အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေအားလုံးမှာ အကြောင်းအမျိုးမျိုးကြောင့် ပြည်သူတွေဆိီမှာရှိနေတဲ့လက် နက်တွေ၊ ခဲယမ်းတွေ၊ ဆက်စပ်ပစ္စည်းအားလုံးကို ၄၅ ရက်အတွင်းလာရောက်အပ်နှံကြဖို့ အာရက္ခပြည်သူ့တော်လှန် ရေးအစိုးရမှအမိန့်ထုတ်လိုက်ပါတယ်။
ပြည်သူတွေဘေးကင်းလုံခြုံရေးအတွက် အသက်အန္တာရာယ်ဖြစ်စေနိုင်တဲ့ သေနတ်၊ လေသေနတ်၊ တူးမီးယမ်းထောင်းအပါအဝင် ဆက်စပ်လက်နက်ခဲယမ်းတွေ၊ RT စကားပြောစက်တွေကို ၄၅ ရက်အတွင်း သက်ဆိုင်ရာအုပ်ချုပ်ရေးရုံးတွေမှာ လာရောက်အပ်နှံရမယ်လို့ဆိုပါတယ်။
အဲဒါကြောင့် ပေါက်ကွဲစေနိုင်တဲ့လက်နက်ခဲယမ်းတွေနဲ့လက်ဝယ်အသုံးပြုနေတဲ့ RT စကားပြောစက်အားလုံးကို လာအပ်ရမယ်လို့ ဆိုပါတယ်။
အဲဒီသတ်မှတ်ရက်အတွင်းလာရောက်အပ်နှံတာမရှိရင် စစ်ဆေးတွေ့ရှိပါက ထိရောက်စွာအရေးယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
အာရက္ခပြည်သူတော်လှန်ရေးအစိုးရဟာ တည်ငြိမ်အေးချမ်းရေး၊ ပြည်သူတွေရဲ့ဘေးကင်းလုံခြုံရေး၊ ရာဇဝတ်မှုတွေ၊အကြမ်းဖက်မှုတွေကင်းစင်ရေး၊ တရားဥပဒေစိုးမိုးရေး၊လုံခြုံရေးဆိုင် ရာကိစ္စတွေကို ပုံမှန်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
အာရက္ခတပ်တော်ဟာ ပလက်ဝမြို့နယ်အပါအဝင်တဆယ့်ငါးမြို့နယ်ကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ်အုပ်ချုပ်ရေးယန္တရားတွေဖော်ဆောင်နေပါတယ်။
အာရက္ခတပ်တော်တိုက်ခိုက်သိမ်းပိုက်ရမယ့် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်သုံးမြို့နယ်သာကျန်နေပြီး ကျောက်ဖြူမြို့နယ်မှာတိုက်ပွဲတွေပြင်းထန်နေသလို စစ်တွေမြို့နယ်မှာလည်း နှစ်ဘက်စ စ်ရေးတင်းမာနေကြပါတယ်။