Border News Agency
စစ်ကိုင်း၊ ဇူလိုင် ၁၆။
စစ်ကိုင်းနဲ့ချမ်းမြသာစည်မြို့နယ်မှာ ငွေကျပ် ၂၀ ဒသမ ၂၂၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားကိုးသန်းကျော်၊ဘိန်းဖြူ ၂၂ ကီလိုဖမ်းဆီးရမိထားတယ်လို့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဗဟိုကော်မတီမှ ဇူလိုင်လ ၁၅ ရက်နေ့ထုတ်ပြန်ပါတယ်။
စစ်ကိုင်းမြို့၊နီလာရပ်ကွက်၊ခရိုင်ချင်းဆက်လမ်းမှာ ဇူလိုင်လ ၇ ရက်နေ့ကကျော်မင်းထွန်းမောင်းနဲ့ကျော်ထက်အောင်မောင်းလာတဲ့(HYUNDAI STAREX) မော်တော်ယာဉ်နဲ့ ဟန်ဌေးမောင်းတဲ့(HYUNDAI STAREX) မော်တော်ယာဉ်နှစ်စီးကိုဖမ်းဆီးရှာခဲ့တယ်လို့ဆိုပါတယ်။
အဲဒီကားနှစ်စီးမှာ စိတ်ကြွရူးသွပ်ဆေးပြား ၅ ဒသမ ၂၅ သန်းနဲ့ ဘိန်းဖြူ ၂၂ ကီလို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီဆေးတွေကို ဟိန်းမင်းလတ်ကယူဆောင်ခိုင်းခဲ့တာဖြစ်ပြီး ဇူလိုင်လ ၈ ရက်နေ့မှာ ကျောက်ဆည်မြို့၊မင်းရပ်ရပ်ကွက်၊မြို့ရှောင်လမ်းပေါ်ရှိတည်းခို ခန်းမှာ(FORD RANGER)မော်တော် ယာဉ်တစီးနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီမူးယစ်ဆေးဝါးတွေကို မန္တလေးမှကလေးသို့ ရောင်းတာဖြစ်တယ်လို့ဆိုပါတယ်။
အဲဒီအပြင် ဗန်ကျဲအိုမန်းနဲ့ရွန်လှေကျုံးကို ချမ်းမြသာစည်မြို့နယ်၊ထွန်တုံးရပ် ကွက်၊ ၁၁၁ အိုင်လမ်းရှိနေအိမ်မှာ စိတ် ကြွရူးသွပ်ဆေးပြား ၄ သန်း၊မူးယစ်ဆေးဝါးသယ်ဆောင်ရာမှာအသုံးပြုတဲ့ ဆီဘောက်ဆာယာဉ် ၂ စီး၊(TOYOTA HILUX SURF)မော်တော်ယာဉ်တစီးနဲ့အတူဆက်ဖမ်းခဲ့တယ်လို့ဆိုပါတယ်။
သူတို့နဲ့အတူ စုစုပေါင်းစိတ်ကြွရူးသွပ်ဆေးပြား ၉ ဒသမ ၂၅ သန်း၊ဘိန်းဖြူ ၂၂ ကီလိုဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်။
အဲဒီမူးယစ်ဆေးဝါးတွေကို ရှမ်းပြည်နယ်မြောက်ပိုင်း၊မိုင်းရယ်မှမန္တလေးသို့ သယ်ဆောင်ခိုင်းသူ ရှမ်းလေး၊အောင်မြင့်ထွန်းနဲ့မန္တလေးမှ ကလေးသို့သယ် ဆောင်ခိုင်းသူစံရန်းဖြစ်တယ်လို့ဆိုပါတယ်။
သူတို့တွေကို ဥပဒေအရအရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူတွေကိုဆက်ပြီးဖော်ထုတ်နေတယ်လို့ဆိုပါတယ်။
အဲဒီမူးယစ်ဆေးဝါးရောင်းဝယ်တာတွေကရတဲ့ ငွေကြေးတွေ၊ ပိုင်ဆိုင်မှုတွေကို ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူနိုင်ဖို့ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
Comments 1
ixgdt9