Border News Agency
စစ်ကိုင်း၊ ဩဂုတ် ၂၃။
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့အရှေ့ခြမ်းရှိ ဆေးရုံနဲ့စာသင်ကျောင်းကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားသုံးဦးသေဆုံးပြီးရှစ်ဦးဒဏ်ရာရသွားတယ်လို့ ပကဖအသံက သြဂုတ်လ ၂၂ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်ဟာ ဩဂုတ်လ ၂၀ ရက်နေ့ကလေကြောင်းတိုက်ခိုက်မှုလေးကြိမ်ပြုလုပ်ပြီးဗုံးအလုံးသုံးဆယ်ကျော်အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တရားမဝင်ရွေးကောက်ပွဲကျင်းပဖို့ ကြေညာထားတဲ့ စစ်ကော်မရှင်ဟာ အရပ်သားတွေကိုဦးတည်တဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုဆက်တိုက်ပြုလုပ်နေတယ်လို့ဆိုပါတယ်။










