Border News Agency
ဝီရဌာနီ၊နိုဝင်ဘာ ၁။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ဝီရဌာနီမြို့ပေါ်နဲ့ရွာချောင်းကြီးကျေးရွာကို နိုဝင်ဘာလ ၁ ရက်၊ဒီနေ့ မနက်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ရွာချောင်းကြီးရွာမှဦးခေါင်းဒဏ်ရာရခဲ့တဲ့ အသက်ခုနှစ်ဆယ်အရွယ် အဘိုးအိုဦးဒါအောင်ကို ဆေးရုံသို့ပို့ဆောင်စဉ်လမ်းခရီးမှာ သေဆုံးသွားခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် အသက်ခြောက်နှစ်အရွယ်နဲ့ဆယ်ကျော်သက် ကလေးနှစ်ဦးအပါအဝင် အရပ်သားငါးဦးဒဏ်ရာရရှိခဲ့ပြီး နေအိမ်အချို့လည်းပျက်စီးခဲ့ရတာပါ။
အဲဒီကျောက်တော်မြို့နယ်ရှိ ယိုးချောင်းတံတားကိုလည်း ဒီနေ့ ညနေက အာဏာသိမ်းစစ်တပ်ကလေကြောင်းမှ ပေါင် ၅၀၀ ဗုံးနဲ့တိုက်ခိုက်ခဲ့တာကြောင့် လမ်းသွားလမ်းလာပြည်သူခုနှစ်ဦးထက်မနည်း သေဆုံးပြီးဆယ်ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါသေးတယ်။
အဲဒီအပြင် မြောက်ဦးမြို့ရှိငွေတောင်ပေါက်တံတားအနီးသို့ ဒီနေ့ ညနေ ၅ နာရီခွဲအချိန်မှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အမျိုးသားနှစ်ဦးနဲ့အမျိုးသမီးနှစ်ဦး၊စုစုပေါင်းအရပ်သားလေးဦး သေဆုံးကာ လေးဦးဒဏ်ရာရသွားခဲ့ပါတယ်။










