Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ကျောက်ဖြူခရိုင် ကျောက်ဖြူမြို့နယ် အာရက္ခဒေသ

​အာရက္ခဒေသက ကလေးသူငယ်တွေ ပညာသင်ယူဖို့ခက်ခဲနေ

Author picture

By

Saw Shin Nyo
Reading Time: 1 min read
0
A A
0
SHARES
7
VIEWS
Share on FacebookShare on Twitter

​Border News Agency
ကျောက်ဖြူ၊ ဩဂုတ် ၂၂။

​အာရက္ခဒေသမှာကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ စားဝတ်နေရေးအကျပ်အတည်းတွေကြောင့် မိဘတွေဟာပညာသင်စရိတ်မတတ်နိုင်ကြတာမို့ ကလေးငယ်တွေကျောင်းထွက်လိုက်ကြရတယ်လို့ ကျောင်းသားမိဘတွေကဆိုကြပါတယ်။

​အဲဒီကျောင်းနေအရွယ်ကလေးသူငယ်တွေဟာ ကျောင်းလခတွေအဆမတန်မြင့်တက်လာတာအပြင် စာအုပ်၊ခဲတံအပါအဝင် ကျောင်းသုံးသင်ထောက်ကူပစ္စည်းစရိတ်တွေ မဝယ်ယူနိုင်တော့တာကြောင့် ကျောင်းထွက်လိုက်ကြရတာလို့ ကျောင်းသားမိဘတွေကဆိုကြပါတယ်။

​”အရင်ကစာသင်စရိတ်ငါးထောင်ပါ။ ခုတသောင်းငါးထောင်ဖြစ်သွားပါတယ်။ မိဘဆင်းရဲတဲ့ကလေးတွေငယ်ငယ်ရွယ်ရွယ်နဲ့ ကျောင်းထွက်ရပါတယ်။ အဲဒီလိုဖြစ်နေပါတယ်။ ကျမမှာခုကလေးတယောက် ငါးတန်းပါ။ တသောင်းခွဲပေးရပါတယ်။ ကျမတို့ဘက်က အရမ်းခက်ခဲနေတာပါ။ ဟိုမသွားရ ဒီမသွားရပါဘူး။ပိုက်ဆံ ဘယ်ကရမလဲ။ ကျမလည်းမထားနိုင်တော့ပါဘူး။” လို့ ကျောက်ဖြူမြို့နယ်မှ ကျောင်းသားမိဘအမျိုးသမီးတဦးဖြစ်သူ မဖြူမေက Border News Agency ကိုပြောပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အထက်တန်းအဆင့်ကကျပ်သုံးသောင်း၊ အလယ်တန်းအဆင့်ကို ကျပ်နှစ်သောင်း၊ မူလတန်းအဆင့်ကို ကျပ်တသောင်းကျပ်သာ ကျောင်းလခအဖြစ်သတ်မှတ်ထားပါတယ်။

အဲဒီအပြင်ကျောင်းသုံးစရိတ်နဲ့ ပရိဘောဂလိုအပ်ချက်တွေအတွက် အပိုကောက်ခံတာတွေဟာ ရွာရဲ့စေတနာအလိုက် ကိုယ့်ကျောင်းလည်ပတ်နိုင်ဖို့ ပူးပေါင်းဆောင်ရွက်တာသာဖြစ်ပြီး အာရက္ခအစိုးရရဲ့ သတ်မှတ်ချက်မဟုတ်ဘူးလို့ အာရက္ခအမျိုးသားပညာရေးအသိုင်းအဝိုင်းကဆိုကြပါတယ်။

​စစ်ရေးပဋိပက္ခတွေကြောင့် အလုပ်အကိုင်ရှားပါးနေချိန်မှာ ကျောင်းလခနဲ့ပညာသင်ကုန်ကျစရိတ်တွေ ပိုမြင့်တက်လာတာကြောင့် မူလတန်းမှအထက်တန်းထိ ကလေးငယ်တွေ ကျောင်းထွက်နေကြရတယ်လို့ ကျောင်းသားမိဘတွေကဆိုကြပါတယ်။

​”ကျောင်းလခတင် မဟုတ်ပါဘူး။ စာအုပ်၊ ခဲတံကအစဈေးတွေ အဆမတန်တက်သွားတာကြောင့် မိသားစုစားဝတ်နေရေးနဲ့တင်မနိုင်မနင်းဖြစ်နေရတာပါ။ ပို က်ဆံရှိတဲ့မိသားစုတွေပဲကျောင်းထားနိုင်ပြီး အခြေခံလူတန်းစားကလေးတွေကတော့ ကျောင်းထွက်လိုက်ရပါတယ်။ “လို့ မြောက်ဦးမြို့နယ်မှ ကျောင်းသားမိဘအမျိုးသမီးတဦးက Border News Agency ကိုပြောပါတယ်။

​အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ပညာသင်ထောက်ပံ့ရေးအစီအစဉ်တွေပြုလုပ်ပေးသွားမယ်လို့ ပြီးခဲ့တဲ့ဇွန်လက ထုတ်ပြန်ခဲ့ပြီးအဲဒီအကူအညီတွေကျယ်ကျယ်ပြန့်ပြန့် ရောက်လာဖို့ဒေသခံက မျှော်လင့်နေကြပါတယ်။

​”အစိုးရဘက်ကထောက်ပံ့ပေးမယ်လို့ ကြားရတော့မျှော်လင့်ချက်ရှိခဲ့ပါတယ်။ အခုချိန်မှာ စားဝတ်နေရေးလည်း အရမ်းကျပ်တည်းနေတော့ မိသားစုအဆင်မပြေလို့ ကလေးတွေကိုကျောင်းမလွှတ်နိုင်ဘဲကျောင်းထွက်လိုက်ရတဲ့ အခြေအနေတွေဖြစ်နေလို့အကူအညီတွေ မြန်မြန်ရောက်လာစေချင်ပါတယ်။”လို့ ပုဏ္ဏားကျွန်းမြို့နယ်မှ ကျောင်းသားမိဘအမျိုးသမီးတဦးက Border News Agency ကို ပြောပါတယ်။

​အာရက္ခအမျိုးသားပညာရေးစနစ်သစ်ကို အကောင်အထည်ဖော်ဆောင်ရွက်နေပေမယ့် ကုန်ဈေးနှုန်းကြီးမြှင့်မှုနဲ့မိသားစုဝင်ငွေနည်းပါးမှုတွေကြောင့် ဆင်းရဲနွမ်းပါးတဲ့မိသားစုတွေမှာ ကလေးတွေရဲ့ပညာရေးအတွက် ဆက်ရုန်းကန်နေကြရတယ်လို့ ဆိုကြပါတယ်။

​အဲဒါကြောင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ ပညာသင်စရိတ်အခက်အခဲကြောင့် ကလေးသူငယ်တွေကျောင်းမထွက်ကြရစေဖို့အတွက် လိုအပ်နေတဲ့ ပညာသင်ထောက်ပံ့ရေးအစီအစဉ်တွေနဲ့ သင်ထောက်ကူပစ္စည်းကူညီထောက်ပံ့မှုတွေကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ပေးဖို့ ပြည်သူတွေက တောင်းဆိုနေကြပါတယ်။

PrevPreviousဖက်ဒရယ်မူခြောက်ချက်ကို မသွေဖီ လို့ NLD ဆို
Nextအာရက္ခဒေသက မုဒိမ်းမှုနဲ့လူသတ်မှုတွေကို အထူးတရားရုံးဖွင့်ဆောင်ရွက်နေNext
Previous Post

ဖက်ဒရယ်မူခြောက်ချက်ကို မသွေဖီ လို့ NLD ဆို

Next Post

အာရက္ခဒေသက မုဒိမ်းမှုနဲ့လူသတ်မှုတွေကို အထူးတရားရုံးဖွင့်ဆောင်ရွက်နေ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - အာရက္ခမူခင်းနဲ့သတင်းများထုတ်ပြန်ရေးအဖွဲ့

ကျောက်တော်မှာ သက်ငယ်မုဒိမ်းကျူးလွန်သူ ထောင်ဒဏ်နှစ်သုံးဆယ်ချ

September 6, 2026

ဒက်စတိုပီယန်းဘဝတွေ – ၅

September 5, 2026

​ဒက်စတိုပီယန်းဘဝတွေ- ၄

September 5, 2026
​ဓာတ်ပုံ - One Nation News

အသက်မပြည့်သေးတဲ့ လူငယ်တဦးကို အာရက္ခတပ်တော်က မိဘတွေဆီပြန်အပ်

September 5, 2026

မဏိပူရမှာ လက်နက်တွေနဲ့တော်လှန်ရေးရဲဘော်သုံးဦးဖမ်းဆီးခံရ

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကြိုးစားသွားမယ်လို့ စစ်ခေါင်းဆောင်ပြော

အမေရိကန်က အီရန် ရေနံတင်သင်္ဘောသုံးစင်းကို ပြန်လည်တိုက်ခိုက်

ကျောက်တော်မှာ သက်ငယ်မုဒိမ်းကျူးလွန်သူ ထောင်ဒဏ်နှစ်သုံးဆယ်ချ

ပုဏ္ဏားကျွန်းမြို့နယ်တိုက်ပွဲမှာ နှစ်ဘက်ကျဆုံးများပြီး စစ်ရေးတင်းမာနေဆဲ

နီပေါမှာ ရေကြီးမှုဖြစ်ပြီးဆယ်ရက်ကြာ တရုတ်နိုင်ငံသားတဦးကို လိုဏ်ခေါင်းအတွင်းမှအသက်ရှင်ကယ်ဆယ်နိုင်

Releated Post

မဏိပူရမှာ လက်နက်တွေနဲ့တော်လှန်ရေးရဲဘော်သုံးဦးဖမ်းဆီးခံရ

September 6, 2026

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကြိုးစားသွားမယ်လို့ စစ်ခေါင်းဆောင်ပြော

September 6, 2026
ဓာတ်ပုံ - အမေရိကန်စစ်ဌာနချုပ်

အမေရိကန်က အီရန် ရေနံတင်သင်္ဘောသုံးစင်းကို ပြန်လည်တိုက်ခိုက်

September 6, 2026
ဓာတ်ပုံ - အာရက္ခမူခင်းနဲ့သတင်းများထုတ်ပြန်ရေးအဖွဲ့

ကျောက်တော်မှာ သက်ငယ်မုဒိမ်းကျူးလွန်သူ ထောင်ဒဏ်နှစ်သုံးဆယ်ချ

September 6, 2026
(ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်)

ပုဏ္ဏားကျွန်းမြို့နယ်တိုက်ပွဲမှာ နှစ်ဘက်ကျဆုံးများပြီး စစ်ရေးတင်းမာနေဆဲ

September 6, 2026
ဓာတ်ပုံ - နီပေါစစ်တပ်

နီပေါမှာ ရေကြီးမှုဖြစ်ပြီးဆယ်ရက်ကြာ တရုတ်နိုင်ငံသားတဦးကို လိုဏ်ခေါင်းအတွင်းမှအသက်ရှင်ကယ်ဆယ်နိုင်

September 5, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page