Border News Agency
ရန်ကုန်၊ သြဂုတ် ၂၂။
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်နဲ့ ကွမ်းခြံကုန်းမြို့နယ်မှာ ရခိုင်နဲ့မလေးရှားရေပိုင်နက်ပို့မယ့် မူးယစ်မှောင်ခိုဂိုဏ်းကို ဖမ်းဆီးရမိတယ်လို့မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဩဂုတ် ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။
အဲဒီမှာ ကျပ် ၂၅၇ ဘီလီယကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၁၈ သိန်းအပါအဝင် မူးယစ်ဆေးဝါးတွေဖမ်း ဆီးရမိတာပါ။
ရွှေပြည်သာမြို့နယ်၊အမှတ် ၄ လမ်းမကြီးနဲ့ ငါးကန်လမ်းထောင့်မှာ အောင်လင်းမောင်းလာတဲ့ Canter Box ယာဉ်နဲ့ သောင်းထွန်း မောင်းလာတဲ့ Subaru Stella ယာဉ်မှာ ဩဂုတ် ၅ ရက်နေ့က စိတ်ကြွရူးသွပ်ဆေးပြားသိန်းလေးဆယ်ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီစိတ်ကြွရူးသွပ်ဆေးပြားတွေ တာဝ န်ခံသယ်ဆောင်ခိုင်းသူထွန်းသိန်းကို ရွှေပြည်သာမြို့နယ်၊အမှတ် ၄ ရပ်ကွက်ရှိဂိုထောင်မှာ ဩဂုတ် ၅ ရက်နေ့က စိတ် ကြွရူးသွပ်ဆေးပြား ၁၇၈ သိန်း၊Toyota Rush ယာဉ်နဲ့အတူကျပ် ၂၁ ဒသမ၈ဘီ လီယံတန်ဖိုးရှိတဲ့ စိတ်ကြွရူးသွပ်ဆေး ပြား ၂၁၈ သိန်းဖမ်းဆီးရမိတာလို့ ဆိုပါတယ်။
ကွမ်းခြံကုန်းမြို့နယ်၊အောင်ဇေယျကျေးရွာရှိပုဇွန်ကန်အနီးမှာ မလေးရှားရေပိုင်နက်ကိုပို့မယ့်ကျပ် ၉၄ ဒသမ ၉၅ ဘီလီယံတန်ဖိုးရှိတဲ့ စိတ်ပြောင်းဆေးဝါးကက်တမင်း ၁၈၉၉ ကီလိုကို သြဂုတ်လ ၁၁ ရက်နေ့က သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
ဆက်လက်ပြီး ဩဂုတ် ၁၃ ရက်မှာ ကျော်စွာဝင်း (ကွမ်းခြံကုန်း)က မူးယစ်ဆေးဝါးတွေ သယ်ဆောင်ရာမှာ အသုံးပြုဖို့ စီ စဉ်ထားတဲ့ စက်လှေကို ထိန်းသိမ်းထားသူ ကျော်စိုးခိုင် ကိုလည်း မြိတ်မြို့၊ မြိတ်မြို့တောင်းရွာ နန်းသူဇာတံတားမှာ ဖမ်းမိခဲ့ပါတယ်။
အဲဒီနောက် ကျော်စွာဝင်း (ကွမ်းခြံကုန်း) ရဲ့ ဖော်ထုတ်ချက်အရ မလေးရှား ရေပိုင်နက်ကို သယ်ဆောင်မယ့် အိုက်စ် (မက်သ် အဖက်တမင်း) တွေကို ကွမ်းခြံကုန်းမြို့နယ်၊အောင်ဇေယျကျေးရွာ၊လက်ခုပ်ကုန်းကျေးရွာနဲ့လ က်ခုပ်ကုန်း- ဆယ်အိမ်ကုန်းရွာသွားလမ်းတွေမှာ ကျပ် ၁၄၀ ဒသမ ၃၅၅ ဘီလီယံတန်ဖိုးရှိတဲ့ အိုက်စ် (မက်သ်အ ဖက်တမင်း) ၅၆၁၄ ဒသမ ၂ ကီလိုကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
ရခိုင်ကတဆင့် မြန်မာ-ဘင်္ဂလားဒေ့ရှိ နယ်စပ်ကိုသယ်မယ့်တာဝန်ခံမှာ ထွန်းသိန်း ဖြစ်တယ်လို့ ဆိုပါတယ်။
ရခိုင်၊မြေပုံမြို့ကို စိတ်ကြွဆေးပြားတွေရောက်ရှိရင် AA အဖွဲ့က ဗိုလ်မှူးအဆင့်ရှိတဲ့ကိုရေး(အကောက်ခွန်မှူး) ဆီရခိုင်ဖြတ်သန်းခစိတ်ကြွရူးသွပ်ဆေး ပြား တသောင်းကို ကျပ်သုံးသိန်း အခွ န်ပေးဆောင်ရတယ်လို့ ဆိုပါတယ်။
အဲဒီဖမ်းမိသူ ၁၃ ယောက်အပါအဝင် ဖမ်းဖို့ကျန်သူ ၉ ယောက်ကို မူးယစ်ဆေးဝါးစိတ်ဥပဒေအရ အရေးယူထားပြီး ကွင်းဆက်တွေကိုလည်း ဆက်ဖော်နေတယ်လို့ ဆိုပါတယ်။






