Border News Agency
မိုးကုတ်၊ သြဂုတ် ၁၀။
မိုးကုတ်မြို့အရှေ့ပိုင်းကို သြဂုတ်လ ၉ ရက်၊မနေ့ ညနေ ၆ နာရီ ၅၁ မိနစ်အချိန်က စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်လို့ သံဃာတော်တပါးအပါအဝင်လေးဦးသေဆုံးပြီးနှစ်ဦးဒဏ်ရာရသွားတယ်လို့ တအာင်းတပ်မတော်က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ဟာ မိုးကုတ်မြို့အရှေ့ပိုင်းရှိကျောက်နဂါးဘုန်းကြီးကျောင်းကို ပေါင် ၅၀၀ ဗုံးနှစ်လုံးနဲ့တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီဗုံးကျရောက်ပေါက်ကွဲလို့ သံဃာတော်တပါး၊ကလေးနှစ်ဦး၊အမျိုးသမီးတဦးနဲ့ အမျိုးသားတဦးသေဆုံးခဲ့ပြီး သံဃာတော် တပါးနဲ့အမျိုးသားတဦးဒဏ်ရာရသွားသလို နေအိမ်ငါးအိမ်ပျက်စီးသွားတယ်လို့ဆိုပါတယ်။
အဲဒီသီပေါမြို့၊ပန်းတိမ်တောင်ရပ်ကွက်ကိုလည်း မနေ့ညနေက ပေါင်၂၅၀ဗုံးသုံးလုံးနဲ့တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသားတဦးဒဏ်ရာရသွားသလို နေအိမ်ခုနှစ်လုံးပျက်စီးသွားတယ်လို့ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ မိုးကုတ်မြို့ကိုပြီးခဲ့သည့် ဇူလိုင်လမှ ဩဂုတ်လ၈ရက်နေ့အထိ လေကြောင်းမှခြောက်ကြိမ်ထိတိက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒါကြောင့် ကလေးသုံးဦး၊သံဃာတော်တပါး၊အမျိုးသမီးတဦးနဲ့ အမျိုးသားဆယ့်ခြောက်ဦးသေးဆုံးခဲ့ရပြီး ကလေးလေးဦး၊ အမျိုးသမီးဆယ့်လေးဦးနဲ့ အမျိုးသားသုံးဆယ်ကိုးဦးဒဏ်ရာရသွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင်နေအိမ်လေးဆယ်ရှစ်လုံး၊ ကားသုံးစီးနဲ့ ဆိုင်ကယ်သုံးစီးတို့ပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒါကြောင့်စစ်ကောင်စီတပ်လေကြောင်းရန်ကိုရှောင်နိုင်ဖို့ စစ်ရေးသတိအမြဲရှိဖို့လိုအပ်ပြီး လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကို ပြည်သူတွေလိုက်နာကြဖို့လိုအပ်တယ်လို့ တအာင်းတပ်မတော်က အသိပေးထုတ်ပြန်ထားပါတယ်။