Border News Agency
ကော့စ်ဘဇား၊ သြဂုတ် ၂၁။
ရိုဟင်ဂျာတွေရင်ဆိုင်နေရတဲ့အခြေအ နေတွေနဲ့ပတ်သက်လို့ အကျိုးစီးပွားပါ ဝင်ပတ်သက်သူများရဲ့ဆွေးနွေးပွဲ (Stakeholders Dialogue)ကို ကောစ့်ဘဇားမှာ ကျင်းပမယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနရုံးကဩဂုတ် လ ၂၁ ရက်၊ ဒီနေ့ညနေထုတ်ပြန်ပါတယ်။
အဲဒီဆွေးနွေးပွဲကို ဩဂုတ်လ ၂၄ ရက်နေ့မှ ဩဂုတ်လ ၂၆ ရက်နေ့ထိ သုံးရက်ကျင်းပမှာပါ။
ဒီဆွေးနွေးပွဲဟာ လာမယ့် စက်တင်ဘာ လ ၃၀ရက် နယူးယောခ်မှာပြုလုပ်မယ့် ရိုဟင်ဂျာအကြပ်အတည်းအပေါ် ဆွေးနွေးကြမယ့် အဆင့်မြင့်ဆွေးနွေးပွဲတွေအတွက် အကြိုဆွေးနွေးကြမှာပါ။
နယူယောခ်ဆွေးနွေးပွဲကအချက်တွေကို ကုလသမဂ္ဂအထွေထွေညီလာခံမှာ တင်ပြသွားမယ်လို့ ဆိုပါတယ်။
ပြည်တွင်းပြည်ပကျွမ်းကျင်သူတွေ၊သံ တမန်တွေ၊နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ပညာရှင်တွေ၊ရိုဟင်ဂျာကိုယ်စားလှယ်တွေ ပါဝင်ကြမှာပါ။
အဲဒီဆွေးနွေးပွဲမှာ ရိုဟင်ဂျာအမျိုးသား၊ အမျိုးသမီး၊ လူငယ်အသံတွေကို ဒီဆွေးနွေးပွဲတွေက ကြားရမှာပါ။
အဲဒီအပြင် ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ရံပုံငွေအခက်အခဲတွေ၊ ရခိုင်ပြည်ထဲကအခြေအနေတွေ၊ ဂုဏ်သိက္ခာရှိစွာနေရပ်ပြန်နိုင်ရေးတွေ၊ အကြပ်အတည်းကို ရေရှည်စိတ်ချရတဲ့ဖြေရှင်းနည်းတွေကိုလည်း ဆွေးနွေးကြမှာပါ။
လူသားချင်းစာနာမှုအကူအညီ၊ နေရပ်ပြန်နိုင်ရေးအတွက် ယုံကြည်မှုတည်ဆောက်ရေး၊ ရက်စက်ကြမ်းကြုတ်မှုတွေကို တာဝန်ခံမှုရှိစေရေး၊ ရိုဟင်ဂျာအကြပ်အတည်းအပေါ်ရေရှည်စိတ်ချရပြီးအချိန်ကာလမူဘောင်သတ်မှတ်ထားနိုင်တဲ့ဖြေရှင်းနည်းတွေကို ဆွေး နွေးကြမယ်လို့ဆိုပါတယ်။






