Border News Agency
ကျောက်ဖြူ၊ ဇူလိုင် ၃၁။
ကျောက်ဖြူမြို့နယ်၊မင်းရပ်တိုက်နယ်၊သဒွတ္ထိန်ရွာဘုန်းကြီးကျောင်းကို ဇူလိုင်လ ၃၁ ရက်၊မနေ့က စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ ရွယ်ရည်ချက်ရှိရှိ သဒွတ္ထိန်ရွာဘုန်းကြီးကျောင်းကိုဗုံးနှစ်လုံးနဲ့တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလိုဗုံးကြဲခဲ့တာကြောင့် သဒွတ္ထိန်ရွာ ဘုန်းကြီးကျောင်းဆောင်ကြီး၊ သံဃာတန်း၊ ဘုန်းကြီးကျောင်းသိမ်၊ဓမ္မာရုံခေါင်မိုးနဲ့နံရံတချို့ပျက်စီးသွားတယ်လို့ဆိုပါတယ်။
အဲဒီကျောက်ဖြူမြို့နယ်၊ ကျောက်ပြောက်ရွာဘုန်းကြီးကျောင်းနဲ့ ကုလဘာရွာကိုပြီးခဲ့တဲ့ဇူလိုင်လ ၂၃ ရက်နေ့ကလည်းစစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်သက်တော်ကိုးဆယ်သုံးနှစ်နှစ်အရွယ်ဆရာတော်ကြီးတပါးနဲ့အရပ်သားတဦး ဒဏ်ရာရသွားခဲ့ပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေကို စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်တာ၊လက်နက်ကြီးပစ်ခတ်တာတွေ မကြာခဏပြုလုပ်နေလို့ အရ ပ်သားပြည်သူတွေ သေဆုံး၊ဒဏ်ရာရနေကြပါတယ်။