Border News Agency
ကျောက်တော်၊ နိုဝင်ဘာ ၃။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ကျောက်တော်မြို့နယ်၊အပေါက်ဝကျေးရွာအနောက်ဘက်ရှိ ဦးစွန်းတောင်တောင်တန်းကို နိုဝင်ဘာလ ၃ ရက်နေ့၊မနက်အာရုံ ၂ နာရီအချိန်ခန့်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီဦးစွန်းတောင်တောင်တန်းကို အာ ဏာသိမ်းစစ်တပ်တိုက်လေယာဥ်တွေဟာ လူတွေအိပ်နေကြချိန်မှာလာရော က်ပစ်ခတ်ခဲ့တာဖြစ်ပြီး ဦးစွန်းတောင်တောင်တန်းအနီးရှိ ဦးစွန်းတောင်ဘုန်းကြီးကျောင်းအနီးကျရောက်ပေါက်ကွဲကာ ဦးစွန်းတောင်ဘုန်းကြီးကျောင်းဆရာတော်ဒဏ်ရာရသွားတယ်လို့ ကျောက်တော်ဒေသခံတွေကဆိုကြပါတယ်။
အဲဒီအပြင် ဦးစွန်းတောင်ဘုန်းကြီးကျောင်းလည်း ပျက်စီးသွားတယ်လို့ ကျောက်တော်ဒေသခံတွေက ဆိုကြပါတယ်။
“ဦးစွန်းတောင်တောင်တန်းကြားက တောင်ကြားထဲကို လာချတာပါ။ တောင်တန်းနားက ဘုန်းကြီးကျောင်းမှာကျပါတယ်။ ဆရာတော်ဒဏ်ရာရသွားပါတယ်။ကျောင်းလည်းပျက်သွားပါတယ်။” လို့ ကျောက်တော်ဒေသခံတဦးက Border News Agency ကို ပြောပါတယ်။
အဲဒီကျောက်တော်မြို့နယ်၊ကန်စောက်တောင်အနီးဝန်းကျင်ကို နိုဝင်ဘာလ ၁ ရက်နေ့၊ညသန်းခေါင်ယံ ၁၁ နာရီ ၃၀ မိ နစ်နဲ့ ၁၂ နာရီ ၄၀ မိနစ် အချိန်ကြားမှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ နိုဝင်ဘာလ ၂ ရက်နေ့က အာရက္ခတပ်တော်ထုတ်ပြန်ပါတယ်။
အဲဒီစစ်တွေ-ရန်ကုန်အဝေးပြေးကားလမ်းမကြီးဘေး၊ကျောက်တော်မြို့နယ်၊ကန်စောက်တောင်ခြေရင်းမှာ တည်ရှိတဲ့ အမှတ် ၅၃၉ ခြေမြန်တပ်ရင်းနဲ့ကျော က်တော်မြို့နယ်၊ကန်ဇောက်ကျေးရွာအနီးမှာ တည်ရှိတဲ့အမှတ် ၃၇၇ အမြောက် တပ်ရင်းကို တိုက်လေယာဉ်လေးစီးနဲ့အုပ်စုလိုက်တဆယ့်သုံးကြိမ်၊ Y-12လေ ယာဉ်နဲ့ဗုံးအလုံးရေသုံးဆယ်ထိ တညလုံးတိုက်ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော်ထုတ်ပြန်ပါတယ်။
အဲဒီအပြင်ကျောက်တော်မြို့နယ်၊ဝါးတောင်ကျေးရွာနဲ့ပန်းဖဲချောင်းကျေး ရွာကို ဆက်သွယ်ထားတဲ့ တံတားကို နိုဝင်ဘာလ ၁ ရက်နေ့၊ညနေ ၅ နာရီ ၂၅ မိနစ်အချိန်ခန့်က အာဏာသိမ်းစစ်တပ်
လေကြောင်းတိုက်ခိုက်လို့ခုနှစ်ဦးသေ ဆုံးပြီးခုနှစ်ဦးဒဏ်ရာရသွားတယ်လို့ အာရက္ခတပ်တော်ထုတ်ပြန်ပါတယ်။
အဲဒီအပြင်တံတားလည်း ပျက်စီးသွားပြီး တံတားပေါ်သွားလာနေကြတဲ့ ဆိုင်ကယ်၊ဘေးတွဲဆိုင်ကယ်တွေ၊တံတားအနီး နေအိမ်တချို့ပျက်စီးသွားခဲ့တယ်လို့ အာရက္ခတပ်တော်ထုတ်ပြန်ပါတယ် ။
အဲဒီတပ်ရင်းနှစ်ရင်းကို အာရက္ခတပ်တော်ကပိတ်ဆို့တိုက်ခိုက်ခဲ့တာမို့ ပြီးခဲ့တဲ့၂၀၂၄ ခုနှစ်၊ဇန်နဝါရီလက တပ်ရင်းတခုလုံးအလံဖြူထောင်လက်နက်ချခဲ့ကြတာမို့ အာရက္ခတပ်တော်ထိန်းချုပ်တပ်စွဲထားတာဖြစ်ပါတယ်။
အဲဒီကျောက်တော်မြို့နယ်အပါအဝင်အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေကို အာဏာသိမ်းစစ်တပ်ကလေ ကြောင်းတိုက်ခိုက်တာတွေအပြင်းအထန်ပြုလုပ်နေပြီး ပုဏ္ဏားကျွန်းမြို့နယ်ကိုပြန်သိမ်းယူဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။
အဲဒါကြောင့် အာရက္ခတပ်တော်ရဲ့နော က်တပ်အခြေစိုက်တပ်ရင်းတွေ၊ အခိုင်အမာနေရာတွေ၊ ထောက်ပို့စခန်းလို့ယူဆတဲ့နေရာတွေကို အပြင်းအထန်လေကြောင်းတိုက်ခိုက်နေတာလို့ စစ်ရေးလေ့လာစောင့်ကြည့်နေကြသူတွေက ဆိုကြပါတယ်။
“စစ်တပ်က ကုလားတန်မြစ်ကမ်းတလျှောက်နဲ့ စစ်တွေ-ရန်ကုန်ကားလမ်းဘေးကို အဓိကပစ်မှတ်ထားတိုက်ခိုက်နေတာကိုတွေ့ရပါတယ်။ပုဏ္ဏားကျွန်း တိုက်ပွဲအတွက်ကျောက်တော်ဟာအဓိကနောက်တန်းခံစစ်ထောက်ပို့နေရာဆိုပြီးစစ်တပ်ကအပြင်းအထန်တိုက်ခိုက်နေတာလို့ယူဆပါတယ်။ ကုလားတန်မြစ်ကြောင်းတလျှောက်ကတပ်ရင်းဟောင်းနေရာအားလုံးကို တိုက်ခိုက်နေတာကို သတိထားမိပါတယ်။”လို့ စစ်ရေးလေ့လာစောင့်ကြည့်နေသူတဦးက Border News Agency ကို ပြောပါတယ်။
အဲဒီကုလားတန်းမြစ်အရှေ့ဖက်ကမ်း၊ ကျောက်တော်မြို့နယ်ရှိအာဏာသိမ်းစစ်တပ်ရဲ့အမှတ် ၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ဟောင်းနေရာအပါအဝင် တပ်ရင်းဟောင်းတွေကိုလည်း ပြီးခဲ့တဲ့အောက်တိုဘာလက အာဏာသိမ်းစစ်တပ်အပြင်းအထန်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီလိုအပြင်းအထန်လေကြောင်းတိုက်ခိုက်နေတာဟာ အာရက္ခတပ်တော်ကို အာဏာသိမ်းစစ်တပ်က ဘက်စုံစစ် ပွဲဆင်နွဲ့ပြီး အမြစ်ဖြတ်ဗျူဟာကျင့်သုံးနေတာဖြစ်သလို ဘက်စုံနေရာစုံကပိတ်ဆို့ဝိုင်းပတ်ထိုးစစ်ဆင်နေတာမို့တိုက်ပွဲတွေပိုမိုပြင်းထန်လာနိုင်တယ်လို့ စစ်ရေး၊နိုင်ငံရေးစောင့်ကြည့်လေ့လာနေကြသူတွေက ဆိုကြပါတယ်။
အဲဒီကျောက်တော်မြို့နယ်အပါအဝင် အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်တာတွေနေ့စဥ်ပြုလုပ်နေတာမို့ အရပ်သားပြည်သူတွေသေဆုံးဒဏ်ရာရနေကြပါတယ်။






