Border News Agency
ချင်းပြည်၊ သြဂုတ် ၂၄။
ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေထွက်ပြေးတုန်းကဝှက်ထားခဲ့တဲ့ လက်နက်ခဲယမ်းတွေကို ဒေသခံပြည်သူတွေကလာရောက်အပ်နှံတာကြောင့် ဆုငွေတွေချီးမြင့်ခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့-မင်းတပ်မှ သြဂုတ်လ ၂၄ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီမြို့သိမ်းတိုက်ပွဲအတွင်း ထွက်ပြေးသွားကြတဲ့ စစ်ကော်မရှင်တပ်ဖွဲ့၀င်တွေဟာ လက်နက်ခဲ့ယမ်းတွေကို မြေဖို့ပြီးဝှက်ထားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီ မြေဖို့ပြီးဝှက်ထားခဲ့တဲ့ MA4 တလက်၊ MA 3တလက်၊ MA1တလက်၊ ၄၀ မမ ဗုံးသီးငလုံးနဲ့ အခြားလက်နက်ဆက်စပ်ပစ္စည်းတွေကို တာ၀န်သိပြည်သူတွေက စစ်ဦးစီးချုပ်ရုံးမှာလာရောက်အပ်နှံခဲ့တဲ့အတွက် ဆုကြေးငွေတွေ ချီးမြှင့်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင် သြဂုတ်လ ၂၂ ရက်နေ့ကလည်းစစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ မြေဖို့ဝှက်ထားခဲ့တဲ့ စက်လတ် တလက်နဲ့ RPG တ လက်အပါအဝင် လက်နက်လေးလက်နဲ့ခဲယမ်းဆက်စပ်ပစ္စည်းတွေကို ပြည်သူတွေက လာရောက်အပ်နှံခဲ့ပါတယ်။