မောင်တူရေးသည်။
Border News Agency
မြောက်ဦး၊ စက်တင်ဘာ ၅။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏မြေနှင့်ပဋိပက္ခဆိုင်ရာလမ်းညွှန်ချက်မှတ်စု။
ခ.၈။ မြေယာပဋိပက္ခနှင့် ပဋိပက္ခဆက်နွယ်မှုများကိုဖြေရှင်းရန် မြေပြင်တွင်အလုပ်ဖြစ်လက်တွေ့ကျသောလုပ်ငန်းစဉ်နည်းလမ်းများကို သုံးစွဲခြင်း။
ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အဖွဲ့ဝင်များနှင့် ဆက်စပ်အဖွဲ့အစည်းများမှာ မြေယာပဋိပက္ခနှင့် ပဋိပက္ခဆက်နွယ်မှုများကိုကိုင်တွယ်ရန် မြေပြင်တွင် အလုပ်ဖြစ်ကာ လက်တွေ့ကျသောလုပ်ငန်းစဉ်များကို ရှာဖွေစုဆောင်းရမည်ဖြစ်သည်။
ထိုသို့ရှာဖွေရာတွင် လက်ရှိကျင့်သုံးနေဆဲနည်းလမ်းများအလေ့အထများသည် ကုလသမဂ္ဂ၏ မဏ္ဍိုင်သုံးရပ်နှင့် အံဝင်ဆီလျှော်မှုရှိစေရန်လည်းလိုအပ်သည်။
လုပ်ကိုင်ဆောင်ရွက်နိုင်သောနည်းလမ်းအသစ်များသည် ပဋိပက္ခ၏အစိတ်အပိုင်းများကို ကိုင်တွယ်နိုင်ရန် ယခင်လုပ်နည်းကိုင်နည်းများမှပြောင်းရပြုရလွယ်ခြင်း၊ တိုးတက်သောလက္ခဏာရှိခြင်း၊နည်းလမ်းဟောင်းများထဲမှကောင်း မွန်သောအချက်များ၊ အံဝင်ဆီလျှော်ခြင်းစသည့်အချက်များနှင့်ပြည့်စုံရမည်ဖြစ်သည်။
- အချက်အလက်မျှဝေခြင်း၊ အချက်အလက်စုဆောင်းခြင်း၊ အချက်အလက်အားအသုံးချခြင်း။
မြေယာပဋိပက္ခနှင့်ပဋိပက္ခဆက်နွယ်မှုများ၊ ပဋိပက္ခ၏နောက်ဆက်တွဲဖြစ်ရပ်များစသည့်နှင့် ပတ်သက်၍အချက်အလက်များအား စီမံခန့်ခွဲမှုကို အထောက်အပံ့ပေးရန်လိုသည်။ အချက်အလက်
များအားစီမံခန့်ခွဲနိုင်ရန်အတွက် နိုင်ငံတနိုင်ငံ၏တပြည်လုံးအတိုင်းအတာအဆင့်တွင် မြေယာအချက်အလက်များ၊ ဒေတာဘေစ့်များ၊ ဒေသန္တရအစိတ်အပိုင်းအလိုက်အချက်အလက်နှင့် မြေပုံ (Geo-spatial data & mapping)များအား မျှဝေမှုများတွင် တိုးတက်မှုများရှိနေရမည်ဖြစ်သည်။
ထိုသို့အချက်အလက်များနှင့်ဖြစ်စဉ်ဖြစ်ရပ်မှတ်တမ်းများသည် ပဋိပက္ခများမဖြစ်စေရန်အတွက် ပြင်ဆင်နိုင်ရန်အသိကြိုပေးခြင်း၊ ပဋိပက္ခအပေါ် ခွဲခြမ်းစိတ်ဖြာ ဆင်ခြင်သုံးသပ်ခြင်း၊ မြေပြင်အရှိတရားများအားမှတ်တမ်းယူခြင်း၊ အစီရင်ခံခြင်း၊ငြိမ်းချမ်းရေးအတွက် ဆွေးနွေးခြင်း၊ ကုလသမဂ္ဂ၏ယန္တရားများ၊ အဖွဲ့ဝင်များနှင့် ကုလသမဂ္ဂမဟုတ်သောအဖွဲ့အစည်းများစသည့်ယန္တရား
များကြားတွင် ညှိနှိုင်းခြင်း၊ ပေါင်းစပ်ခြင်းများကိုဆောင်ရွက်ရာတွင် အသုံးချသင့်သည်။
- အားကောင်း၍အခြေအနေနှင့်ဖိအားကို ခံနိုင်ရည်ရှိသောအချက်အလက်စုဆောင်းမှုနည်းစနစ်ဆိုင်ရာဗေဒရှိခြင်း။
မြေပြင်ရှိဖြစ်စဉ်ဖြစ်ရပ်များကို စုဆောင်းမှု၊ ထိုဖြစ်စဉ်ဖြစ်ရပ်များကို ခွဲခြမ်းစိတ်ဖြာမှု၊ နိုင်ငံအလိုက် ဖြစ်စဉ်ဖြစ်ရပ်များကိုအစီရင်ခံတင်ပြမှုများတွင် ပဋိပက္ခ၏အစိတ်အပိုင်းများမှ ဦးတည်ရာအညွှန်းပြနေမှုများကကုလသမဂ္ဂ၏ မြေယာဆိုင်ရာ ဦးတည်ချက်၊ ရည်မှန်းချက်များကိုမည်သို့ရိုက်ခတ်ရာရှိကြောင်း စောင့်ကြည့်အကဲဖြတ်ချက်များလည်းပါဝင်ရမည်ဖြစ်သည်။
ထိုသို့အချက်အလက်စုဆောင်းမှုများတွင် မြေယာပဋိပက္ခကြောင့် ကုလသမဂ္ဂ၏စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုရည်မှန်း ချက်အပေါ် မျက်ကွယ်ပြုနေမှု၊ ကုလသမဂ္ဂ၏ရည်မှန်းချက်ကို ထိခိုက်နေမှုများနှင့်အမျိုးသမီးများအား ဖယ်ကျဉ်ထားမှုများကိုပါ ထည့်သွင်းကောက်ယူရမည်ဖြစ်သည်။
- နေရာစွန့်ခွာရမှုနှင့်မြေယာ၊အိုးအိမ်အခွင့်အရေး။
နေရပ်စွန့်ခွာရသူများအတွက် ၎င်းတို့နေရပ်စွန့်ခွာမှုမဖြစ်ပေါ်ခင်ကပင် ရှိနေသော အိုးအိမ်၊ မြေယာဆိုင်ရာအထောက်အထားများကို ခိုင်မာအောင်လုပ်ပေးနိုင်ရမည်ဖြစ်သည်။
အဆိုပါမှတ်တမ်းအထောက်အထားများက မိမိနေရပ်သို့ပြန်လာနိုင်ရန်အား ထုတ်မှုများတွင် အထောက်အကူဖြစ်မည်ဖြစ်သည်။
ထို့သို့မှတ်တမ်းအထောက်အထားများကို ခိုင်မာအောင်ပြုလုပ်ပေးမှုနှင့်မိမိနေရပ်သို့ပြန်လာရန် အားထုတ်မှုများသည် နေရပ်စွန့်ခွာမှုကြောင့်ဖြစ်လာသောမြေယာဆိုင်ရာပြဿနာအကျိုးဆက်ကိစ္စရပ်ဖြစ်သည်။
အဆိုပါအခြေအနေမျိုးအား ပဋိပက္ခ၏အစိတ်အပိုင်းများအဖြစ် ခွဲခြမ်းစိတ်ဖြာသုံးသပ်သင့်သည်။
ထိုကဲ့သို့အခြေအနေမျိုးများနှင့် သက်ဆိုင်သောမြေယာများအတွက် လက်တွေ့ကျသောနည်းလမ်းများ၊ လုပ်နည်းကိုင်နည်းများကို ပြုပြင်ရှာဖွေရေးဆွဲယူရမည်ဖြစ်သည်။
ထိုနည်းလမ်းများ၊ လုပ်နည်းကိုင်နည်းများက ဖရီးဟိုလ်အထောက်အထားများကို ဥပဒေကြောင်းအရအသိအမှတ်ပြုပေးရမည်ဖြစ်သည်။
- နေရပ်စွန့်ခွာမှုနှင့်ဖရီးဟိုလ်အထောက် အထားများ။
(ဖရီးဟိုလ်အထောက်အထားဆိုသည်မှာမြေယာအားပိုင်ဆိုင်မှုအပေါ် အသုံးချမှုပုံစံအရလည်းကောင်း၊ အချိန်ကာလအားဖြင့်လည်းကောင်းအဆိုပါအမျိုးအစားများဖြင့် မြေပိုင်ဆိုင်မှုကို ကန့်သတ်ထားကာအခွန်ဆောင်စေခြင်း၊ သက်တမ်းတိုးခြင်းစသည့်အချက်များတခုတလေမှမရှိသော၊ကင်းစင်သော “မြေကိုပိုင်ဆိုင်မှု” အထောက်အထားဖြစ်သည်။
ဥပမာ – ဘိုးဘွားပိုင်မြေများ၊ အခွန်လွတ်မြေများသည် ဖရီးဟိုလ်(Freehold)ပုံစံရှိသော မြေများဖြစ်သည်။
ထိုသို့မဟုတ်ဘဲ မြေအား အခွန်ဆောင်နေရခြင်း၊ သက်တမ်းတိုးရခြင်းရှိပါက ၎င်းမြေကို(Leasehold)ပုံစံ မြေဟုခေါ်သည်။)
မြေယာနှင့်သက်ဆိုင်သောနည်းလမ်းများ၊ လုပ်နည်းကိုင်နည်းများသည် မြေယာပိုင်ဆိုင်မှုအခွင့်အရေးအမျိုးမျိုးကို ဥပဒေကြောင်းအရ အသိအမှတ်ပြုနိုင်ရမည်ဖြစ်သည်။
ထိုပြင်ဖရီးဟိုလ်ပုံစံပိုင်ဆိုင်မှုထက် ကျော်လွန်သော တောင်းဆိုမှုများကိုလည်း ထိုနည်းလမ်းများ၊ လုပ်နည်းကိုင်နည်းများက အသိအမှတ်ပြုနိုင်ရမည်ဖြစ်သည်။
ထိုသို့အသိအမှတ်ပြုရန်အတွက် ဒေသန္တရ၏ကဏ္ဍတခုချင်းအလွှာလိုက်အချက်အလက်(Geospatial Data)များကို အသုံးချကာ ပဋိပက္ခနှင့် နေရပ်စွန့်ခွာရမှုများအား ခြေရာပြန်ကောက်၍ဆော င်ရွက်နိုင်ရမည်ဖြစ်သည်။
- နိုင်ငံတည်ဆောက်ရေးရလဒ်နှင့် မြေယာ
မြေယာနှင့်ပတ်သက်သောစည်းမျဉ်းများ၊ လုပ်နည်းကိုင်နည်းများ၊ မြေယာဆိုင်ရာအုပ်ချုပ်စီမံမှုများသည် နိုင်ငံတည်ဆောက်ရေးဖြစ်စဉ်အရ အားထုတ်မှုများထဲတွင်ပင် ရှိနေရမည့်အချက်
များဖြစ်သည်။
အောက်ပါအချက်များသည် နိုင်ငံတည်ဆောက်ရေးဖြစ်စဉ်တလျှောက်တွင် ဆောင်ရွက်ရမည့် မြေယာဆိုင်ရာ အုပ်ချုပ်စီမံမှုများလည်းဖြစ်သည်။
(က) – ပဋိပက္ခကာလ၊ အကြပ်အတည်းအများဆုံးကာလနှင့် စိန်ခေါ်ချက်ကြီးမားသော အတိမ်းအစောင်းမခံနိုင်သောကာလများတွင်ပင် မြေယာဆိုင်ရာအထောက်အထားများ၊ လူထုပိုင်ဆိုင်မှုမှ တ်တမ်းများ၊ မြေယာမှတ်ပုံတင်စာရင်းများကို ရည်ရွယ်ချက်ရှိရှိပစ်မှတ်ထားဖျက်ဆီးခြင်းမှ အကာအကွယ်ပေးရမည်။
(ခ) – အဆိုပါ စည်းမျဉ်းများ၊ လုပ်နည်းကိုင်နည်းများနှင့် မြေယာအုပ်ချုပ်စီမံမှုများက မိမိနေရပ်ကို ပြန်လာခွင့်နှင့် မြေယာပိုင်ဆိုင်ခွင့်ကို အာမခံပေးထားရမည်ဖြစ်သည်။
ပဋိပက္ခကာလအတွင်းတွင် ပြန်လာသည်ဖြစ်စေ၊ ပဋိပက္ခဇာတ်ရှိန်မြင့်ကြာရှည်နေသောအခြေအနေများတွင်ဖြစ်စေ မိမိနေရပ်သို့ ပြန်လာရန်အတွက် မည်သည့်အချိန်တွင်မဆို ပုံစံမျိုးစုံ၊ နည်းမျိုးစုံဖြင့် ပြန်လာရန်ရွေးချယ်စရာများစွာပေးထားရမည်ဖြစ်သည်။
ထိုအချိန်များ၌ပင် နိုင်ငံတည်ဆောက်ရေးဖြစ်စဉ်များ၌ မြေယာပိုင်ဆိုင်မှု အရှိတရားအပေါ် လုံလစိုက်ကာ အကောင်အထည်ဖော်ရမည်ဖြစ်သည်။
လုံလစိုက်ကာအကောင်အထည်ဖော်ခြင်းဆိုရာတွင်ကျားမခွဲခြားမှုမရှိဘဲ မြေယာဆုံးရှုံးခဲ့ပါက ထိုသူများကို လျော်ကြေး၊ နစ်နာကြေးပေးခြင်း၊ ပြန်လည်ထူထောင်ပေးခြင်းတို့ကိုပါ ထည့်သွင်းဆောင်ရွက်ရမည်ကို ဆိုလိုခြင်းဖြစ်သည်။
ဆက်လက်ဖော်ပြပါမည်။