Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စီးပွားရေး ဆောင်းပါး သတင်း

အရှေ့တောင်အာရှ၏အွန်လိုင်းလိမ် လည်မှုအားရိုက်ချိုးခြင်း – နိဂုံး

Author picture

By

BNA Author
Reading Time: 3 mins read
0
A A
0
SHARES
11
VIEWS
Share on FacebookShare on Twitter

Border News Agency
မြဝတီ၊ ဒီဇင်ဘာ ၂။

“ရာဇဝတ်ကျူးလွန်သူကအုပ်ချုပ်နေသောအခါ”

ထိုသို့ဖြစ်နေလျှင် မည်သည့်ရလဒ်ဖြစ်လာပါမည်နည်း။ အရှေ့တောင်အာရှ ဒေ သတွင်းနိုင်ငံများအတွင်း အွန်လိုင်းမသာမာမှုလုပ်ငန်းဆိုသည်မှာ တခြားအဓိပ္ပါယ်တမျိုးအဖြစ်လည်းဖော်ပြနေ သည်။

ထိုအဓိပ္ပါယ်က အာဏာဩဇာနှင့် ငွေကို ဘယ်လိုအသုံးချနေသည်ကို ဖော်ပြနေ သည်။ ကမ္ဘောဒီးယားဇာတ်ခုံတွင်တော့ သစ္စာခံရန် အကျိုးစီးပွားတူတည်ဆောက်ရန် အသုံးချသည်။

မြန်မာဇာတ်ခုံတွင်တော့ မြန်မာစစ်တပ်၊ ပြည်သူ့စစ်နှင့် စစ်ဘုရင်၊ နယ်ပိုင်စားများအတွက် အချိန်မရွေးထုတ်ယူ၍ရသောဘဏ်စာရင်းအဖြစ်အသုံးချသည်။

လာအိုဇာတ်ခုံတွင်တော့ တရားဝင်အကာအကွယ်ရသူဘဏ္ဍာတိုက်အဖြစ်အသုံးချသည်။ ဖိလစ်ပိုင်တွင်တော့ ဗဟိုအစိုးရနှင့် ဒေသန္တရအစိုးရကြားအာဏာဟကြေးတွင် ဂွင်ဖန်ရသည့်ငွေကြေးသပိတ်ဝင်အိတ်ဝင်အဖြစ်အသုံးချသည်။ မည်သည့်ဇာတ်ခုံကိုကြည့်ကြည့် သေချာသည့်အချက်ကရှိနေသည်။

ယင်းကား အာဏာပါဝါကို ကိုင်ထားသောသူများမပါဘဲ ထိုဇာတ်ခုံများတွင် ကကြိုးမဆင်နိုင်။ တနိုင်ငံလုံးကို လွမ်းခြုံနိုင်သောလုပ်ပိုင်ခွင့် တစုံတရာရှိသည့်အင်စတီကျူးရှင်းများကို နေရာယူ ထားသူများမပါဝင်ဘဲပွဲမစည်နိုင်။ အင်စတီကျူးရှင်းများတွင် လုပ်ပိုင်ခွင့်ရှိသူများပါဝင်ပတ်သက်မှုကို “နိုင်ငံအဆင့်ပါဝင်ပတ်သက်မှု” ဟူ၍လည်း အဓိပ္ပါယ်ဖွင့်၍ရသည်မဟုတ်လား။

ထိုအွန်လိုင်းမသာမာမှုလုပ်ငန်းများအား တရားဝင်လိုင်စင်အား ထိုသူများက မချပေးပါလျှင် ဘယ်သူချပေးပါမည်နည်း။ ရှင်သန်လည်ပတ်နေရန်အကာအကွယ်အားဘယ်သူပေးထားနိုင်ပါသနည်း။ အကျိုးအမြတ်(Profit)မရဘဲ တရားစီရင်ရေးနှင့် ဥပဒေစိုးမိုးရေးလုပ်ငန်းများမှအကာအကွယ်ရှိလာပါမည်လား။

အကျိုးအမြတ်အဆီတဝင်းဝင်းနှင့် နိုင်ငံရေးအရအသုံးဝင်မှု(Political Utility) များက ထိုဇာတ်ခုံများတွင် တခုနှင့်တခုတူသည်တော့မဟုတ်ပေ။

သို့သော် ထိုအရသာနှစ်ခုဖြစ်သော အကျိုးအမြတ်နှင့် နိုင်ငံရေးဆိုင်ရာအသုံးဝင်မှုများကိုတော့ ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်နိုင်၍သာ အွန်လိုင်းမသာမာမှုလုပ်ငန်းများက လည်ပတ်နေနိုင်ခြင်းဖြစ်သည်။

လက်ရှိတွင် အရှေ့တောင်အာရှဒေသတွင်းနိုင်ငံများရှိ အွန်လိုင်းမသာမာမှုလုပ်ငန်းများက အပြင်ဘက်ကို ဆန့်ထွက်နေသည်။ အပြင်ဘက်ကို ဆန့်ထွက်နေ သည်ဆိုလျှင် ပြဿနာက မည်သည့်နေ ရာကို ဦးတည်နေသနည်း။ မည်သည့်အရာကို ပစ်မှတ်ထားနေသနည်းက အဓိကအချက် ဖြစ်လာသည်။

အွန်လိုင်းမသာမာမှုလုပ်ငန်းတိုင်းတွင် လည်ပတ်ရန် မဖြစ်မနေဆောင်ရွက်ရသည်လုပ်ငန်းစဉ်(Playbook)များက တော့ တူညီကြသည်။ သီဟနောခ့်ဘေလီ(Sihanoukville)နှင့် ရွှေကုက္ကိုလ်တွင် ရှိနေသောထိုလုပ်ငန်းများက အရှေ့တော်အာရှ၏အပြင်ဘက်ကို ဆန့်ထွက်ကုန်ကြပြီဖြစ်သည်။

ကော့ကေးဆပ်ဒေသ၊ အနောက်အာဖရိကနှင့် လက်တင်အမေရိကများထိဆန့်ထွက်ကုန်ပြီ။

ဤသို့ဖြင့် မကြာမှီကာလတွင် အရှေ့တောင်အာရှမူပိုင်ဟန်မှ ကော့ကေးဆပ်မူပိုင်ဟန်၊ အနောက်အာဖရိကမူပိုင်ဟန်နှင့် လက်တင်အမေရိကမူပိုင်ဟန်များက အွန်လိုင်းမသာမာမှုတွင် ရှိလာတော့မည်ဖြစ်သည်။

အွန်လိုင်းမသာမာမှုလုပ်ငန်းများတွင် ရေခံမြေခံနှင့်လိုက်လျောညီထွေ လည်ပတ်နိုင်စွမ်းနှင့် အကျိုးအမြတ်ရှာယူနိုင်စွမ်း(Rent-seeking)များက ရှိသည်။

အကျိုးအမြတ်များကို ခရစ်တိုငွေကြေးအဖြစ်ပြောင်းလဲ၍ နိုင်ငံခြားတွင်ကုမ္ပဏီထောင်ကာစင်္ကာပူနှင့် လန်ဒန်ရှိ အိုးအိမ်ခြံမြေလုပ်ငန်းထဲ ရင်းနှီးမြုပ်နှံမှုက အခွင့်အရေးတရပ်ပင်ဖြစ်သည်။

ကုလသမဂ္ဂနှင့် နိုင်ငံအသီးသီး၏တရားဥပဒေစိုးမိုးရေးဆိုင်ရာအင်စတီကျူရှင်းများက တနှစ်လျှင်လူသိန်းပေါင်းများစွာ အွန်လိုင်းလိမ်လည်မှုတွင် ဘီလီယံနှင့်ချီ ဆုံးရှုံး ငါးပါးမှောက်နေနိုင်သည်ဟု ခန့်မှန်းထားကြသည်။

အွန်လိုင်းမသာမာမှုလုပ်ငန်းတိုင်းတွင် သက်ဆိုင်ရာနယ်မြေဒေသကို ကျွမ်းကျင်သော ပွဲစားများရှိကြသည်။

ထိုပွဲစားများကြားခံကာ နိုင်ငံတကာ ငွေကြေးစနစ်နှင့် နည်းပညာစနစ်ကို ချိတ်ဆက်နိုင်ကြသည်။

ထိုအခြေခံများနှင့် ဆက်သွယ်လည်ပတ်နိုင်သောအနေအထားမျိုးထိ ဒီဂျစ်တယ်ပိုင်းတွင် နည်းလမ်းများကို သစ်လွင်တီထွင် ကြံဆနိုင်ကြသည်။

ထိုနည်းလမ်းသစ်များက ခေတ်သစ် လာဘ်ပေးလာဘ်ယူအဂတိလိုက်စားမှု ပုံစံအသစ်ကို ဖန်တီးနေပြန်သည်။

အမေရိကန်နှင့်ဗြိတိန်ပူးပေါင်း၍ ကမ္ဘောဒီးယားမင်းသားအုပ်စုကို အရေးယူခြင်းက ထိရောက်မှုရှိနိုင်မည်ဖြစ်သည်။

ထိုအရေးယူမှုက အွန်လိုင်းမသာမာမှုလုပ်ငန်းများတည်ဆောက်ထားသော ဘဏ္ဍာရေးလည်ပတ်မှု ပိသုကာအဆောက်အအုံစနစ်(Financial Architecture of Scamming)ကို တိုက်ရိုက် တည့်တည့်ထိနေသည်။

ထိုအွန်လိုင်းမသာမာမှုလုပ်ငန်းများ၏ ဘဏ္ဍာရေးလည်ပတ်မှုတွင် ပါဝင်နေသော

  • ၁။ ကုမ္ပဏီများ။
  • ၂။ ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်ရေး လမ်းကြောင်းနည်းလမ်းများ။
  • ၃။ မသာမာသောငွေကြေးကို အရင်းအနှီးပြု၍လန်ဒန်အိုးအိမ်ခြံမြေလုပ်ငန်းတွင်ရင်းနှီးမြုပ်နှံမှုများ။
  • ၄။ ထိုရင်းနှီးမြုပ်နှံမှုများနှင့် ဆက်စပ်နေသောစီးပွားရေးဆိုင်ရာ အာဏာပါဝါရှိသူများ၏ ဆောင်ရွက်မှုများနှင့်အကျိုးအမြတ်ရယူမှုများကို အမေရိကန်နှင့်ဗြိတိန်အရေးယူမှုက တိုက်ရိုက်ထိနေသည်။

သို့သော် ထိုကွင်းဆက်များကို တိုက်ဖျက်ရန်မှာသက်သာလွယ်ကူမည်တော့မဟုတ်။ ခယောင်းဆန်ဆူးခင်းလမ်းကို ဖြတ်ရမည့်အရာများလည်းရှိနေသည်။
ဆိုင်ဘာရာဇဝတ်မှု(Cyber Crimes)က ဆက်ရှိနေမည်ဖြစ်သည်။

ထိုရာဇဝတ်မှုကို တိုက်ဖျက်ခြင်းက နိုင်ငံတခု၏ပြည်တွင်းရေးရာနိုင်ငံရေးအကျိုးအမြတ်ဖြစ်သည်။

သို့ရာတွင် နိုင်ငံတကာ ငွေကြေးလည်ပတ်မှုစနစ်က ပြည်ပတနေရာမှထိုင်နေရင်းနှင့်ချိတ်ဆက်နိုင်သည်။

အနောက်ဥရောပရှိ ဘဏ်လုပ်ငန်းများ၊ အိုးအိမ်ခြံမြေလုပ်ငန်းစျေးကွက်များ၊ ခရစ်တိုငွေကြေးလှဲလှယ်မှုများက မသာမာမှုကရသည့်အရင်းအမြစ်များကိုလည်းလက်ခံနေမည်ဖြစ်သည်။

အနောက်ဥရောပရှိ ဘဏ်များကိုကျော်ဖြတ်ရယူလိုက်သောမေးခွန်းအနည်းငယ်ကိုတော့ ဖြတ်သန်းရမည်ဖြစ်သည်။

အရှေ့တော်အာရှဒေသတွင်းနိုင်ငံများကထိုစီးဝင်လည်ပတ်မှုလမ်းကြောင်းများကို ပိတ်သိမ်းထားပြီဖြစ်သော်လည်းဥပဒေစိုးမိုးရေးအတွက် နေရာတိုင်းတွင် လက်မလည်ဖြစ်နေအုံးမည်ဖြစ်သည်။ပြဿနာကို မကိုင်တွယ်ဘဲ ဟိုရွေ့သည်ရွေ့လုပ်နေအုံးမည်ဖြစ်သည်။

ကျင့်ဝတ်ပိုင်းအရအပြစ်တင်ရှုတ်ချမှု (Moral Condemnation)ထက် လက်တွေ့တွင် ရလဒ်ထွက်စေသော ဆောင်ရွက်မှုများက ပိုလိုအပ်နေပြီဖြစ်သည်။

အမေရိကန်နှင့် ဗြိတိန်တို့၏ပိတ်ဆို့အရေးယူမှုက တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်ရန်တွန်းအားဖြစ်စေမည်၊ ပိတ်ဆို့ရာတွင် နိုင်ငံတကာဘဏ္ဍာရေးစနစ် လည်ပတ်မှုယန္တရားအတွင်း မသာမာသော ငွေကြေးများဝင်ရောက်ခြင်း၊ ခရစ်တိုငွေကြေးဖြင့်လှဲလှယ်ခြင်းနှင့် အဂတိလိုက်စားခြင်းများထိ ကိုင်တွယ်ရန်ဖြစ်သည်။

ကမ္ဘောဒီယားမင်းသားအုပ်စုအား တိုက်ဖျက်ခြင်းက ပထမအဆင့်ဖြစ်သည်။

ဤနမူနာက အရှေ့တောင်အာရှဒေသရှိ အစိုးရများကို အွန်လိုင်းမသာမာမှုအား တိုက်ဖျက်ရာတွင် ပူးပေါင်းဆောင်ရွက္မှုကို လက်ခံလာစေရန်ကနဦးအချက်ပြမှုလည်းဖြစ်သည်။

ထိုအချက်ပြမှုက ဘဏ္ဍာရေးဆိုင်ရာစင်တာများအနေဖြင့် ၎င်းတို့၏ စီးပွားရေးနှင့် အွန်လိုင်းလုပ်ငန်းများထိ လိုက်နာကျိုးနွံ့ပူးပေါင်းဆောင်ရွက်မှုကို ဖြစ်လာမည်ဖြစ်သည်။

အပိုင်း -၁

  • https://burmese.bnanews.net/news/14157/

အပိုင်း-၂

  • https://burmese.bnanews.net/news/14314/

အပိုင်း – ၃

  • https://burmese.bnanews.net/articles/14335/

မူရင်း…

  • https://thediplomat.com/2025/11/cracking-southeast-asias-scam-economy/
PrevPreviousမြိုင်မြို့နယ်မှ ကျေးရွာတချို့ကို စစ်ကော်မရှင်တပ်တွေ မီးရှို့ဖျက်ဆီးခဲ့
Nextစစ်ကော်မရှင်တပ်ကရထားတဲ့ လက်နက်တွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကိုပေးNext
Previous Post

မြိုင်မြို့နယ်မှ ကျေးရွာတချို့ကို စစ်ကော်မရှင်တပ်တွေ မီးရှို့ဖျက်ဆီးခဲ့

Next Post

စစ်ကော်မရှင်တပ်ကရထားတဲ့ လက်နက်တွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကိုပေး

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ကနေဒါတောမီးကြောင့် တိုရွန်တိုမြို့ ကမ္ဘာ့လေထုအဆိုးဆုံးဖြစ်လာ

July 16, 2026

ကျောက်တော်ရှိရေဘေးသင့်ကျေးရွာတွေကို အာရက္ခအစိုးရနဲ့စောမဲကျီဖောင်ဒေးရှင်း ရိက္ခာတွေထောက်ပံ့

July 16, 2026

တော်လှန်ရေးအင်အားစုအားလုံးနဲ့ စုပေါင်းတွေ့ဆုံဖို့ အာဆီယံကို NUG တိုက်တွန်း

July 16, 2026

ကုလသမဂ္ဂဖိုရမ်မှာ မြန်မာပြည်သူတွေကို ကူညီဖို့ CRPH ဥက္ကဋ္ဌတိုက်တွန်း

July 16, 2026

နေပြည်တော်မှာမြန်မာ-ရုရှား ပူးပေါင်းစစ်ရေးလေ့ကျင့်

မလေးရှားမှာ မြန်မာအပါအဝင်နှစ်ဆယ့်လေးဦး ဖမ်းဆီးခံရ

မင်းကြောင်းတံတားကို အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်

အရာတော်မှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ကိုယ်ဝန်ဆောင်နဲ့ ကလေးငယ်အပါအဝင် သုံးဦးသေဆုံး

မဲဆောက်မှာတရားမဝင်လာတဲ့ မြန်မာလူငယ်တဦး ဖမ်းဆီးခံရ

မြောက်ဦးမှာ အာရက္ခအစိုးရရနဲ့ ပြည်သူပေါင်းပြီးသန့်ရှင်းရေးလုပ်

Releated Post

နေပြည်တော်မှာမြန်မာ-ရုရှား ပူးပေါင်းစစ်ရေးလေ့ကျင့်

July 15, 2026
​ဓာတ်ပုံ - ကဒါးပြည်နယ်လူဝင်မှုကြီးကြပ်ရေးဌာန

မလေးရှားမှာ မြန်မာအပါအဝင်နှစ်ဆယ့်လေးဦး ဖမ်းဆီးခံရ

July 15, 2026

မင်းကြောင်းတံတားကို အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်

July 15, 2026

အရာတော်မှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ကိုယ်ဝန်ဆောင်နဲ့ ကလေးငယ်အပါအဝင် သုံးဦးသေဆုံး

July 15, 2026
ဓာတ်ပုံ - တာ့ခ်ခရိုင်ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေးဌာန

မဲဆောက်မှာတရားမဝင်လာတဲ့ မြန်မာလူငယ်တဦး ဖမ်းဆီးခံရ

July 15, 2026

မြောက်ဦးမှာ အာရက္ခအစိုးရရနဲ့ ပြည်သူပေါင်းပြီးသန့်ရှင်းရေးလုပ်

July 15, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page