Border News Agency
ကျောက်ဖြူ၊ စက်တင်ဘာ ၆။
အာရက္ခတပ်တော်(AA)နဲ့စစ်ကော်မရှင်တပ်ကြား တိုက်ပွဲတွေပြင်းထန်နေတဲ့ကျောက်ဖြူမြို့နယ်၊မြို့နယ်စီမံအုပ်ချု ပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊မြို့နယ်အုပ်ချုပ်ရေးမှူးဦးမျိုးမင်းထွဏ်းကို အာဏာအလွှဲသုံးစားမှု၊အဂတိလိုက်စားမှုတွေနဲ့စစ် ဆေးနေတယ်လို့ စစ်ကော်မရှင်တပ်အသိုင်းအသိုင်းက အတည်ပြုပြောကြပါတယ်။
အဲဒီမြို့နယ်အုပ်ချုပ်ရေးမှူးဦးမျိုးမင်းထွဏ်းအပါအဝင်ကျောက်ဖြူမြို့နယ်ရှိစစ်ကော်မရှင်အရာရှိကြီးတွေဟာရန်ကု န်-ကျောက်ဖြူလေကြောင်းခရီးသွားလာခွင့်၊ကုန်ပစ္စည်းသယ်ယူခွင့်၊ကျော က်ဖြူမြို့မှအာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေကို ခရီးသွားလာခွင့်တွေ၊ကုန်ပစ္စည်းသည်ယူခွင့်တွေကို ငွေကြေးဘီလီယံချီယူခွင့်ပြုပေးနေကြတာတွေကြောင့်ဖြစ်တယ်လို့ ဆိုကြပါတယ်။
အဲဒီဦးမျိုးမင်းထွဏ်းကို နေပြည်တော်ရှိအထွေထွေအုပ်ချုပ်ရေးဌာနရုံးချုပ်မှအမိန့်ပေးစေခိုင်းချက်အရ တောင်ကု တ်မြို့နယ်အုပ်ချုပ်ရေးမှူး၊ဂွမြို့နယ်အု ပ်ချုပ်ရေးမှူးတို့ ကျောက်ဖြူမြို့ကို လာရောက်စစ်ဆေးခဲ့ကြတာလို့ ဆိုကြပါတယ်။
အဲဒီအပြင် အမှတ် ၃၄ တပ်ရင်းမှဗိုလ် ကြီးအောင်ဖြိုးဦး(ဓာတ်ဆီ)အပါအဝင်တခြားပါဝင်နေသူတွေကိုလည်း စစ် ဆေးခဲ့ပေမယ့် စစ်ကော်မရှင်တပ်အရာရှိကြီးတွေ၊ရေတပ်အရာရှိကြီးတွေ၊တ ခြားဌာနဆိုင်ရာအရာရှိကြီးတွေကိုတော့ စစ်ဆေးအရေးယူတာတွေမရှိသေးဘူးလို့ စစ်ကော်မရှင်တပ်အသိုင်းအဝိုင်းက ဆိုကြပါတယ်။
“ကျောက်ဖြူကရန်ကုန်ကိုသွားမယ်ဆိုရင်မြို့နယ်အုပ်ချုပ်ရေးမှူးမျိုးမင်းထွဏ်းလက်မှတ်ထိုးပေးခွင့်ပြုမှသွားခွင့်ရကြတာပါ။ဒါပေမယ့်သူ့က နာမေခံလ က်မှတ်ထိုးပေးနေရတာပါ။အဓိက စစ် တပ်ကဗျူဟာမှူး၊ရေတပ်ကဗျူဟာမှူးတွေခွင့်ပြုမှရတာပါ။သူတို့ကအစည်း အဝေးထိုင်ပြီးဘယ်သူတွေကိုခွင့်ပြုလို့ဗျူဟာမှူးတွေကအမိန့်ပေးမှမျိုးမင်းထွဏ်းကလက်မှတ်ထိုးပေးရတာပါ။လက် မှတ်ထိုးပေးသူကို အရေးယူပြတဲ့သ ဘောပါ။” လို့ ကျောက်ဖြူခရိုင်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ခရိုင်အုပ် ချုပ်ရေးမှူးရုံးမှအရာရှိကြီးတဦးက Border News Agency ကို ပြောပါတ ယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲစတင်ကတည်းက စစ်ကော်မရှင်တပ်ကလမ်းပန်းဆက်သွယ်ရေးအားလုံးကို ကန့်သတ်ပိ တ်ဆိုထားပေမယ့် အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေအားလုံးက ရန်ကုန်သို့အသွားအပြန်လုပ်ကြမယ့်သူတွေဟာ ကျောက်ဖြူလေဆိပ်တခုတည်းကသာ သွားလာခွင့်ရနေကြတာလို့ ပြည်သူတွေက ဆိုကြပါတယ်။
အဲဒီလိုခွင့်လာခွင့်၊ကုန်စည်သယ်ယူခွင့်တွေရကြဖို့အတွက် ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ခရို င်အုပ်ချုပ်ရေးမှူး၊မြို့နယ်အုပ်ချုပ်ရေးမှူးအပါအဝင်စစ်ကော်မရှင်တပ်အရာရှိတွေ၊ ဝန်ထမ်းတွေကို ငွေကြေးအများအပြားပေးလာဘ်ထိုးနေကြရတာလို့စစ်ကော်မရှင်ဝန်ထမ်းအသိုင်းအဝိုင်းက ဆိုကြပါတယ်။
အဲဒီလို့ခရီးသွားပြည်သူတွေ၊ ကုန်သည်တွေဟာ ကျောက်ဖြူမြို့နယ်၊ ငလပွေဆိပ်ကမ်းမှအဓိကဝင်ထွက်သွားလာနေကြရပြီး အဲဒီငလေပွေဆိပ်ကမ်းအဝင် အထွက်ကို အမှတ် ၃၄ တပ်ရင်းမှဗိုလ် ကြီးအောင်ဖြိုးဦး(ဓာတ်ဆီ)က အဓိကကိုင်တွယ်နေကြတာလို့ ကျောက်ဖြုမြို့မှစစ်ကော်မရှင်တပ်အသိုင်းအဝိုင်းက ဆိုကြပါတယ်။
အဲဒီငွေကျပ်ဘီလီယံချီအဂတိမှုတွေကိုမျိုးမင်းထွဏ်းနဲ့ဗိုလ်ကြီးအောင်ဖြိုးဦး(ဓာတ်ဆီ)က နာမေခံလုပ်ဆောင်နေပေမယ့် ကျောက်ဖြူခရိုင်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနနဲ့ကျောက်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ဦးစီးဌာမှဝန်ထမ်းအားလုံးအပါအဝင် စစ်ကော်မရှင်တပ်အရာရှိအားလုံးပါဝင်နေကြတယ်လို့ စ စ်ကော်မရှင်တပ်အသိုင်းအဝိုင်းက ဆိုကြပါတယ်။
“မျိုးမင်းထွဏ်းနဲ့ဓာတ်ဆီက နာမေခံပြီးနည်းနည်းရကြတာပါ။အဓိကစစ်တပ်ကအရာရှိကြီးတွေ၊ရေတပ်ကအရာရှိကြီးတွေပိုရကြတာပါ။ထွေအုပ်ကရုံးစောင့်၊လေယာဥ်လက်မှတ်ပွဲစားတွေ၊ခ ရီးသည်ပို့နေကြတဲ့ပွဲစားတွေတောင် သိ န်းသောင်းချီရသွားကြပါပြီး။တကယ့်အရေးယူမယ်ဆိုရင်ထွေအုပ်ဝန်ထမ်းအားလုံး၊ဌာနပေါင်းစုံနဲ့တပ်အရာရှိအားလုံးကို အရေးယူရပါမယ်။”လို့ စစ်ကော် မရှင်အရာရှိတဦးက Border News Agency ကို ပြောပါတယ်။
အဲဒီကျောက်ဖြူ-ရန်ကုန်လေယာဥ်လက်မှတ်ဟာ အများဆုံးစျေးခုနှစ်သိန်းနီးပါးသာရှိပေမယ့် စစ်ကော်မရှင်တပ်နဲ့ပေါင်းလုပ်စားနေကြတဲ့ပွဲစားတွေကို တဆယ့်ငါးသိန်းထိပေးဝယ်သွားလာနေကြရတယ်လို့ ကိုယ်တိုင်သွားရောက်ခဲ့ကြတဲ့ပြည်သူတွေက ဆိုကြပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေမှအရပ်သားတဦးဟာ ရန်ကုန်သို့သွား ရောက်ဖို့အတွက် အနည်းဆုံးကျပ်သုံးဆယ်ငါးသိန်းထိကုန်ကျနေကြရပြီးအ များစုဟာ ကျောက်ဖြူမြို့နယ်မှစစ်ကော်မရှင်အရာရှိတွေ၊ဝန်ထမ်းတွေကိုပေးနေကြရတယ်လို့ ပြည်သူတွေက အတည်ပြုပြောကြပါတယ်။
အဲဒီရန်ကုန်မြို့မှပြန်လာတဲအရပ်သားငါးရာကျော်ခန့်ဟာ ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူးမျိုးမင်းထွဏ်းစစ်ဆေးခံနေရတာမို့ ကျောက်ဖြူမြို့ပေါ်မှပိတ်မိနေကြသလို သူတို့သွားကြမယ့်နေရာသို့သွားရောက်ခွင့်ရ၊ မရမသေချာသေးဘူးလို့ ကျောက်ဖြူမြို့နယ်အထွေ ထွေအုပ်ချုပ်ရေးမှူးရုံးမှဝန်ထမ်းတွေက ဆိုကြပါတယ်။
အဲဒီကျောက်ဖြူမြို့နယ်မှအထွေထွေအုပ်ချုပ်ရေးဌာနအပါအဝင် စစ်ကော်မရှင်တပ်အရာရှိကြီးတွေဟာ အာဏာ၊ လုပ်ပိုင်ခွင့်တွေကို အသုံးချပြီး နေ့စဥ်သိ န်းရာ၊ ထောင်ချီ အဂတိမှုကျူးလွန်နေကြတာမို့ပါဝင်နေသူအားလုံးကို စစ်ဆေးအရေးယူသင့်တယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။
အဲဒီကျောက်ဖြူမြို့နယ်မှာစစ်ကော်မရှင်တပ်နဲ့အာရက္ခတပ်တော်ကြား တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကော်မရှင်တပ်ကရေတပ်စစ်သင်္ဘောကြီးတွေအပါအ ဝင် စစ်သည်၊လက်နက်အများဆုံးဖြည့်တင်းပြီးကြည်းရေလေပူးပေါင်းခုခံနေပါတယ်။