Border News Agency
ကိုးရီးယား၊နိုဝင်ဘာ ၉။
ဦးဆောင်မှုမှန်ကန်ပြီး ပြည်သူလူထုစုစည်းညီညွတ်စွာပါဝင်ကြိုးစားမယ်ဆိုရင် နှစ်နှစ်အတွင်းတော်လှန်ရေးအောင်မြင်နိုင်ကြောင်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ကိုယ်စားလှယ်အဖွဲ့က ပြောကြားလိုက်ပါတယ်။
ကိုရီးယားနိုင်ငံ၊အင်ချွန်းမြို့၌ နိုဝင်ဘာလ ၈ရက်နေ့ကပြုလုပ်ခဲ့တဲ့ မြန်မာလူထုတွေ့ဆုံပွဲမှာ တက်ရောက်လာသူတွေရဲ့ မေးမြန်းမှုအပေါ် SCEF ကိုယ်စားလှယ်အဖွဲ့ကခုလို ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။
အဲဒီတွေ့ဆုံပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၊ ဦးတင်ထွန်းနိုင်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းခေါင်းဆောင်တွေတက်ရောက်ခဲ့ကြတာပါ။
တွေ့ဆုံပွဲအတွင်း လတ်တလောမြန်မာ့နိုင်ငံရေးအခြေအနေတွေ၊ SCEF ရဲ့ဖွဲ့စည်းမှုနဲ့ ရှေ့လုပ်ငန်းစဉ်တွေကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြပါတယ်။
အဲဒီအပြင် ရှေ့ဆက်မယ့် လုပ်ငန်းစဉ်တွေမှာကိုရီးယားရောက် မြန်မာပြည်သူတွေအနေနဲ့ NUG ကိုယ်စားလှယ်ရုံး၊ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့အတူ ပူးပေါင်းပါဝင်ကြဖို့တိုက်
တွန်းခဲ့ပါတယ်။
















