Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စီးပွားရေး ဆောင်းပါး နိုင်ငံရေး

အွန်လှိုင်းကိုအသုံးပြုပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဘင်္ဂလားဒေ့ရှ်အဆိုပြု

Author picture

By

BNA Author
Reading Time: 2 mins read
0
A A
0
SHARES
12
VIEWS
Share on FacebookShare on Twitter

Border News Agency
ဒါကာ၊ ဒီဇင်ဘာ ၈။

ဗီယင်နာကကုလသမဂ္ဂရုံးချုပ်မှာမူးယစ်ဆေးဝါးကုန်သွယ်မှုကို နည်းပညာနဲ့တိုက်ဖျက်ဖို့ ဒုတိယအကြိမ်အစည်းအဝေးကို အောက်တိုဘာလ ၂၁ ရက်နေ့မှ ၂၄ ရက်ထိ ပြုလုပ်ခဲ့ပါတယ်။

အဲဒီမှာဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ မူးယစ်ဆေးဝါးထိမ်းချုပ်ရေးဌာန(NDC)အထွေထွေဒါရိုက်တာအမ်ဒီဟာဆန်မာရဖ်(Md Hasan Maruf)တက်ရောက်ခဲ့ပါတယ်။

အဲဒီအစည်းအဝေးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အွန်လှိုင်းကိုအသုံးပြုပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဆိုပြုခဲ့တာပါ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတကာမူးယစ်ဆေး ဝါးထိန်းချုပ်ရေးဘုတ်အဖွဲ့ (International Narcotics Control Board- INCB)ရဲ့ အောက်မှာ ဒီဂျစ်တ ယ်နည်းပညာနဲ့မူးယစ်ဆေးဝါးထောက် လှမ်းရေးနဲ့အချက်အလက်စုဆောင်းရေးကမ္ဘာလုံးဆိုင်ရာစင်တာ (Global Digital Narcotics Intelligence and Exploitation Reporting Centre- DNIRC)ကို တည်ဆောက်ဖို့ အဆိုပြုထားပါတယ်။

ဒါဟာအွန်လှိုင်းနဲ့နည်းပညာကိုအသုံး ပြုပြီး မူးယစ်ဆေးဝါးရောင်းဝယ်မှုကို တားဆီးဖို့ခိုင်မာတဲ့ကမ္ဘာလုံးဆိုင်ရာပူး ပေါင်းဆောင်ရွက်မှုကို ဦးတည်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတကာမူးယစ်ဆေး ဝါးထိန်းချုပ်ရေးဘုတ်အဖွဲ့(INCB)အ တွင်းရေးမှူးအဖွဲ့ကိုလည်း အဖွဲ့ဝင်နိုင်ငံတွေ၊နည်းပညာကုမ္ပဏီတွေနဲ့ နိုင်ငံတ ကာအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းလိုက်ပါတယ်။

ဒီဂျစ်တယ်နည်းပညာနဲ့မူးယစ်ဆေးဝါးထောက်လှမ်းရေးနဲ့အချက်အလက်စု ဆောင်းရေးကမ္ဘာလုံးဆိုင်ရာစင်တာ(D NIRC)က အွန်လှိုင်းပေါ်မှာ အချက်အ လက်တွေစီစစ်စုဆောင်းပြီး ကမ္ဘာမူးယ စ်ဆေးဝါးရောင်းဝယ်မှုကို အတည်ပြုပေးမှာဖြစ်သလို သက်ဆိုင်ရာနိုင်ငံတွေကို ပေးပို့သွားရမယ်လို့ ဆိုပါတယ်။

အဲဒီစင်တာဟာ ဒီဂျစ်တယ်နည်းပညာနဲ့မူးယစ်ဆေးဝါးထောက်လှမ်းရေးနဲ့အ ချက်အလက်စုဆောင်းရေးကမ္ဘာလုံးဆို င်ရာစင်တာ(INCB)ရဲ့ ကြီးကြပ်မှုအော က်မှာလုပ်ရပါမယ်။

ကုလမူးယစ်တိုက်ဖျက်ရေးလုပ်ငန်းမူဘောင်(UNODC framework)ကိုလိုက် နာရမှာဖြစ်သလို ဥရောပသမဂ္ဂရဲ့အချ က်အလက်တွေကာကွယ်မှု(GDPR standards)ကို လိုက်နာရပါမယ်။

အွန်လှိုင်းပလက်ဖောင်းတွေဖြစ်ကြတဲ့ဂူးဂဲလ်၊မတ္တာ၊တယ်လီဂရမ်၊ဘဏ်အကောင့်နဲ့ချက်ချင်းလက်ငင်းငွေးပေး ချေနိုင်တဲ့ဝန်ဆောင်မှု(courier services)တွေမှာ မူးယစ်ဆေးဝါးနဲ့ပတ်သက်တာတွေကို DNIRC က ခြေရာခံစိစစ်ပါမယ်။

အေအိုင်(AI)နည်းပညာကို အသုံးပြုပြီးသက်ဆိုင်ရာ နိုင်ငံတွေကို ပို့ပါမယ်။

DNIRC ဟာ INCB ရဲ့ ညွှန်းကြားချက်အောက်မှာရှိနေမှာဖြစ်ပြီးရရှိတဲ့အချက်အလက်တွေကို ဘက်မလိုက်ဘဲလုံ ခြုံအောင်ထားမှာဖြစ်ပါတယ်။

DNIRC စနစ်က INCB အဖွဲ့ဝင်နိုင်ငံတွေအတွက် အလုပ်ဘယ်လောက်ဖြစ်မလဲဆိုတာကို ကနဦးအစီအစဉ်(pilot projects)အဖြစ် ဘင်္ဂလားဒေ့ရှ်၊စင်္ကာပူ၊နယ်သာလန်၊ယူအေအီးနဲ့အမေရိကန်ပြည်ထောင်စုမှာ အကောင်အထည်ဖော်ဖို့အတွက် ဘင်္ဂလားဒေ့ရှ်အဆိုပြုပါတယ်။

အဲဒါဟာ အင်တာပိုနဲ့ယူရိုပိုလ်လို့ နိုင်ငံတကာတရားဥပဒေစိုးမိုးရေးအဖွဲ့တွေနဲ့ မချိတ်ဆက်ခင်မှာ အစမ်းသုံးကြည့်မယ့် ကနဦးအစီအစဉ်လည်းဖြစ်ပါတယ်။

အဆိုပြုချက်ဇာတ်လမ်းအစ

ဘင်္ဂလားဒေ့ရှ်မှာ ကလေးငယ်တွေအ ပေါ် အမြတ်ထုတ်မှုနဲ့ပျောက်ဆုံးတာတားဆီးရေးစင်တာ(National Centre for Missing and Exploited Children – NCMEC)ဆိုတာ ရှိပါတယ်။

အဲဒီစင်တာကိုလာတိုင်တဲ့အမှုတွေကို ဘင်္ဂလားဒေ့ရှ်CID ကစစ်ဆေးရပါတယ်။

အဲဒီစင်တာကအမှုတခုမှာ CID၊ NCMEC ၊ဂူဂဲလ်ပူးပေါင်းပြီး နည်းပညာအကူအညီနဲ့အမှုရဲ့ဇစ်မြစ်ကို ထောက်လှမ်းခြေရာခံမိပြီး သံသယဖြစ်သူကိုဖမ်းဆီးနိုင်ခဲ့ပါတယ်။

အဲဒီအကြောင်းတရားက NIRC ကို ဖွဲ့စည်းဖို့ စိတ်ကူးရတာလို့ ဘင်္ဂလားဒေ့ရှ်က ပြောပါတယ်။

“အွန်လိုင်းကို အသုံးပြုပြီး မူးယစ်ဆေးဝါးလုပ်နေတာကို နိုင်ငံတကာက အချက္အလက်တွေစုစည်းထားတဲ့စင်တာက ခြေရာခံနိုင်လိမ့်မယ်။”လို့ မာရဖ်က ဆ က်ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်အတွက် ခေါင်းခဲစရာ

ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ လတ်တလောကာလအတွင်း မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့အမှုတွေ၊ ဖမ်းဆီးရတာတွေတော် တော်များနေတယ်လို့ဆိုပါတယ်။

ဘယ်လောက်ပဲဖမ်းဖမ်း မူးယစ်ဆေးဝါးရောင်းဝယ်မှုကလည်း နည်းမသွားတဲ့အပြင်ပိုပြီးတိုးလာနေပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ပထဝီဝင်အနေအ ထားက မူးယစ်ဆေးဝါးတွေဖြတ်သန်းဖို့ လမ်းဖြစ်နေတယ်လို့ မာရဖ်က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ​ဖြတ်ကျော်တဲ့မူးယစ်ဆေးဝါးတွေဟာ ဘယ်ကလာပြီး ဘယ်ကိုသွားနေတာပါလဲ။

ယာဘ(Yaba)

ယာဘ(Yaba)က မြန်မာကနေပြီး ဘင်္ဂလားဒေ့ရှ်ကို ငါးဖမ်းလှေတွေ၊စက်လှေငယ်တွေနဲ့နတ်မြစ်ကိုဖြတ်ပြီးဝင်လာတာပါ။

ဖင်စီဒိုင်း(Phensedyl)

အိန္ဒိယက ဖင်စီဒိုင်းတွေ ဘင်္ဂလားဒေ့ရှ်ကို မှောင်ခိုခိုးသွင်းပါတယ်။

ဘိန်းဖြူ(Heroin)၊ဆေးခြောက် (Cannabis)၊သွေးသားထဲထိုးသွင်းနိုင်တဲ့မူးယစ်ဆေးအရည် (Injectable Drugs)

အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှော က်က ဖြတ်သန်းပါတယ်။

DNIRC နဲ့ INCB ဟာ လူပုဂ္ဂိုလ်တွေရဲ့ပု ဂ္ဂလိကလုံခြုံမှုကို အာမခံပေးရပါမယ်။

ဒါမှသာမူးယစ်ဆေးဝါးအချက်အလက်တွေအတွက် ပုဂ္ဂလိကဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေရှိလာမှာပါ။

နောက်ပြီးနိုင်ငံဖြတ်ကျော်မူးယစ်ဆေး ဝါးလုပ်ငန်းတွေကို ခြေရာခံဖို့နဲ့အချက် အလက်တွေ နိုင်ငံတွေဆီဖြန့်ဝေဖို့အ တွက် လုပ်ပိုင်ခွင့်တွေ ပေးအပ်ရမှာပါ။

အွန်လှိုင်းအသုံးပြုမူးယစ်ဆေးဝါးလုပ်တဲ့အခါ ဒီဂျယ်တယ်ငွေပေးငွေယူစနစ်ကိုလည်း သုံးလာမှာပါ။

အဲဒါကြောင့် တရားမဝင်မသမာတဲ့ငွေ ကြေးတွေကို ခြေရာခံဖို့၊တားဆီးဖို့အ တွက် ဒီဂျယ်တယ်ငွေပေးငွေယူဝန် ဆောင်မှုပေးတဲ့အုပ်စုတွေကိုလည်း ပူးပေါင်းပါဝင်အောင် သတင်းစကားပေးဖို့ လိုပါတယ်။

မသမာတဲ့ငွေကြေးနဲ့ခရစ်တိုငွေကြေး အကူအပြောင်းစီးဆင်းမှုတွေကို ခြေရာခံဖို့နဲ့လွတ်လွတ်လပ်လပ်စုံစမ်းစစ် ဆေးနိုင်ဖို့လည်းလိုပါတယ်။

အွန်လှိုင်းပေါ်မှာ သံသယဖြစ်စရာ ဝက်ဆိုက်တွေ၊ဆောင်ရွက်မှုတွေအတွက် သက်ဆိုင်ရာ အစိုးရတွေနဲ့အချက်အ လက်တွေဖလှယ်နိုင်ရပါမယ်။

အစိုးရတွေဆီက လိုအပ်တဲ့အချက်အလက်တွေ တောင်းခံနိုင်ရမှာဖြစ်ပြီးသ တင်းအချက်အလက်တွေ လုံခြုံဖို့နဲ့ဆက်သွယ်နိုင်တဲ့အရင်းအမြစ်တွေ လုံခြုံမှုကိုလည်း အာမခံတောင်းခံနိုင်ရပါမယ်။

ဘင်္ဂလားဒေ့ရှ်အဆိုပြုတဲ့ DNIRC ဟာ ဘယ်လောက်ထိအကောင်အထည်ဖော်အောင်မြင်လာမလဲဆိုတာ စောင့်ကြည့်ရမှာပါ။

INCBကတော့ အသက်ဝင်နေပါပြီ။ ဘင်္ဂလားဒေ့ရှ်ကိုဝင်နေတဲ့မူးယစ်ဆေးလမ်းကြောင်းအတွက်တော့ အိပ်မက်ဆိုးတွေ မက်လာနိုင်ပါတယ်။

  • https://www.tbsnews.net/bangladesh/bangladesh-proposes-global-digital-centre-combat-online-drug-trade-1303366
PrevPreviousဗန်းမောက်မှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ တဦးသေဆုံး
Nextသရက်မြို့နယ်မှာ စစ်ကော်မရှင်တပ်စစ်ကြောင်းတိုက်ခိုက်ခံရလို့ ဆယ့်ခြောက်ဦးသေဆုံးNext
Previous Post

ဗန်းမောက်မှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ တဦးသေဆုံး

Next Post

သရက်မြို့နယ်မှာ စစ်ကော်မရှင်တပ်စစ်ကြောင်းတိုက်ခိုက်ခံရလို့ ဆယ့်ခြောက်ဦးသေဆုံး

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့

ကော့သောင်းမှာ အာဏာသိမ်းစစ်တပ်လက်ပါးစေ ၃ ဦးကိုဖမ်းဆီးရမိ

May 11, 2026
​ကိုးကား/ဓာတ်ပုံ - Al Jazeera

​အီရန်စစ်ပွဲ ၇၃ ရက်မြောက်နေ့အထိ တင်းမာနေဆဲ

May 11, 2026
​ကိုးကား / ဓာတ်ပုံ - Reuters

​တောင်ကိုရီးယားကုန်တင်သင်္ဘောတိုက်ခိုက်ခံရမှုကို ပြင်းထန်စွာကန့်ကွက်တယ်လို့ ဘလူးဟောက်စ်ထုတ်ပြန်

May 11, 2026
​ဓာတ်ပုံ - ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ)

​အာဏာရှင်တော်လှန်ရေးအတွင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ရဲဘော် ၂၆ ဦးကျဆုံး

May 11, 2026

ကော့သောင်းမှာ အာဏာသိမ်းစစ်တပ်လက်ပါးစေ ၃ ဦးကိုဖမ်းဆီးရမိ

​အီရန်စစ်ပွဲ ၇၃ ရက်မြောက်နေ့အထိ တင်းမာနေဆဲ

​တောင်ကိုရီးယားကုန်တင်သင်္ဘောတိုက်ခိုက်ခံရမှုကို ပြင်းထန်စွာကန့်ကွက်တယ်လို့ ဘလူးဟောက်စ်ထုတ်ပြန်

​အာဏာရှင်တော်လှန်ရေးအတွင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ရဲဘော် ၂၆ ဦးကျဆုံး

အမေရိကန်ရဲ့ပိတ်ဆို့အရေးယူမှုကို တရုတ်ကန့်ကွက်

အာဏာသိမ်းစစ်တပ်ရဲ့ရွေးကောက်ပွဲဆိုင်ရာ ပြောဆိုချက်တွေကို NUG ကန့်ကွက်

Releated Post

ဓာတ်ပုံ - ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့

ကော့သောင်းမှာ အာဏာသိမ်းစစ်တပ်လက်ပါးစေ ၃ ဦးကိုဖမ်းဆီးရမိ

May 11, 2026
​ကိုးကား/ဓာတ်ပုံ - Al Jazeera

​အီရန်စစ်ပွဲ ၇၃ ရက်မြောက်နေ့အထိ တင်းမာနေဆဲ

May 11, 2026
​ကိုးကား / ဓာတ်ပုံ - Reuters

​တောင်ကိုရီးယားကုန်တင်သင်္ဘောတိုက်ခိုက်ခံရမှုကို ပြင်းထန်စွာကန့်ကွက်တယ်လို့ ဘလူးဟောက်စ်ထုတ်ပြန်

May 11, 2026
​ဓာတ်ပုံ - ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ)

​အာဏာရှင်တော်လှန်ရေးအတွင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ရဲဘော် ၂၆ ဦးကျဆုံး

May 11, 2026
​ကိုးကား / ဓာတ်ပုံ - Reuters

အမေရိကန်ရဲ့ပိတ်ဆို့အရေးယူမှုကို တရုတ်ကန့်ကွက်

May 11, 2026

အာဏာသိမ်းစစ်တပ်ရဲ့ရွေးကောက်ပွဲဆိုင်ရာ ပြောဆိုချက်တွေကို NUG ကန့်ကွက်

May 11, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page