Border News Agency
မီဇိုရမ်၊ ဇူလိုင် ၁၈။
ချင်းပြည်နယ်မှာ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့နှစ်ခု ယာယီအပစ်အခတ်ရပ်စဲရေး သဘော တူညီ ချက် ရရှိခဲ့ပြီးနောက် တိုက်ပွဲကြောင့် အိန္ဒိယနိုင်ငံကို ထွက်ပြေးခဲ့ကြရတဲ့ ချင်းဒုက္ခသည် ၃၀၀၀ ခန့် နေရပ်ပြန်သွားကြပြီလို့ အိန္ဒိယအခြေစိုက် The Statesman သတင်းက ဇူလိုင် ၁၇ ရက် နေ့က ဖော်ပြပါတယ်။
ဇူလိုင်လ ၁၆ ရက်နေ့အထိ အိန္ဒိယနယ်စပ်ကျေးရွာတွေဖြစ်တဲ့ ဇိုခေါထား (Zokhawthar) က လူပေါင်း ၂၉၂၃ ဦးနဲ့ ဗိုင်ဖိုင် (Vaiphai) ကျေးရွာက ၃၉ ဦး၊ စုစုပေါင်း ၂၉၆၃ ဦးနေရပ်ပြန်သွားကြတာလို့ အိန္ဒိယ ရဲအရာရှိတစ်ဦးက အတည်ပြုပါတယ်။
ချင်းတော်လှန်ရေးလက်နက်ကိုင်နှစ်ဖွဲ့ဖြစ်တဲ့ ချင်းအမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (CNDF) နဲ့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF-Hualngoram) တို့အကြား ဖြစ်ပွားတဲ့ တိုက်ပွဲ တွေကြောင့် ချင်းဒုက္ခသည် ၄၅၀၀ ကျော် ဇုလိုင်လ အစောပိုင်းက အိန္ဒိယနိုင်ငံကို ထွက်ပြေးခဲ့ကြရတာပါ။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်ပဋိပက္ခ တွေကြောင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးခိုလှုံနေတဲ့ မြန်မာဒုက္ခသည် ၃၂၀၀၀ ကျော် ရှိပါတယ်။
အဲဒီဒုက္ခသည်တွေကို အိန္ဒိယအစိုးရက ဇူလိုင်လကုန်မှာ ဇီဝဆိုင်ရာနဲ့ လူဦးရေဆိုင်ရာ အချက်အလက် တွေ ကောက်ယူဖို့ ပြင်ဆင်နေပါတယ်။