Border News Agency
ကော့ဘဇား၊ ဇူလိုင် ၁၂။
အာရက္ခဒေသက လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ပြီးခဲ့တဲ့တဆယ့်ရှစ်လအတွင်း ရိုဟင်ဂျာတသိန်းငါးသောင်းခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြရတယ်လို့ ကုလသမဂ္ဂအဖွဲ့မှ ဇူလို င်လ ၁၁ ရက်နေ့က ထုတ်ပြန်ပါတယ်။
“ဒါဟာ ၂၀၁၇ ခုနှစ်နောက်ပိုင်း ရိုဟင်ဂျာဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို အများဆုံးဝင်ရောက်လာမှု ဖြစ်ပါတယ်။” လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)ရဲ့ပြောခွင့်ရဘာလော့ခ်က ဂျီနီဗာမြို့မှာသတင်းထောက်တွေကို ပြောခဲ့ပါတယ်။
၂၀၁၇ ခုနှစ်ကတော့ ရိုဟင်ဂျာခုနှစ်သိ န်းငါးသောင်းခန့်ဟာ အစုလိုက်အပြုံ လိုက်ထွက်ပြေးရတာမျိုးဖြစ်ပေမယ့် ခုတော့ တဖြည်းဖြည်းနဲ့ထွက်ပြေးသူတွေများလာတာလို့ ဆိုပါတယ်။
အဲဒီဒုက္ခသည်တွေဟာ လူဦးရေတသန်းနီးပါးရှိနေပြီဖြစ်တဲ့ ကော့ဘဇားဒုက္ခသ ည်စခန်းမှာ ခိုလှုံဖို့ကြိုးစားနေကြပြီး ဒုက္ခသည်တွေဘေးကင်းအောင်စီမံခန့်ခွဲဖို့၊ခိုလှုံခွင့်ပေးဖို့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေကို ကုလသမဂ္ဂတာဝန်ရှိသူတွေတောင်းဆိုနေကြတယ်လို့လည်း ဆိုပါတယ်။
အသစ်ထွက်ပြေးရောက်ရှိလာသူတသိန်းခွဲခန့်ထဲက လူဦးရေတသိန်းနှစ်သောင်းတထောင်နီးပါးကို ဇီဝအချက် အလက်ဆိုင်ရာမှတ်ပုံထားပြီးဖြစ်ပေမယ့် စခန်းထဲမှာ နောက်ထပ်လူအများအပြားတရားမဝင်နေထိုင်နေတယ်လို့လည်း ဆိုပါတယ်။
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ပြီးခဲ့တဲ့နှစ်အတွက် လူ သားချင်းစာနာမှုဆိုင်ရာအကူအညီဒေါ် လာနှစ်ရာ့ငါးဆယ်ငါးသန်းတောင်းခံထားပေမယ့်သုံးဆယ့်ငါးရာခိုင်နှုန်းသာ ရရှိသေးတယ်လို့ ဆိုပါတယ်။
နောက်ထပ်ရန်ပုံငွေတွေမရရှိခဲ့ရင် ဒုက္ခသည်တွေအတွက်ကျန်းမာရေးဝန်ဆောင်မှုတွေဟာ လာမယ့်စက်တင်ဘာလမှာ ပြတ်တောက်သွားမှာဖြစ်သလို ချက်ပြု တ်ရေးလောင်စာတွေလည်းဒီဇင်ဘာလမှာ ကုန်သွားတော့မယ် လို့ဆိုပါတယ်။
အဲဒီအပြင်စားနပ်ရိက္ခာအကူအညီတွေပါရပ်တန့်သွားမှာဖြစ်ပြီး အသစ်ရော က်ရှိလာသူတွေထဲက လူခြောက်သိန်းသုံးထောင်အပါအဝင်ရိုဟင်ဂျာက လေးငယ် နှစ်သိန်းသုံးသောင်းအတွက် ပညာရေးလည်းရပ်ဆိုင်းသွားမယ့်လို့ဆိုပါတယ်။
Comments 1
bk2tnz