Border News Agency
ကိုးကန့်၊ သြဂုတ် ၂။
မဟာမိတ်တပ်တော်စစ်ဦးစီးဌာနရဲ့အပတ်စဉ် ၁ အခြေခံစစ်သင်တန်းတတိယတပ်ခွဲဆင်းပွဲကို ဇူလိုင်လ ၃၁ ရက်နေ့ကပြုလုပ်ခဲ့တယ်လို့ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်က သြဂုတ်လ ၂ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီအခမ်းအနားသို့ စစ်ဦးစီးဌာန စစ်ရေးလေ့ကျင့်ရေးဦးစီးဌာနမှူးဒုတိယဗိုလ်မှူးကြီး Mr. Zi Guo Jun ၊သင်တန်းတပ်ခွဲမှူး ဗိုလ်ကြီး Mr. Zhao Jin Shun ၊တတိယတပ်ခွဲအဆင့်ဆင့်မှကေဒါတွေနဲ့သင်တန်းကျောင်းသားနှစ်ရာကျော်တက်ရောက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီသင်တန်းဆင်းပွဲကို အပတ်စဉ် ၁ အခြေခံစစ်သင်တန်းတတိယတပ်ခွဲ ဒုတိယအဖွဲ့အဖွဲ့ခေါင်းဆောင် Mr. Su Yu Biao က ဦးဆောင်ကျင်းပခဲ့တာလို့ဆိုပါတယ်။
အဲဒီသင်တန်းမှာ ထူးချွန်အတန်းခေါင်းဆောင်တွေနဲ့သင်တန်းသားတွေကို ဂုဏ်ထူးဆောင်လက်မှတ်တွေပေးအပ်ခဲ့တယ်လို့ဆိုပါတယ်။











