Border News Agency
ရန်ကုန်၊ဩဂုတ်၂၄။
စစ်ကော်မရှင်တပ်စွပ်စွဲထားတဲ့ မူးယစ်ဆေးဝါးကိစွနဲ့ပတ်ပက်လို့ အာရက္ခတပ်တော်(AA)နဲ့ ရှမ်းပြည်တပ်မတော်(SSPP) ငြင်းဆိုလိုက်ပါတယ်။
ရန်ကုန်အပါအဝင်နေရာတချို့မှာကျပ် ၂၅၇ ဘီလျံကျော်တန်ဖိုးတဲ့မူးယစ်ဆေးဝါးတွေဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကော် မရှင်လက်အောက်ခံ မူးယစ်တပ်ဖွဲ့က ဩဂုတ်လ၂၂ ရက်နေ့ထုတ်ပြန်ခဲ့ပါတ ယ်။
အဲဒီမူးယစ်ဆေးဝါးတွေဟာ အာရက္ခတပ်တော်(AA)နဲ့ ရှမ်းပြည်တပ်မတော်(SSPP) ပါဝင်ပတ်သက်နေတယ်လို့ စွပ်စွဲချ က်ကို နှစ်ဖွဲ့စလုံးက ငြင်းဆိုထားပါတယ်။
အာရက္ခတပ်တော်ရဲ့ပြောရေးဆိုခွင့်ရှိ သူခိုင်သုခကလည်း စစ်ကော်မရှင်ရဲ့ မ ရိုးနိုင်တဲ့မတရားလုပ်ကြံစွပ်စွဲကာနိုင်ငံရေအောက်လုံးတွေနဲ့ အောက်တန်းကျတဲ့ဝါဒဖြန့်တိုက်ခိုက်မှုတွေဖြစ်တယ်လို့ ငြင်းဆိုထားပါတယ်။
အဲဒီအပြင် ULA/AAအနေနဲ့ လူ့အဖွဲ့ အ စည်းကိုအန္တရာယ်ပြုမယ့်မူးယစ်ဆေးဝါးကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ဖို့အတွက် ဘ ယ်အဖွဲ့အစည်းနဲ့မဆို ပူးပေါင်းဆောင် ရွက်သွားမယ်လို့ သတင်းဌာနတွေကိုဖြေဆိုထားပါတယ်။
“ကျနော်တို့ ULA/AA အနေနဲ့ကတော့ ဒီလိုလူ့အဖွဲ့အစည်းကိုအန္တရာယ်ပြုမယ့် မူးယစ်ဆေးဝါးဟူသမျှကို ပြင်းပြင်းထ န်ထန်ဆန့်ကျင်ပါတယ်။ လုံးဝပတ်သက်မှုမရှိပါဘူး။မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် ဘယ်အစိုးရ၊နိုင်ငံတကာအဖွဲ့အစည်းနဲ့မဆိုပူးပေါင်းဆောင်ရွက်သွားဖို့အဆင်သင့်ရှိပါတယ်။” လို့ အာရက္ခတပ်တော်ပြောခွင့်ရ ခိုင်သုခက ဆိုပါတယ်။
ရှမ်းပြည်တပ်မတော်ကလည်း ဒါဟာစစ်ကော်မရှင်တပ်ဖွဲ့အနေနဲ့ SSPP/SSA အဖွဲ့အစည်းအပေါ် နိုင်ငံရေးအရဂုဏ် သိက္ခာကျစေလိုတာနဲ့နာမည်ပျက်ပြီး အဖွဲ့အစည်းအတွင်း စည်းလုံးညီညွတ်မှုကို ထိခိုက်ပျက်ပြားစေလိုဖြစ်တာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီအပြင်မိမိတို့လိုလားထိန်းသိမ်းဆောင်ရွက်နေတဲ့ငြိမ်းချမ်းရေးလုပ်ငန်း စဉ်တွေကို ထိခိုက်ပျက်ပြားစေတာဖြစ်တဲ့အတွက် လိုရာဆွဲထည့်ရေးသားတို က်ခိုက်ထားတာလို့ဆိုပါတယ်။
နောက်ပြီး ဗိုလ်မှူးစိုင်းစုကလည် သူတို့အဖွဲ့အစည်းအတွင်းမရှိဘဲ ဗိုလ်မှူးကြီးစိုင်းဆုဆိုသူသာရှိပြီး၊သူဟာ ရှမ်းပြည်တပ်မတော်(SSPP)ရဲ့ အတွင်းရေးမှူးတာဝန်ထမ်းဆောင်နေပြီး နိုင်ငံရေး၊စစ်ရေး၊ငြိမ်းချမ်းရေးနဲ့အမျိုးသားပြန်လ ည်ရင်ကြားစေ့ရေးဆိုင်ရာညှိနှိုင်းရေးအထူးတာဝန်လုပ်ငန်းများကိုသာ လုပ် ကိုင်ဆောင်ရွက်နေသူဖြစ်တယ်လို့ ဆိုပါတယ်။
မူးယစ်ဆေးဝါးနဲ့ပတ်သက်လို့ လုံးဝပ ပျောက်ဖို့အတွက်ထိန်းချူပ်ထားတဲ့ နယ်မြေဒေသအတွင်းက အဖွဲ့ရဲ့ပါတီဝင်၊ အဖွဲ့ဝင်တွေ ပါဝင်ပတ်သက်တာ၊ ရောင်းဝယ်ဖောက်ကားတာ၊ထုတ်လုပ်တာတွေကို လုံးဝပိတ်ပင်ထားတယ်လို့ ဆိုပါတယ်။