Border News Agency

Facebook Twitter Youtube

BNA

  • မူလ
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • မူလ
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
စစ်တွေခရိုင် ဆောင်းပါး နိုင်ငံရေး ပုဏ္ဏားကျွန်းမြို့နယ် အာရက္ခဒေသ

အာရက္ခဒေသက စုံလင်ကွဲပြားလူမှုဘ၀တွေကို ဘယ်လိုတည်ဆောက်ကြမလဲ

Author picture

By

BNA Author
Reading Time: 3 mins read
1
A A
0
SHARES
149
VIEWS
Share on FacebookShare on Twitter

လင်းခိုင် ရေးတယ်။

အာရက္ခဒေသတခုလုံးကို သိမ်းပိုက်ထိန်းချုပ်သွားမယ်လို့ ကြွေးကြော်ထားတဲ့ အာရက္ခတပ်တော်(AA)ဟာ ပလက်ဝမြို့နယ်အပါအဝင် တဆယ့်ငါးမြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေးလုပ်ငန်းတွေ စလုပ်နေပြီဖြစ်ပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကို ဖွဲ့စည်းပြီး အုပ်ချုပ်ရေးယန္တရားတွေ အကောင်အထည်ဖော်နေတာဖြစ်ကာ တရားစီရင်ရေး၊အခွန်ကောက်ခံရေး၊စည်ပင်သာယာရေး၊လမ်းတံတားတည် ဆောက်ရေး၊ပညာရေး၊ကျန်းမာရေးစတဲ့ ပြည်သူ့၀န်ဆောင်မှုလုပ်ငန်းတွေကိုပါ တိုးချဲ့လုပ်ဆောင်နေတာတွေ့ရပါတယ်။

အာဏာရှင်စနစ်အမြစ်ပြတ်ရေး၊ဖယ်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းရေး၊ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်ရရေးအတွက်တိုက်ခိုက်နေတယ်ဆိုတဲ့ အာရက္ခတပ်တော်(AA)အနေနဲ့ အာရက္ခပြည်ကို ဘ ယ်လိုအုပ်ချုပ်ရေးစနစ်နဲ့အုပ်ချုပ်သွားမယ်ဆိုတာကိုတော့ တိတိကျကျထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)ရဲ့ ခေါင်းဆောင်လည်းဖြစ်၊အာရက္ခတပ်တော်(AA)ရဲ့တပ်မှူးချုပ်လည်းဖြစ်တဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ ကနဦးမှာဗဟိုချုပ်ကိုင်မှုရှိတဲ့ တပြည်ထောင်စနစ်အစိုးရတရပ်ကို ထူထောင်မှာဖြစ်ပြီး နောက်ပိုင်းမှာတော့ စွမ်းဆောင်ရည်နဲ့စွမ်းပကားတွေအပေါ်မှာ မူတည်ကာ အာဏာကိုမတူညီတဲ့ အုပ်ချုပ်မှုအလွှာအသီးသီးတွေဆီ လွှဲအပ်ပေးမယ်လို့ ၂၀၂၄ နှစ်ကုန်ပိုင်းကပြုလုပ်တဲ့ The Diplomat သတင်းဌာနအင်တာဗျူးမှာ ဖြေကြားထားပါတယ်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)အနေနဲ့ထိရှလွယ်၊အကဲဆတ်ပြီး စုံလင်ကွဲပြားတဲ့လူမျိုးပေါင်းစုံနေထိုင်တဲ့ အာရက္ခပြည်မှာ အုပ်ချုပ်ရေးယန္တရားဖော်ဆောင်တဲ့အခါ သတိထားရမယ့်အချက်တွေ ရှိနေပါတယ်။

ဘယ်လိုအုပ်ချုပ်ရေးစနစ်ကို အသုံးပြုအုပ်ချုပ်တာပဲဖြစ်စေ အာရက္ခပြည်တွင်းနေ လူမျိုးတိုင်း၊ဘာသာတိုင်းကို တူညီတဲ့အခြေခံအခွင့်အရေးပေးဖို့လိုအပ်ပြီး လူမျိုး၊ဘာသာ၊အစုအဖွဲ့တခုခုကို ခွဲခြားပစ်ပယ်ချန်လှပ်ထားမယ်ဆိုရင်တော့ ဆူပူဆန့်ကျင်မှုတွေနဲ့အတူ ပဋိပက္ခတွေ ဖြစ်လာနိုင်တယ်လို့ အကဲခတ်တွေနဲ့ ဒေသခံတွေက ထောက်ပြ‌ကြပါတယ်။

ULA/AA က လက်ရှိအုပ်ချုပ်နေတဲ့ပုံစံ

၂၀၀၉ ခုနှစ်မှာတည်ထောင်ခဲ့တဲ့ အာရက္ခတပ်တော်(AA)လက်နက်ကိုင်အဖွဲ့ဟာ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်(ULA)လို့ခေါ်တဲ့ နိုင်ငံရေးအဖွဲ့အစည်းကို ဖွဲ့စည်းထားပါတယ်။

အဲဒီလက်နက်ကိုင်စစ်တပ်(AA)နဲ့ နိုင်ငံ ရေးအဖွဲ့(ULA)နှစ်ခုလုံးရဲ့ခေါင်းဆောင်၊ပဲ့ကိုင်ရှင်ကတော့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဖြစ်ပြီး ULA ကို အထွေထွေအတွင်းရေးမှူးတွေ၊စစ်ဒေသအလိုက် နိုင်ငံ ရေးမှူးတွေနဲ့ ဖွဲ့စည်းထားပြီး AA ကိုတော့ စစ်ဒေသမှူးတွေနဲ့ ဖွဲ့စည်းထားပါတယ်။

အာရက္ခပြည်တွင်း လက်ရှိအုပ်ချုပ်နေတဲ့ပုံစံကတော့ စစ်ဒေသအလိုက် စစ်ဒေသမှူး၊နိုင်ငံရေးမှူး၊မြို့နယ်မှူး၊တိုက်နယ်မှူး၊နယ်မြေမှူး၊ကျေးရွာအဆင့် ရွာအလိုက် ကျေးရွာခေါင်းဆောင်(အုပ်ချုပ်ရေးမှူး)တွေ ခန့်အပ်ထားပြီး အုပ်ချုပ်ရေးယန္တရားလည်ပတ်နေပါတယ်။

တရားရေး၊အခွန်ကောက်ခံရေးစတဲ့လုပ်ငန်းတွေကိုလည်း အဲဒီလိုပဲ အဆင့်ဆင့်ကွပ်ကဲမှုနဲ့ လည်ပတ်နေပါတယ်။

အဲဒီအဆင့်တွေရဲ့ အချုပ်ကတော့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)အကြီးအကဲဖြစ်ပြီး ပြည်သူ‌တွေအနေနဲ့ အောက်ခြေ၀န်ထမ်းတွေရဲ့ဆောင်ရွက်ချက်တွေအပေါ် ကျေနပ်မှုမရှိရင် တိုင်ကြားနိုင်တဲ့ယန္တရားတွေကိုလည်း လမ်းဖွင့်ပေးထားပြီး စစ်ဆေးအရေးယူတာတွေလည်း တွေ့ရတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။

ခေတ်အဆက်ဆက်တဆင့်နှိမ့်ဆက်ဆံခံလူမျိုးတွေ

လူဦူရေသုံးသန်း၀န်းကျင်ရှိတဲ့ အာရက္ခပြည်မှာ ရခိုင်၊မြို၊ခမီ၊သက်၊ဒိုင်းနက်၊ကမန်၊မရမာကြီးအပြင် မူဆလင်၊ဟိန္ဒူ၊ချင်းလူမျိုးလည်း နေထိုင်ကြပါတယ်။

အဲဒီလူမျိုးတွေဟာ ပြီးခဲ့တဲ့စစ်အစိုးရလက်ထက်အဆက်ဆက်နဲ့ အရပ်သားဒီမိုက‌ရေစီအစိုးရလက်ထက်မှာပါ တူညီတဲ့အခွင့်အရေးတွေ မရခဲ့ကြပါဘူး။

အာရက္ခပြည်မှ လူများစုဖြစ်တဲ့ ရခိုင်လူမျိုးတွေဟာလည်း ပြည်မဒေသနဲ့နှိုင်းယှဉ်ရင် ကဏ္ဍတိုင်းမှာ ပစ်ပယ်ခံခဲ့ကြရတာဖြစ်ပါတယ်။

မူဆလင်၊ ဟိန္ဒူ၊ ကမန်၊ မရမာကြီးစတဲ့လူမျိုးတွေကတော့ ဖွံ့ဖြိုး‌ရေး၊ပညာရေး၊ကျန်းမာ‌ရေးစတဲ့အခွင့်အရေးတွေ မဆိုထားနဲ့အခြေခံလူ့အခွင့်အရေးဖြစ်တဲ့ ခရီးသွားလာခွင့်ပင် အပြည့်အ၀မရခဲ့ပါကြဘူး။

အာရက္ခပြည်အတွင်းမှ မူဆလင်၊ဟိန္ဒူ၊ကမန်၊မရမာကြီးစတဲ့လူမျိုးတွေဟာ ပြီးခဲ့တဲ့အစိုးရအဆက်ဆက် ဆယ်စုနှစ်တစုကျော်တဲ့ထိ ဒုက္ခသည်စခန်းတွေမှာပဲ ပိတ်လှောင်နေထိုင်ခဲ့ကြရတာပါ။

အာရက္ခပြည်ပြင်ပ၊ပြည်မဒေသတွေဆီခရီးသွားလာခွင့်မရကြသလို ပြည်တွင်း၊မြို့နယ်တွင်း ကျေးရွာတခုနဲ့တခု သွားခွင့်ရဖို့၊ မြို့ပေါ်သို့ ဆေးခန်းသွားပြခွင့်ရဖို့တောင် အုပ်ချုပ်‌ရေးအဖွဲ့ဆီ အ ကြိမ်ကြိမ်လာဘ်ထိုးတင်ပြပြီးမှ သွားခွင့်ရခဲ့ကြတဲ့ အနေအထားဖြစ်ပါတယ်။

“NLD အစိုးရလက်ထက်ရော့။သိန်းစိန်လက်ထက်ရော။အဲလိုပဲ။စစ်တပ်လက်ထက်မှာ ပိုဆိုးတယ်။” လို့ ဘူးသီးတောင်မြို့နယ်မှ မူဆလင်တဦးက Border News Agency ကို ပြောပါတယ်။

မြို့ရပ်နဲ့အလှမ်းဝေးတဲ့ ဒေသတွေမှာ အနေများတဲ့ မြိုခမီ၊သက်၊ဒိုင်းနက် လူမျိုးတှဟောလည်း ကျန်းမာရေး၊ပညာရေး၊လမ်းပန်းဆက်သွယ်ရေကဏ္ဍတွေမှာ ခွဲခြားနိမ့်ချခံခဲ့ကြရပြီး တဆင့်နိမ့်ဘ၀နဲ့ နေထိုင်ခဲ့ကြရကာ ဆေးခန်းနဲ့စာသင်ကျောင်းလုံး၀မရှိတဲ့ ရွာတွေပင် အများအပြားရှိနေပါသေးတယ်။

ULA/AAလက်ထက်မှာ ဘာတွေပြောင်းလဲသွားလဲ

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဆိုပြီး နာမည်တပ်ထားတဲ့ ULA/AA လက်ထက်မှာတော့ လူနည်းစု‌တွေအပါအဝင် ဒေသတွင်းနေထိုင်သူအားလုံးဟာ အရင်တုန်းကထက် အခွင့်အရေးတွေ ပိုရလာကြပြီလို့ ဆိုကြပါတယ်။

သိသာမြင်သာတဲ့ အခွင့်အရေးတခုက တော့ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ လွတ်လပ်စွာသွားလာခွင့်ရနေကြတယ်လို့ မူဆလင်တွေက ဆိုကြပါတယ်။

“ဟိုး… အမ်း(မြို့နယ်)အထိ၊အကုန်လုံးသွားလို့ရတယ်အခု။ထောက်ခံစာတခုနဲ့” လို့ မြေပုံမြို့ နယ်မှ မူဆလင်လူကြီးတဦးက ပြောပါတယ်။

ကျောက်ဖြူမြို့နယ်မှ ကမန်လူငယ်တဦးကလည်း ULA/AAအနေနဲ့ စစ်ကောင်စီထိန်းချုပ်ဒေသကတိမ်း‌ရှောင်လာကြတဲ့ ကမန်လူမျိုးတွေကို ကူညီပေးတာတွေရှိပြီး ရခိုင်လူမျိုးတွေကလည်း ကြိုဆိုကြတယ်လို့ ဆိုပါတယ်။

“စစ်မှုမထမ်းချင်လို့ ထွက်ပြေးတာ။တပ်တော်ဆီကိုလေ။ သူတို့အကုန်ကူညီတယ်။ စစ်တပ်ကကျလိုက်ဖမ်းတယ်” လို့ ကျောက်ဖြူမြိုနယ်၊ကျောက်တလုံးဒုက္ခသည်စခန်းမှ ULA/AA ထံ ခိုလှုံလာသူတဦးက ပြောပါတယ်။

အဲဒီအပြင် အရင်က ရခိုင်လူမျိုးအများစုနေထိုင်ကြတဲ့ မြို့ပေါ်ရပ်ကွက်တွေ၊ရခိုင်ကျေးရွာတွေဆီ သွားလာခွင့်မရ၊ သွားလာဖို့မဝံ့ရဲခဲ့ကြတဲ့ မူဆလင်တွေဟာ ခုနောက်ပိုင်းမှာတော့ နေရာတိုင်း လွတ်လွတ်လပ်လပ်သွားလာလို့ရနေပြီလို့ ဆိုကြပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်ရာ မြို့တွေရဲ့ကားဂိတ်၊ ကုန်တင်ကုန်ချဆိပ်ကမ်းတွေမှာ ရခိုင်လူမျိုးအလုပ်သမားတွေအပြင် မူဆလင်အလုပ်သမားတွေလ ည်း အများအပြားတွေ့လာနေရပါပြီ။

အဲဒီအပြင် ဆယ်စုနှစ်တခုကျော် ခြေချခွင့်မရခဲ့တဲ့ ဟင်းသီးဟင်းရွက်၊အသားငါးဈေးတွေမှာလည်း မူဆလင်အမျိုးသမီးတွေ အေးဆေးသက်သာဈေးထိုင်ရောင်းနေကြတဲ့ မြင်ကွင်းတွေလည်း ပိုမြင်လာရပါတယ်။

“(AA)ဗိုလ်ချုပ်စကားတခွန်းနဲ့ မြို့ထဲကိုလည်း၀င်လို့ရပြီအခု။အရင်ကဆို ကုလားတွေဆိုပြီးအနိုင်ကျင့်လွှတ်ကြတယ်။အခုအဲဒါတွေ ပျောက်သလို ပျောက်သွားပြီ” လို့ ကျောက်တော်မြို့နယ်မှ
မူဆလင်လူကြီးတဦးက ပြောပါတယ်။

အဲဒီအပြင်မူဆလင်လုပ်ငန်းရှင်တွေဟာလည်း အာရက္ခပြည်အနှံ့သွားလာပြီး ကုန်စည်ကူးသန်းရောင်း၀ယ်ရေး၊ စီးပွားလုပ်ငန်းတွေ လွတ်လွတ်လပ်လ ပ် လုပ်လာနိုင်ကြပြီ ဆိုပါတယ်။

“ရခိုင်ရွာတွေက နွား၀ယ်တယ်။စားဆီတွေ ပြန်ရောင်းတယ်။အရင်က ရခိုင်ရွာတွေကို နွားသွားမဝယ်ရဲဘူး။အခုအေးဆေးသွားလို့ရနေပါပြီ။” လို့ ပေါက်တောမြို့နယ်မှ မူဆလင်လုပ်ငန်းရှင်တဦးက ပြောပါတယ်။

အဲဒီအပြင် အာရက္ခပြည်တွင်းမှာနေ ထိုင်ကြတဲ့ မြို၊ခမီ၊သက်၊ဒိုင်းနက်၊ချင်း လူမျိုးတွေဟာလည်း အရင်အစိုးရလက်ထက်‌တွေတုန်းကထက် ပိုသာတဲ့အခွင့်အရေး၊ဂရုစိုက်မှုမျိုး ရနေကြတယ်လို့ ဆိုကြပါတယ်။

မူဆလင်တွေလို သိသာမြင်သာတဲ့ အခွင့်အရေးမျိုးမရပေမယ့် လူမျိုးစုရေးရာကော်မတီတွေဖွဲ့ကာ ဂရုစိုက်စည်းရုံးတာမျိုးနဲ့ ကြုံရတယ်လို့ ဆိုကြပါတ ယ်။

“အရင်ကထက် ဂရုစိုက်ခံရတယ်။အသိအမှတ်ပြုခံရတယ်ပြောရမှာပေါ့။ခွဲခြားတာမရှိဘူး။အုပ်ချုပ်‌ရေးမှာလည်းတာ၀န်ပေးတာတွေလည်းရှိတယ်။” လို့ မြေပုံမြို့နယ်မှချင်းလူငယ်တဦးက ပြောပါတယ်။

အရင်အစိုးရလက်ထက်တွေတုန်းကမရခဲ့တဲ့ အခွင့်အရေးမျိုးတွေထပ်ရလာမယ့် အရိပ်အယောင်တွေလည်း တွေ့လာနေရတယ်လို့ အာရက္ခပြည်တွင်းနေ လူနည်းစုတွေနဲ့ပြည်သူတွေက ဆိုကြပါတယ်။

ULA/AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကိုယ်တိုင် အင်တာဗျူးတွေနဲ့ မိန့်ခွန်းတွေမှာ အာရက္ခပြည်တွင်းနေ ပြည်သူအားလုံးကို သာတူညီမျှဆက်ဆံအုပ်ချုပ်သွားမယ်လို့ ပြောထားသလို ထုတ်ပြန်ချက်တွေမှာလည်း အသိပေးဖော်ပြထားပါတယ်။

အဲဒီအပြင် ဒေသတွင်းမှာလည်း လူ မျိုးစုရေးရာကော်မတီတွေ၊ဌာနတွေဖွဲ့စည်းပြီး မြို့နယ်အလိုက်၀န်ထမ်းတွေ ခန့်အပ်ကာ မြေပြင်ကွင်းဆင်းစည်းရုံးရေးလုပ်ငန်းတွေလည်း လုပ်နေကြတ ယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

“အရင်ကတည်းက စည်းရုံးရေးတွေလုပ်နေတာ၊ချင်းရွာ၊မူဆလင်ရွာအကုန်လုံးကို ဆင်းရတယ်။” လို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့လူမျိုးစုရေးရာဌာနမှာလုပ်နေသူတဦးက ပြောပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရလက်အောက်မှာ လူမျိုးစုရေးရာကော် မတီတွေဖွဲ့စည်းထားပြီး လူနည်းစုတွေရဲ့အခွင့်အရေးတွေအတွက် လုပ်ဆော င်နေကြတယ်လို့ ဆိုကြပါတယ်။

အဲဒီအပြင် အစ္စလာမ်ဘာသာဝင် မူဆလင်တွေအတွက်လည်း ကော်မတီတွေဖွဲ့ပြီး အခြေခံလူ့အခွင့်အရေးတွေအပါအဝင် လူမျိုးရေး၊ဘာသာရေးကိစ္စတွေထိ လုပ်ဆောင်ခွင့်ပေးနေတယ်လို့ မူဆလင်တွေက ဆိုကြပါတယ်။

“အပြောနဲ့ဆိုရင်တော့ကောင်းဖို့မြင်တယ်။ကုလားလို့တောင် မထွက်တော့ဘူး။မူဆလင်လို့ သုံးလာတယ်။သူတို့အစပျိုးတာတောင် နားချိုသာတယ်လေ။ရှေ့ဆက်လည်း ဒီလိုပဲဖြစ်မယ်ထင်တ ယ်။” လို့ မင်းပြားမြို့နယ်မှ မူဆလင်တဦးက ပြောပါတယ်။

သက်လူမျိုးခေါင်းဆောင်တဦးဖြစ်ပြီး ပြည်သူ့လွှတ်တော်အမတ်ဟောင်းလည်းဖြစ်တဲ့ ဦးလှထွန်းကျော်ကလည်း လက်ရှိအခြေအနေမှာတော့ မူဆလင်၊ ချင်းလူမျိုးတို့နဲ့ မျိုးနွယ်စုတွေအပေါ် ခွဲခြားဆက်ဆံတာမျိုး မတွေ့ရသေးဘူးလို့ ဆိုပါတယ်။

“အုပ်ချုပ်ရေးယန္တရားက လုံးစေ့ပတ်စေ့မငုံမိသေးတဲ့အတွက် ခွဲခြားတာတွေ မမြင်နိုင်သေးဘူး။ကြေညာချက်တိုင်းကတော့ လူမျိုးတိုင်းသည် တန်းတူအခွင့်အရေးရရမယ်လို့ ပြောထားတဲ့အတွက် ရှေ့ဆက်လည်းရလာမယ်ထင်တယ်။” လို့ ဦးလှထွန်းကျော်က ပြောပါတယ်။

တန်းတူအခွင့်အရေးတွေရေရှည်ဖို့လို

ULA/AA ထိပ်ပိုင်းခေါင်းဆောင်တွေ၊ထုတ်ပြန်ချက်တွေမှာ အာရက္ခပြည်တွင်းမှလူမျိုးအားလုံးကို တန်းတူဆက်ဆံ၊အခွင့်အရေးရမယ်လို့ ပြောထားသလို မြေ ပြင်အောက်ခြေ၀န်ထမ်းတွေကလည်း အပြောနဲ့ညီတဲ့ လုပ်ရပ်တွေ လုပ်နေကြတာ တွေ့ရတယ်လို့ ဆိုကြပါတယ်။

ဒါပေမယ့် အဲဒီလုပ်ရပ်တွေဟာ ရေရှည်တည်တံ့ဖို့လိုအပ်တယ်လို့ လူနည်းစုတွေက ထောက်ပြကြပါတယ်။

“စာအုပ်တအုပ်ရဲ့ မျက်နှာဖုံးလိုတော့ မလုပ်စေချင်ဘူး။မျက်နှာဖုံးမှာပဲ လှပအောင်ပဲ စိတ်၀င်စားအောင်ပဲပုံဖော်၊ဖန်တီး၊ဒီဇိုင်းလုပ်ပေးလိုက်တဲ့အနေအထားတခုမဟုတ်ဘဲ။ထိပ်စီးပိုင်းကတော့ အများကြီး ညွှန်ကြားတယ်။သို့ပေမယ့် မြေပြင်မှာ ဟန်ပြတခုလို လုပ်နေတဲ့ပုံစံမျိုးမဟုတ်ဘဲ။တကယ့်နှလုံးသားထဲက အသွေးအသားထဲက နစ်နစ်ကာကာနဲ့လုပ်ကိုလုပ်ရမယ့်ပုံစံမျိုး အဲလိုဖြစ်သင့်တယ်။” လို့ သက်လူငယ်တဦးဖြစ်တဲ့ ကိုပန်းကျော်ဒူးက ပြောပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့အရင်စစ်အစိုးရလက်ထက်တွေတုန်းက ဗမာလူမျိုးကြီးစိုးတဲ့အစိုးရရဲ့ တိုင်းရင်းသားတွေအပေါ် နှိမ့်ချခွဲခြားအုပ်ချုပ်ဆက်ဆံသလိုမျိုး မလုပ်မိဖို့ သတိထားရမယ်လို့လည်း လူနည်းစုတွေက ထောက်ပြကြပါတယ်။

“ဒီလူနည်းစုတွေက မြန်မာတနိုင်ငံလုံးမှာရှိတယ်။အရင်ကတော့ဗမာက ရခိုင်ကိုနှိမ်တယ်။ရခိုင်ကလူမျိုးစုကို ဆက်နှိမ်တယ်။ဒါမျိုးတွေမဖြစ်ရအောင်ကျနော်တို့ ULA/AA ကသတိထားရပါမ ယ်။ရခိုင်ပြည်ထဲမှာရှိနေတဲ့ လူနည်းစုတွေအားလုံးကို လူ့စွမ်းအားအရင်းအမြစ်ကိုအသုံးချတက်ဖို့ ULA/AA မှာ တာဝန်ရှိပါတယ်။” လို့ နွေဦးတော်လှန်ရေးဘာသာပေါင်းစုံကွန်ရက်ရဲ့ဦးဆောင်ကော်မတီ၀င် ဦးမောင်မောင်ကြည်က ပြောပါတယ်။

အာရက္ခပြည်မှာရှိတဲ့ လူနည်းစုအားလုံးကို အုပ်ချုပ်ရေး၊တရားစီရင်ရေးစတဲ့ ယန္တရား‌တွေမှာ အရည်အချင်းအလိုက်ပါ၀င်ထမ်းဆောင်ခွင့်ပေးဖို့ လိုအပ်တယ်လို့လည်း ဆိုကြပါတယ်။

“အာဏာရှင်တွေ အရင်ကလုပ်ခဲ့တဲ့ ဘယ်လူမျိုးကတော့စစ်မှုမထမ်းရဘူး။ဘယ်လူမျိုးကတော့ ရဲမလုပ်ရဘူး။ဘယ်လူမျိုးကတော့ အုပ်ချုပ်ရေးစနစ်မထဲမှာမပါရဘူး။အဲလိုမျိုး ကန့်သတ်ထားတာမဟုတ်ဘဲနဲ့ ရခိုင်ဒေသမှာရှိတဲ့ ဘယ်လူမျိုးမဆို အရည်အချင်းရှိတဲ့သူအရည်အချင်းရှိသလောက် သူ့ကိုတာဝန်ပေးရလိမ့်မယ်လို့ ယူဆပါတယ်။” လို့ ဦးမောင်မောင်ကြည်က သူ့အမြင်ကို ပြောပါတယ်။

ခုပကတိအခြေအနေမှာတော့ ULA/AA ရဲ့ စစ်ဖက်နဲ့ အရပ်ဖက်ယန္တရားတွေမှာ မူဆလင်တွေ၊ချင်းတွေအပါအ၀င် အာရက္ခပြည်တွင်းမှ လူမျိုးစုံပါ၀င်ထမ်းဆောင်နေတာရှိတယ်လို့ အာရက္ခပြည်သူတွေက အတည်ပြုပြောဆိုထားကြပါတယ်။

“ဗုဒ္ဓဘာသာမဟုတ်တဲ့ ချင်းလူမျိုးတွေ၊မူဆလင်တွေကလည်း အုပ်ချုပ်ရေးယန္တားတွေမှာ ပါဝင်လာတာကို တွေ့ရပါတယ်။ဘူးသီးတောင်မှာဆိုရင်မူဆလင်ရေးရာတွေဖွဲ့ပြီးတော့ မူဆလင်တွေကို ယူနီဖောင်းဝတ်၊ခါးမှာပစ္စတိုချိတ်ပြီးသွားနေကြတာကိုလည်း ပုံစံအမျိုးမျိုးနဲ့ မြင်ရပါတယ်။” လို့ ဘူးသီးတောင်ဒေသခံတဦးက ပြောပါတယ်။

ULA/AA ကလည်း သူတို့ရဲ့ ယန္တရားတွေမှာ လူမျိုး၊ဘာသာမခွဲခြားဘဲအရည်အချင်းအလိုက် အရာရှိအဆင့်တွေထိပါ တာ၀န်ထမ်းဆောင်နေသူတွေအများအပြားရှိတယ်လို့ ပြောဆိုထားပြီး ရုပ်သံ၊ဓါတ်ပုံမှတ်တမ်းတွေနဲ့ပါ ထုတ်ပြန်ထားတာတွေ ရှိပါတယ်။

အာရက္ခပြည်တွင်းနေထိုင်ကြတဲ့ လူမျိုး၊ ဘာသာစုံဒေသခံတွေအနေနဲ့လည်း အစိုးရယန္တရားတွေမှာ ပိုမိုပါ၀င်ခွင့်ရဖို့ အရည်အချင်းပြည့်မီအောင် ကြိုးစားသင့်ပြီး ပူးပေါင်းဆောင်ရွက်ကြဖို့၊ နိုင်ရာတာ၀န်ထမ်းကြဖို့ လိုအပ်တယ်လို့လည်း အာရက္ခပြည်သူတွေကအကြံပြုကြပါတယ်။

အရည်အသွေးပြည့်မီပြီး လက်ရှိတာ ၀န်ထမ်းဆောင်‌နေသူတွေကလည်း လူနည်းစုတွေကို လက်တွဲခေါ်ဖို့ လိုအပ်တယ်လို့ လူနည်းစုတွေက ဆိုကြပါတယ်။

“တည်ငြိမ်သောအစိုးရဖြစ်လာရင်၊အားကြီးသူက အားနည်းသူကို ဖေးကူးပေးရင်တန်းတူဖြစ်လာမယ်လို့ ထင်ပါတယ်။” လို့ သက်လူမျိုးစုခေါင်းဆောင်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟော င်း ဦးလှထွန်းကျော်က ပြောပါတယ်။

အခွင့်အ‌ရေးမပေး၊ပစ်ပယ်ထားရင်ဘာဖြစ်လာမလဲ

အဲဒီလိုမျိုး အာရက္ခပြည်တွင်းမှ စုံလင်လှတဲ့ လူမျိုးစုံ၊ဘာသာစုံပြည်သူတိုင်းကို တန်းတူအခွင့်အရေးပေး၊နေရာပေးတာတွေ ရေရှည်ဆက်ပေးတာမရှိဘူးဆိုရင်တော့ ပြည်တွင်း ဆန့်ကျင်ပုန်ကန်ဆူပူမှုတွေ ရှိလာနိုင်တယ်လို့ အကဲခ တ်တွေက ထောက်ပြကြပါတယ်။

“ခွဲခြားမှုရှိလာမယ်ဆိုရင်တော့ ဘယ်လိုဖြစ်လာမလဲပြောဖို့တောင် လိုမယ်မထင်ဘူး။အရပ်ဒေသတည်ငြိမ်မှုရှိလာမှာ မဟုတ်ဘူး။ဆူပူမှုတွေဖြစ်လာမယ်။မလိုတမာအဖွဲ့တွေနဲ့ ပေါင်းလာမယ်။ ပ ဋိပက္ခအသွင်ဆောင်လာမယ်။”လို့ ရိုဟင်ဂျာအမည်ခံအကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေရှိတဲ့ မောင်တောဒေသခံ ဦးလှထွန်းကျော်က ပြောဆိုပါတယ်။

အဲဒီလို အာရက္ခပြည်တွင်း‌နေ လူမျိုး၊ဘာသာစုံ ပြည်သူတိုင်းကို တူညီတဲ့အခွင့်အရေးတွေပေးတဲ့နေရာမှာလည်း ရေရှည်ခိုင်မာတည်တံ့စနစ်ကျစေဖို့အတွက် တိကျခိုင်မာတဲ့မူဝါဒတွေ၊ ဥပဒေတွေ ရေးဆွဲချမှတ်ထားဖို့လိုအပ်တယ်လို့ လူနည်းစုတွေက ထောက်ပြကြပါတယ်။

အဲဒါကြောင့် အာရက္ခ‌ဒေသတခုလုံးကို အုပ်ချုပ်လာရမယ့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့ နိုင်တကာစံနဲ့ညီပြီး လူမျိုး၊ဘာသာအားလုံးအတွက် အကာအကွယ်ပေးနိုင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတရပ်ကို အမြန်ဆုံးရေးဆွဲသင့်တယ်လို့ နိုင်ငံတကာအသိုင်းအဝိုင်း အကြံပြုထောက်ပြကြပါတယ်။

“ဘယ်လူမျိုးစုမဆို၊ ဘယ်လူသားပင်မဆို လူကြီး၊လူငယ်၊အိုရင့်နေတဲ့ လူတွေပင်မဆို ဒီမူဟာဒီမူ၊ဒီဥပဒေဟာဒီဥပဒေဆိုတာကို သတ်မှတ်ပေးနိုင်ရင်တော့ တကယ့်ကို လိုလားတောင့်တဲ့နိုင်ငံတခုကိုရရှိလာမယ်။မြင်တွေ့လာရမှာဖြစ်တယ်။” လို့ သက်လူငယ်ကိုပန်းကျော်ဒူးက သူမျှော်လင့်တဲ့အနာဂတ်အာရက္ခပြည်နဲ့ပတ်သက်ပြီး သူ့အမြင်ကို ပြောပါတယ်။

အဲဒါကြောင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးအရနေနဲ့ တည်ငြိမ်အေးချမ်းတဲ့ အာရက္ခဒေသကို တည်ဆောက်ချင်ရင်တော့ တော်လှန်ရေးအလွန်ကာလတွေမှာလည်း ပြည်သူတိုင်းကို ကျောသားရင် သားမခွဲခြား၊တန်းတူအခွင့်အရေးပေး အပ်လာရမှာဖြစ်တယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

“Justice (တရားမျှတမှု) ဖြစ်ဖို့လိုတယ်။လူ့အခွင့်အရေးတွေကို လေးစာလိုက်နာဖို့လိုမယ်။ကျောသားရင်သား မခွဲခြားဘဲပေါ့နော်။ majority(လူများစု)ဖြစ်ဖြစ်။ minority(လူနည်းစု) ဖြစ်ဖြစ်။အဲလိုပုံစံမျိုးဆိုရင်တော့ အကုန်လုံး အကျုံး၀င်သွားမယ်ထင်ပါတယ်။” လို့ ရခိုင်မျိုးနွယ်စု၀င်ကမန်လူမျိုး၊ လူငယ်အမျိုးသမီးတဦးက ပြောပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ စစ်တွေ၊ကျောက်ဖြူ၊မာန်အောင်သုံးမြို့နယ်ကို တိုက်ခိုက်သိမ်းပိုက်ဖို့ကျန်နေပြီး စစ်တွေနဲ့ကျောက်ဖြူမှာ နှစ်ဘက်စစ်ရေးတင်းမာနေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲပြီးဆုံးသွားရင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ အာရက္ခဒေသက စုံလင်ကွဲပြားလူမှုဘဝတွေတည်ဆောင်ကြပြီး ဘယ်လိုဥပဒေတွေ၊မူဝါဒတွေကို ပွင့်လင်းမြ င်သာမှုရှိရှိ ရေးဆွဲထုတ်ပြန်အကောင်အထည်ဖော်မလဲဆိုတာကို စောင့်ကြည့်ရဦးမယ်လို့ လူနည်းစုတွေက ဆိုကြပါတယ်။

PrevPreviousအသက်လုပြေးကာ အငတ်ဘေးကို အံတုရှင်သန်နေကြရသူတွေ
Nextတရုတ်ပြည်သူ့သမ္မတနိုင်ငံ၏အပြော င်းအလဲအပေါ်လေ့လာခြင်းNext
Previous Post

အသက်လုပြေးကာ အငတ်ဘေးကို အံတုရှင်သန်နေကြရသူတွေ

Next Post

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏အပြော င်းအလဲအပေါ်လေ့လာခြင်း

Comments 1

  1. ekzotichni_umpa says:
    6 months ago

    Путешествие в тропики: как выбрать?.
    Екзотични почивки last minute [url=https://www.ekzotichni-pochivki.com/]https://www.ekzotichni-pochivki.com/[/url] .

    Reply

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ကျွန်းနီပေါ်က ဆထရိုကာဆထရန်နာ ဂျော်လီရိုဂျာ

October 14, 2025
(ဓာတ်ပုံ - လူငယ်တွေခက်ခက်ခဲခဲနေရပ်စွန့်ခွာနေကြပုံ / BNA)

စစ်မှုထမ်းဥပဒေကြောင့် မြန်မာလူငယ်တွေကြား မလုံခြုံမှုအဆိုးဆုံးဖြစ်နေ

October 14, 2025
Photo - TLEC

စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ TLEC ရဲ့စာသင်ကျောင်းတွေပျက်စီး

October 14, 2025

လွိုင်လင်လေးတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်ဆယ်ဦးသေဆုံး

October 14, 2025

မယ်သမီခီးကျေးရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ အရပ်သားတချို့ဒဏ်ရာရ

ကျွန်းနီပေါ်က ဆထရိုကာဆထရန်နာ ဂျော်လီရိုဂျာ

စစ်မှုထမ်းဥပဒေကြောင့် မြန်မာလူငယ်တွေကြား မလုံခြုံမှုအဆိုးဆုံးဖြစ်နေ

စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ TLEC ရဲ့စာသင်ကျောင်းတွေပျက်စီး

နမ့်ဆန်ကို စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးတဦးသေဆုံး

လွိုင်လင်လေးတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်ဆယ်ဦးသေဆုံး

Releated Post

မယ်သမီခီးကျေးရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ အရပ်သားတချို့ဒဏ်ရာရ

October 14, 2025

ကျွန်းနီပေါ်က ဆထရိုကာဆထရန်နာ ဂျော်လီရိုဂျာ

October 14, 2025
(ဓာတ်ပုံ - လူငယ်တွေခက်ခက်ခဲခဲနေရပ်စွန့်ခွာနေကြပုံ / BNA)

စစ်မှုထမ်းဥပဒေကြောင့် မြန်မာလူငယ်တွေကြား မလုံခြုံမှုအဆိုးဆုံးဖြစ်နေ

October 14, 2025
Photo - TLEC

စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ TLEC ရဲ့စာသင်ကျောင်းတွေပျက်စီး

October 14, 2025

နမ့်ဆန်ကို စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးတဦးသေဆုံး

October 14, 2025

လွိုင်လင်လေးတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်ဆယ်ဦးသေဆုံး

October 14, 2025

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page