုဆီဆိုင်)ပျက်စီးသွားခဲ့ပါတယ်။
အဲဒီအဉ္ဇနပူရမြို့နယ်၊ စွန်ရဲရွာကို ပြီးခဲ့တဲ့စက်တင်ဘာလ ၂၈ ရက်နေ့ကလည်း အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ကလေးနှစ်ဦး အပါအဝင် အရပ်သားရှစ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။










