Border News Agency
ပန်ဆန်း၊ နိုဝင်ဘာ ၄ ။
”ဝ” ပြည်သွေးစည်း ညီညွှတ်ရေးပါတီ (UWSP/UWSA) နဲ့ အာဏာသိမ်းစစ်တပ်ရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSP
NC)ဟာ နိုဝင်ဘာလ ၃ ရက်နေ့က ပန်ဆန်း (ပန်ခမ်း) မြို့မှာ တွေ့ကြပါတယ်။
အဲဒီသုံးကြိမ်မြောက်တွေ့ဆုံမှုဟာ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း
ဆက်သွယ်ရေးနဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) တွေကို ပိုမိုနှိမ်နင်းနိုင်ရေးဆွေးနွေးခဲ့ကြတယ်လို့UWSA ပြောခွင့်ရ ဦးညီရန်းကဆိုပါတယ်။
အဲဒီUWSPပြင်ပဆက်ဆံရေးဌာနဝန်ကြီး ဦးကျောက်ကော်အန်း၊ ဒုတိယအထွေထွေအတွင်းရေးမှူး ဦးပေါက်အိုက်ခမ်းတို့ အပါအဝင် ဗဟိုကော်မတီခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြတာပါ။
အာဏာသိမ်းစစ်တပ် လက်အောက်ခံ NSPNC က ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ဒေသဆိုင်ရာ စစ်တိုင်းမှူးတချို့ တက်ရောက်ခဲ့ပါတယ်။
NSPNC ကိုယ်စားလှယ်အဖွဲ့ဟာနိုဝင်ဘာလ ၁ ရက်နေ့ကလည်း မိုင်းလားမြို့မှာ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA) ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ခဲ့ကြပါတယ်။











