Border News Agency
မြောက်ဦး၊ စက်တင်ဘာ ၄ ။
ကျောက်တော်မြို့နယ်မှာ အမျိုးသမီးလေးဦးကို အတင်းအဓမ္မကျူးလွန်ခဲ့သာတဦးကို အာရက္ခပြည်သူ့တော်လှန် ရေးအစိုးရရဲ့မြောက်ဦးခရိုင်တရားရုံးမှ စက်တင်ဘာလ ၁ ရက်နေ့က အလုပ်နဲ့ထောင်ဒဏ်အနှစ်လေးဆယ်ချမှတ်လိုက်ပါတယ်။
အဲဒီကျောက်တော်မြို့၊ပြည်တော်သာရပ်ကွက်မှအသက်၂၅ နှစ်အရွယ်ဇော်ဇော်နိုင်(ခ)လဖြူချေဖြစ်ပြီး သူဟာအမျိုးသမီး ၁၁ ဦးကို အတင်းအဓမ္မပြုကျင့်ခဲ့တယ်လို့ဝန်ခံထားပါတယ်။
သူဟာ ၂၀၂၅ ခုနှစ်၊ဖေဖော်ဝါရီ ၆ ရက်နေ့ကမြောက်ဦးမြို့နယ်၊လိပ်မရွာမှအသက်၂၀ အရွယ်အမျိုးသမီးငယ်တဦးကို အတင်းအဓမ္မပြုကျင့်ခဲ့ပြီး ဇွန်နဝါရီ ၂၄ ရက်နေ့ကလည်း ကျောက်တော်မြို့ နယ်၊မြင်းကြပ်ရွာမှအသက် ၁၇ နှစ်အရွယ်အမျိုးသမီးငယ်တဦးကို အဓမ္မပြုကျင့်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင်ဇန်နဝါရီလ ၁၄ ရက်နေ့ကလည်းမြောက်ဦးမြို့နယ်၊ ဆင်အိုးကြီးရွာမှအသက် ၂၅ နှစ်အရွယ် အမျိုးသမီးတဦးကိုလည်း အတင်းအဓမ္မပြုကျင့်ခဲ့တယ်လို့ဆိုပါတယ်။
နောက်ပြီး၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့ကလည်း မြောက်ဦးမြို့၊ လက်ကောက်စျေးရပ်ကွက်မှအသက် ၁၄ နှစ်အရွယ် အမျိုးသမီးငယ်တဦးကိုအလုပ်ပေးမယ်ဆိုပြီး လိမ်လည်ခေါ်ယူကာ အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒါကြောင့် မြောက်ဦးမြို့နယ်၊ လိပ်မရွာမှအမျိုးသမီးငယ်မုဒိမ်းကျင့်ခံရတဲ့အမှုကို စစ်ဆေးပြီးပြစ်မှုထင်ရှားလို့ရာဇသတ်ကြီး ပုဒ်မ-၃၆၆ အရအလုပ်နဲ့ထောင်ဒဏ် ၃ နှစ်၊ပုဒ်မ-၃၇၆ အရထော င်ဒဏ် ၇နှစ်၊ စုစုပေါင်း ၁၀ နှစ်သီးခြားကျဖို့ မြောက်ဦးခရိုင်တရားရုံးမှအမိန့်ချလိုက်တာဖြစ်ပါတယ်။
အဲဒီအပြင် ကျောက်တော်မြို့နယ်၊ မြင်းကြပ်ရွာမှမုဒိမ်းမှုကို ပုဒ်မ – ၃၆၆ အရ အလုပ်နဲ့ထောင်ဒဏ် ၃ နှစ်၊ပုဒ်မ-၃၇၆ အရအလုပ်နဲ့ ထောင်ဒဏ် ၇ နှစ်၊စုစုပေါင်း ၁၀ နှစ်နဲ့ မြောက်ဦးမြို့နယ်၊ ဆင်အိုးကြီးရွာအမှုကို ပုဒ်မ – ၃၆၆ အရထောင် ဒဏ် ၃ နှစ်နဲ့ ပုဒ်မ-၃၇၆ အရ ထောင်ဒ ဏ်၇ နှစ် စုစုပေါင်း ၁၀ နှစ်သီးခြားကျစေဖို့အမိန့်ချလိုက်တာပါ။
နောက်ပြီးမြောက်ဦးမြို့၊ လက်ကောက်စျေးရပ်ကွက်မှမုဒိမ်းမှုကို ပုဒ်မ-၃၆၆ အရထောင်ဒဏ် ၃ နှစ်နဲ့ ပုဒ်မ-၃၇၆ အရ ထောင်ဒဏ်၇နှစ်စုစုပေါင်း ၁၀နှစ်ထိ အမိန့်ချလိုက်တာဖြစ်ပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့တရားဥပဒေစိုးမိုးရေးနဲ့ပြည်သူ့လုံခြုံ ရေးဌာန(DLEPS)မှတ်တမ်းတွေအရ တရားခံဇော်ဇော်နိုင်ရဲ့ဝန်ခံထွက်ဆိုချက်တွေမှာ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း စတဲ့မြို့သုံးမြို့မှအမျိုးသမီးငယ်စုစုပေါင်း ၁၁ ဦးကို အလိုမတူဘဲအတင်းအဓမ္မပြုကျင့်ခဲ့တယ်လို့ ဝန်ခံထားပါတယ်။
သူကျူးလွန်ခဲ့တဲ့မုဒိမ်းမှု ၁၁ မှုထဲမှ ၄ မှုကိုစီရင်နိုင်သေးတာဖြစ်ပြီး ကျန်မုဒိမ်းမှု ၇ မှုကို တရားစွဲတဲ့အဖွဲ့အစည်းက ဆက်လက်စစ်ဆေးနေတယ်လို့ဆိုပါတယ်။






