Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စီးပွားရေး ဆောင်းပါး နိုင်ငံရေး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် သတင်း အာရက္ခဒေသ

လခြမ်းမြေ၏အခွန်စနစ်အပေါ် ဗုဒ္ဓကျမ်းဂန်များဘက်မှချဉ်းကပ်ခြင်း

Author picture

By

BNA Author
Reading Time: 4 mins read
0
A A
0
SHARES
10
VIEWS
Share on FacebookShare on Twitter

Border News Agency
မြောက်ဦး၊ ဧပြီ ၂၁။

ဗုဒ္ဓတရားတော်များမှပြောသောအခွန်

ဗုဒ္ဓတရားတော်များတွင် အုပ်ချုပ်သူသည် ပြည်သူ့ထံမှအခွန်မကောက်မီပြည်သူ့ကိုဝန်ဆောင်မှုနှင့် အထောက်အပံ့ပေးရန်ကိုသာ အရင်သွန်သင်ထားသည်။

ဗုဒ္ဓတရားတော်များတွင် ပြည်သူထံမှအခွန်အခမကောက်ခံမီ ပြည်သူလူထု၏ လူမှုစီးပွားဘဝတိုးတက်လည်ပတ်မှုကို အရင်ပြုလုပ်ရန်လမ်းညွှန်ထားသည်။

ဤသို့ပြောလျှင် လခြမ်းမြေ၌ရှိသော အချို့ပုဂ္ဂိုလ်များက “အခွန်မကောက်လျှင် အစိုးရမည်သို့ အုပ်ချုပ်မည်နည်း။” ဟုဆိုကာ မျက်ဖြူလန်အောင် ကမူးကရူးတုန့်ပြန်ကြအုံးမည်ဖြစ်သည်။

ထိုသို့တုန့်ပြန်ကြသည့် ပုဂ္ဂိုလ်များအား ပြန်၍မေးခွန်းထုတ်ရမည်မှာ “အစိုးရ/ အုပ်ချုပ်သူ၏ အရိုးရှင်းဆုံးတာဝန်မှာ မည်သည့်အရာဟု ထင်ပါသနည်း။” ဟုသာ ပြန်မေးရမည်ဖြစ်သည်။

ထိုမှသာအုပ်ချုပ်သူသည် အခွန်ကို ဘာကြောင့်ကောက်ရသည်ဟူသောအချက်ကိုပို၍ ရှင်းရှင်းလင်းလင်းမြင်လာမည်ဖြစ်သည်။ ဆိုလိုချင်သည်က နိုင်ငံရေးတွင် “မည်သို့အုပ်ချုပ်သည်ဆိုသည်အရာက မည်သို့အခွန်ကောက်သည် ဆိုသည်ထက် ပို၍အရေးကြီးသောကြောင့်” ဖြစ်သည်။ အုပ်ချုပ်မှုကောင်း မွန်လျှင် အခွန်ဆိုသောကိစ္စရပ်သည်လည်း အလိုလိုချောမွေ့လာမည်ဖြစ်သည်။

သို့ဖြစ်၍ “အခွန်မကောက်လျှင် အစိုးရမည်သို့ အုပ်ချုပ်မည်နည်း။” ဆိုသော အချက်မှာ “မည်သို့အုပ်ချုပ်နေသည်” ဆိုသောအချက်ကို အဝေဖန်မခံလို၊ လူထုရှေ့တွင် မစစ်ကြောလို၍ ရှောင်ဖယ်နေသောစကားသာဖြစ်သည်။

“အခွန်နှင့်အုပ်ချုပ်မှုစနစ်မည်သည်က အရင်လာရမည်နည်း။” ဆိုသော မေးခွန်းတွင် စစ်ကြောဆင်ခြင်ရမည့် အဓိက အနှစ်သာရအပိုင်းမှာ “အစိုးရ/အုပ်ချုပ်သူ၏အရိုးရှင်းဆုံးတာဝန်မှာ မည်သည့်အရာဟုထင်ပါသနည်း။” ဟူသော အချ က်သာဖြစ်သည်။

ဤမေးခွန်းအပေါ် ဗုဒ္ဓ၏အဖြေအား စက္ကဝတ္တိသီဟနာဒသုတ်(Cakkavatti Sihanada Sutta)၏ အပိုဒ် ၈၄ အမေးအဖြေတွင်တွေ့နိုင်သည်။

၎င်းအပိုဒ် ၈၄ ၏ အမေးအဖြေကို ပထမပိုင်းနှင့်ဒုတိယပိုင်းခွဲဖော်ပြပါမည်။

စက္ကဝတ္တိသီဟနာဒသုတ်အပိုဒ် ၈၄ ၏ ပထမပိုင်း

အမေး။ ။စကြာမင်း(ကောင်းမွန်သော အုပ်ချုပ်သူ)၏ ကျင့်ဝတ်ဟူသည်အဘယ်ပါနည်း။

အဖြေ။ ။ အုပ်ချုပ်သူသည် တရားကိုသာအမှီပြုရမည်။ တရားကိုအရိုအသေပြုရမည်။ တရားကို အလေးပြုရမည်။ တရားကိုမြတ်နိုးရမည်။တရားကိုပူဇော်ရမည်။ တရားကို တုပ်ဝပ်ရမည်။ တရားကို တံခွန်သဖွယ်ပြုရမည်။ တရားကိုမှန် ကင်းကဲ့သို့ ပြုရမည်။ တရားကိုသာ အကြီးအမှူးပြုရမည်။ ထိုသို့ တရားမျှတမှုကို ကျင့်သုံး၍…

  • သားမယားစသည်၌လည်းကောင်း၊ (ဆွေမျိုးမိသားစုများ ပါဝင်ပတ်သက်နေသောကိစ္စကိုဆိုလို)
  • စစ်သည်ဗိုလ်ပါ၌လည်းကောင်း၊(အဖွဲ့ဝင်၊ တပ်ဖွဲ့ဝင်များပါဝင်ပတ်သက်နေသောကိစ္စကိုဆိုလို)
  • အရံမင်းတို့၌လည်းကောင်း(မဟာမိ တ်အုပ်စုများ၊အိမ်နီးချင်းနိုင်ငံများနှင့် ဆိုင်သောကိစ္စကိုဆိုလို)
  • ပုဏ္ဏားနှင့် အမျိုးသားတို့၌လည်းကောင်း(ပညာတတ်၊ပညာရှင်များပါဝင်ပတ် သက်နေသောကိစ္စ ကိုဆိုလို)
  • နိဂုံးဇနပုဒ်သားတို့၌လည်းကောင်း၊ (တောင်ပိုင်း၊မြောက်ပိုင်း၊လူနည်းစု များနှင့်ဆိုင်သောကိစ္စကိုဆိုလို)
  • သမဏဗြာဟ္မဏတို့၌လည်းကောင်း၊ (အာဏာလုပ်ပိုင်ခွင့်ရှိသူများ၊ပညာရပ် အလိုက်တတ်သိနားလည်သူများပါဝင်နေသောကိစ္စကိုဆိုလို)
  • သားငှက်တို့၌လည်းကောင်း၊ (သဘာဝပတ်ဝန်းကျင်နှင့် ဆိုင်သောကိစ္စကိုဆိုလို)

စသည့်ကိစ္စရပ်များတွင် “တရားနှင့်လျော်သောစောင့်ရှောက်မှုကာကွယ်မှု လုံခြုံစေမှု” ကို ပေးရမည်ဟု ဆိုထားသည်။

“အစိုးရ/အုပ်ချုပ်သူ၏အရိုးရှင်းဆုံး တာဝန်မှာ မည်သည့်အရာဟု ထင်ပါသနည်း။” ဟူသောအဖြေကို အပိုဒ် ၈၄ ၏ ပထမပိုင်းအရဖြေရလျှင်” လူထုနှင့် ပတ်ဝန်းကျင်အပေါ် “တရားနှင့်လျော်သောစောင့်ရှောက်မှုကာကွယ်မှုလုံခြုံစေမှု”ကို ပေးခြင်းဟုဖြေရပါလိမ့်မည်။

စက္ကဝတ္တိသီဟနာဒသုတ်အပိုဒ် ၈၄ ၏ ဒုတိယပိုင်း

တရားနှင့်လျော်သောစောင့်ရှောက်မှု ကာကွယ်မှုလုံခြုံစေမှုအားအကောင်အ ထည်ဖော်ခြင်း

၁ – နိုင်ငံတော်၌ အနိုင်အထက်နှိပ်စက်မှုများမဖြစ်စေလင့်၊

၂ – နိုင်ငံတော်၌ပစ္စည်းဥစ္စာမရှိသူတို့အားလည်း ပစ္စည်းဥစ္စာကို ပေးကမ်းလော့၊

၃ – နိုင်ငံတော်၌ အကြင်သမဏဗြာဟ္မဏ (ပညာမာန်၊ အာဏာမာန်၊ လုပ်ပိုင်ခွင့်မာန်ရှိသူ)တို့သည် မာန်ယစ်ခြင်း၊ မေ့လျော့ခြင်းတို့မှရှောင်ကြဉ်ကြကုန်၏။ သည်းခံခြင်းကောင်းသောမွေ့လျော်ခြင်း၌ တည်ကြကုန်၏။ မိမိ၏စိတ်ကို ဆုံးမကြကုန်၏။ မိမိ၏စိတ်ကို ငြိမ်သက်စေကြ ကုန်၏။ မိမိ၏စိတ်ကိုငြိမ်းအေးစေကြကုန်၏။

၄ – ထိုသမဏဗြာဟ္မဏတို့ထံလျောက် ပတ်သောအခါ ချဉ်းကပ်၍မေးမြန်းလေလော့။ စုံစမ်းလေလော့။ အဘယ်သည်ဆောင်ရွက်ရန်ကောင်းသောအရာ (ကုသိုလ်)ပါနည်း။ အဘယ်သည် ဆောင်ရွက်ရန်မကောင်းသောအရာ(အကုသိုလ်)ပါနည်း။ အဘယ်သည်အပြစ်ရှိပါသ နည်း။အဘယ်သည် အပြစ်မရှိပါသန ည်း။အဘယ်ကို မှီဝဲအပ်ပါသနည်း။အဘယ်ကိုမမှီဝဲအပ်ပါသနည်း။အဘယ်တရားသည် ရှည်စွာသော ကာလပတ် လုံးအစီးအပွါးမဲ့ခြင်းငှါဆင်းရဲခြင်းငှါ ဖြစ်ပါသနည်း။အဘယ်တရားသည် ရှ ည်စွာသော ကာလပတ်လုံးအစီးအပွါးရှိခြင်းငှါ ချမ်းသာခြင်းငှါဖြစ်ပါသနည်းဟု(မေးမြန်းလေလော့။ စုံစမ်းလာလော့)။ထို(သမဏဗြာဟ္မဏ)တို့၏ စကားကို ကြားနာ၍အကုသိုလ်တရားကို ကြဉ် ရှောင်လော့။ ကုသိုလ်တရားကို ဆောက်တည်၍ ကျင့်လေလော့။ ချစ်သားဤသည်ကားစကြဝတေးမင်း(ကောင်းမွန် သော အုပ်ချုပ်သူ)တို့၏အပြစ်ကင်းသောကျင့်ဝတ်တည်းဟု(ပြောကြား၏) ဟု ဖော်ပြထားသည်။

စက္ကဝတ္တိသီဟနာဒသုတ်အပိုဒ် ၈၄ အရ အုပ်ချုပ်သူ၏အရိုးရှင်းဆုံးတာဝန်မှာ” တရားမျှတမှုဖြင့် ပြည်သူလူထုနှင့်ပတ် ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်ရန် ဖြစ်သည်။ပြည်သူလူထုနှင်ပတ်ဝန်းကျင်အား ဘေးကင်းလုံခြုံအောင် ထားနိုင်ရမည် ဖြစ်သည်။”ဟု ဗုဒ္ဓက ဆိုထားသ ည်။

ထိုအပြင် ဗုဒ္ဓက ပြည်သူလူထုနှင့်ပတ်ဝန်းကျင်အား ဘေးကင်းလုံခြုံအောင် ထားနိုင်ရန်အုပ်ချုပ်သူဘက်က မဖြစ်မနေဆောင်ရွက်ရမည့်ကိစ္စများကိုလည်း ပြောထားသည်။ အုပ်ချုပ်သူများဘက်မှမဖြစ်မနေဆောင်ရွက်ရမည့်ပထမဆုံး အချက်မှာ”နိုင်ငံတော်၌အနိုင်အထက် နှိပ်စက်မှုများမဖြစ်စေလင့်” ဟူသော အချက်ဖြစ်သည်။

ဤအချက်ကဩဇာအာဏာရှိသူများ၊ လုပ်ပိုင်ခွင့်ရှိသူများ၊အင်အားကြီးသူ များ ထင်တိုင်းမကြဲကြရန်ပြောထားခြ င်းဖြစ်သည်။

ဒုတိယအချက်မှာ “နိုင်ငံတော်၌ပစ္စည်း ဥစ္စာမရှိသူတို့အားလည်း ပစ္စည်းဥစ္စာကို ပေးကမ်းလော့၊”ဟူသောအချက်မှာအ ရင်းအနှီးမရှိသောပြည်သူလူထုကို အလုပ်လုပ်နိုင်ရန် အထောက်အပံ့အရင်း အနှီးများပေးခိုင်းခြင်းဖြစ်သည်။”

အုပ်ချုပ်မှု၌တရားမျှတသော်လည်း ပြည်သူလူထုအပေါ် အရင်းအနှီး အထောက်အပံ့မရှိခဲ့လျှင်ထိုအုပ်ချုပ်မှုသည် ဘာဖြစ်လာမည်နည်း။

ထိုမေးခွန်းအဖြေအား ဗုဒ္ဓက စက္ကဝတ္တိသီဟနာဒသုတ်အပိုဒ် ၉၁ နှင့်အပိုဒ် ၉၄ တို့တွင် အောက်ပါအတိုင်းဖြေထားသ ည်။

အပိုဒ် ၉၁

“ရဟန်းတို့ ထိုအခါ မင်းမျိုးဖြစ်သော ဦးထိပ်၌ အဘိသိက်သွန်းပြီးသော မင်း (အုပ်ချုပ်သူ)သည် အမှုဆောင် အမတ်များ မင်းတိုင်ပင်အမတ်များ ဘဏ္ဍာရေးအမတ်များအမတ်ချုပ်များ စစ်သည်ဗိုလ်ပါများ တံခါးမှူးများနှင့် ပညာရှိ (ပုရောဟိတ်)အမတ်များတို့ကို စည်း ဝေးစေ၍အပြစ်ကင်းသော စကြဝ တေးမင်းကျင့်ဝတ်(ကောင်းမွန်သော အုပ်ချုပ်မှု စနစ်)ကို မေး၏။မေးသည်ရှိသော် ထိုအမတ်တို့သည် အပြစ်ကင်းသောစကြဝတေးမင်းကျင့်ဝတ် (ကောင်းမွန်သော အုပ်ချုပ်မှု စနစ်)ကို ထိုမင်းအား ဖြေကြားကုန်၏။

“ထိုအမတ်တို့၏(စကားကို)ကြား၍ထိုမင်းသည်တရားနှင့်လျော်သော စောင့် ရှောက်မှုကာကွယ်မှုလုံခြုံစေမှုကို စီရင် ၏။”

“ပစ္စည်းဥစ္စာ၊ မရှိသူတို့အား ပစ္စည်းဥစ္စာကိုကား မပေး။”

ပစ္စည်းဥစ္စာ မရှိသူတို့အား ပစ္စည်းဥစ္စာ မပေးသည်ရှိသော် ဆင်းရဲခြင်းပွါးများလာ၏။ဆင်းရဲခြင်းပွါးများလာသောအ ခါယောကျာ်းတယောက်သည် သူတပါးတို့မပေးသောဥစ္စာကို ခိုးလိုသောစိတ်ဖြင့် ခိုးယူ၏။…

အပိုဒ် ၉၄

“ရဟန်းတို့ ဤသို့လျှင် ပစ္စည်းဥစ္စာမရှိသူတို့အား ပစ္စည်းဥစ္စာကိုမပေးသော်ဆင်းရဲခြင်းပွါးများလာ၏။ ဆင်းရဲခြင်းပွါးများလာသော်မပေးသောဥစ္စာကို ခိုးယူမှုပွါးများလာ၏။ ခိုးယူမှုပွါးများလာသော် လက်နက်ပွါးများလာ၏။ လက်နက်ပွါးများလာသော် အသက်သတ်မှုပွါး များလာ၏။ အသက်သတ်မှုပွါးများလာသော် ထိုသတ္တဝါတို့၏အသက်သည်လည်း ဆုတ်ယုတ်လာ၏။ အဆင်းသည်လည်း ဆုတ်ယုတ်လာ၏၊…”

အဆိုပါ စက္ကဝတ္တိသီဟနာဒသုတ်အပိုဒ် ၉၁ နှင့်အပိုဒ် ၉၄ အရ”အုပ်ချုပ်မှု၌ တ ရားမျှတသော်လည်း ပြည်သူလူထုအ ပေါ် အရင်းအနှီး အထောက်အပံမရှိခဲ့လျှင် ထိုအုပ်ချုပ်မှုသည်ဘာဖြစ်လာမည်နည်း။”ဆိုသောမေးခွန်အဖြေမှာကား လူအဖွဲ့အစည်းတည်ငြိမ်တိုးတ က်မှုပျက်သွားနိုင်သည်ဟုဆိုထားသည်။

ကောင်းမွန်သောအုပ်ချုပ်မှုစံနှုန်းနှင့် ကုဋဒန္တသုတ်(Kutadanta Sutta)

မည်သည့်အနေအထားတွင် အခွန်ကောက်သင့်သနည်း။

အုပ်ချုပ်သူများမှမည်သို့ ကောင်းမွန် သောစံနှုန်းဖြင့် အုပ်ချုပ်သင့်သည်။မ ည်သည့်အနေအထားတွင် အခွန်အား ကောက်သင့်သည်ဆိုသည့်အချက်အား ကုဋဒန္တသုတ်(Kutadanta Sutta)အပိုဒ် ၃၃၈ တွင် ဗုဒ္ဓကအပြည့်အစုံဟောထား သည်။

ကုဋဒန္တသုတ်(Kutadanta Sutta)အပိုဒ် ၃၃၈

(အခွန်မကောက်သင့်သည့်အချိန်)

“ပုဏ္ဏားဤသို့မိန့်ဆိုသော် ပုရောဟိတ်ပုဏ္ဏားသည် မဟာဝိဇိတမင်းအား ဤစကားကို လျှောက်၏။အသျှင်မင်း၏ နိုင်ငံ၌(ခိုးသူ)ဆူးငြောင့်ရှိ၏။(ခိုးသူ)နှိ ပ်စက်ခြင်းရှိ၏။ရွာကို ဖျက်ဆီးခြင်းတို့ သည်လည်း ထင်ကုန်၏။နိဂုံးကို ဖျက် ဆီးခြင်းတို့သည်လည်းထင်ကုန်၏။မြို့ ကို ဖျက်ဆီးခြင်းတို့သည်လည်း ထင်ကုန်၏။ခရီးသွားတို့ကို လုယက်ခြင်းတို့ သည်လည်း ထင်ကုန်၏။အသျှင်မင်းသည် ဤသို့(ခိုးသူ)ဆူးငြောင့်ရှိသော (ခိုးသူ)နှိပ်စက်ခြင်းရှိသော နိုင်ငံ၌အခွ န် အတုပ်ကိုကောက်ယူငြားအံ။”ထို(သို့ကောက်ယူခြင်း)ကြောင့် အသျှင်မင်းသည် မပြုသင့်သည်ကိုပြုသည်ဖြစ်ရာ၏၊”

ကုဋဒန္တသုတ်(Kutadanta Sutta)အပိုဒ် ၃၃၈

(ပြည်တွင်းအကြပ်အတည်းအပေါ် အုပ်ချုပ်သူ၏ကိုင်တွယ်ပုံအမှား)

“(ဤအရာ၌)(ထိုအကြပ်အတည်း၌)အသျှင်မင်းအား ဤသို့အကြံသည်ဖြစ်သော်လည်း ဖြစ်ရာ၏။ငါသည်ဤခိုးသူဆူးငြောင့်ကို သတ်ဖြတ်ခြင်းဖြင့်လည်းကောင်း။ နှောင်ဖွဲ့ခြင်းဖြင့်လည်း ကောင်း၊ကဲ့ရဲ့ရှုတ်ချခြင်းဖြင့်လည်း ကောင်း၊(တိုင်းပြည်မှ)နှင်ထုတ်ခြင်းဖြ င့်လည်းကောင်း ဖယ်ရှားအံ့ဟုဖြစ်သော် လည်း ဖြစ်ရာ၏၊(သို့ရာတွင်)ဤနည်း ဖြင့်ဤခိုးသူဆူးငြောင့်ကို အကြွင်းမဲ့ ဖယ်ရှားခြင်း မဖြစ်နိုင်ပါ။သတ်ဖြတ် ညှဉ်းဆဲခံရသည်မှကြွင်းကျန်သောခိုးသူတို့သည် နောက်အခါ၌ မင်း၏နိုင်ငံကို ညှဉ်းဆဲကုန်လတ္တံ့၊”

ကုဋဒန္တသုတ်(Kutadanta Sutta)အပိုဒ် ၃၃၈

(ဗုဒ္ဓညွှန်ပြသောပြည်တွင်းအကြပ်အတ ည်းဖြေရှင်းနည်း)

“စင်စစ်မူကားဤ(ဆိုလတ္တံ့သော)အစီအရင်ကိုစွဲမှီ၍ဤနည်းဖြင့်သာလျှင် ယ င်းခိုးသူ ဆူးငြောင့်ကို အကြွင်းမဲ့ ဖယ် ရှားခြင်းဖြစ်နိုင်ပါ၏။သို့ဖြစ်၍ အသျှင်မင်း၏နိုင်ငံ၌လယ်ယာလုပ်မှုနွားမွေးမှုတို့ကို့အားထုတ်ကုန်သောသူတို့အား အသျှင်မင်းသည် မျိုးရိက္ခာကို ထောက်ပံ့ပေးကမ်းပါလော့။ အသျှင်မင်း၏နိုင်ငံ၌ ကုန်သွယ်မှုကို အားထုတ်ကုန်သော သူတို့အား အသျှင်မင်းသည် အရင်းအ နှီးကိုထောက်ပံ့ပေးကမ်းပါလော့။အသျှင်မင်း၏နိုင်ငံ၌ မင်းမှုထမ်းအလုပ်တို့ကို အားထုတ်ကုန်သော သူတို့အား အသျှင်မင်းသည် လခရိက္ခာကို စီမံပေးပါလော့။(ဤသို့ ပြုသည်ရှိသော်)ထိုနိုင် ငံသူ၊နိုင်ငံသားတို့သည်လည်း မိမိတို့အ လုပ်အကိုင်၌ အားထုတ်နေကုန်သည်ဖြ စ်၍အသျှင်မင်း၏နိုင်ငံကိုမညှဉ်းဆဲကု န်လတ္တံ့၊အသျှင်မင်းအား များပြားသော (ဥစ္စာစပါး)အစုသည်လည်းဖြစ်လတ္တံ့။ နိုင်ငံ၌ငြိမ်းချမ်းခြင်းရှိသည်ဖြစ်၍(ခိုးသူ)ဆူးငြောင့်မရှိသည်ဖြစ်၍(ခိုးသူ)နှိပ် စက်ခြင်းမရှိသည် ဖြစ်၍နိုင်ငံသူနိုင်ငံ သားတို့သည်လည်း(အချင်းချင်း)နှစ်လိုဝမ်းမြောက်ကုန်လျက် သားသမီးတို့ကို ရင်ခွင်၌ကစေကုန်လျက် အိမ်တို့ကို မပိတ်ကုန်ဘဲလျက်နေကြရသကဲ့သို့ ဖြစ်ကုန်လတ္တံ့ဟု လျှောက်၏။

ပြည်သူလူထု၏ချွေးနှဲစာအပေါ် ထားရှိရမည့်ကျင့်ဝတ်

ဓမ္မပဒ၊ပုပ္ဖဝဂ်၊ဂါထာအမှတ် ၄၉ တွင်

“ပျားကောင်သည်ပန်းပွင့်၏အရောင်အ ဆင်းနှင့်အနံ့ကို မဖျက်ဆီးဘဲ ပျားရည်ကိုသာ ဆောင်ယူသွားသကဲ့သို့၊ပညာရှိသူတော်စင်သည်ရွာ၌(ဆွမ်းခံကြွရာတွ င်)နေထိုင်ရမည်။”ဟု ဖော်ပြထားသည်။

ဤအပိုဒ်သည် ပြည်သူလူထု၏ချွေးနှဲ စာအပေါ် မှီခိုနေရသော သာသနာထဲမှ ရဟန်းများအတွက်ပင်မဟုတ်ပေ။အုပ် ချုပ်သူများအနေဖြင့်လည်း နှလုံးသွင်းရမည့်စံနှုန်းတခုဖြစ်သည်။

တရားမျှတမှုကို ဖော်ဆောင်လိုသောအုပ်ချုပ်သူသည် ပြည်သူတို့၏စီးပွားရေး ကိုမထိခိုက်စေဘဲ။ပြည်သူတို့ မပင်ပန်းစေဘဲအခွန်ကို ကောက်ခံသင့်သည်”။

အခွန်ဆိုသည်မှာ ပြည်သူလူထူကို လည်မျိုနင်းကာ ညှစ်ထုတ်ခြင်းမဟုတ်ပေ။ ပြည်သူလူထု၏စီးပွားရေးအဆင် ပြေချောမွေ့နေသည့်အခြေအနေမှရသ င့်ရထိုက်သောဝေစုကိုသာရယူခြင်းသာဖြစ်သည်။

အခွန်မကောက်မီစီးပွားရေးကို မြှင့်တင်ပေးခြင်း

ကုဋဒန္တသုတ်တွင် အုပ်ချုပ်သူသည်အ ခွန်ကောက်ခံရန်အတင်းအကျပ်မလုပ် ဆောင်မီပြည်သူတို့၏အခြေခံစီးပွား ရေးတိုးတက်အောင်ဦးစွာဆောင်ရွက်ပေးရမည်ဟု ဖော်ပြထားပါသည်။

လယ်သမားများအတွက် မျိုးစေ့နှင့် စို က်ပျိုးရေးအတွက်လိုအပ်သောထောက်ပံ့မှုများပေးခြင်း၊ကုန်သည်များအတွ က် ကုန်သွယ်မှုပြုလုပ်နိုင်ရန်လိုအပ်သောမတည်ရင်းနှီးငွေများထောက်ပံ့ခြ င်း၊စျေးကွက်ရှာပေးခြင်း၊လူထုအတွ က်အလုပ်အကိုင်အသက်မွှေးဝမ်း ကျောင်းများဖန်တီးခြင်း၊ ဝန်ထမ်းများအတွက်လုပ်ငန်းခွင်တွင်သင့်လျော်သောလုပ်ခလစာများပေးခြင်းစသည့်အချက်များကို အုပ်ချုပ်သူဘက်က အရင်ဖြည့်ဆည်းပေးရမည် ဖြစ်သည်။

အုပ်ချုပ်သည်ဆိုပါက ထိုအခြေခံအချ က်များကို ဖြည့်ဆည်းနိုင်သော အစွမ်းအစနှင့်အကြံအစည်လည်း ရှိရမည်ဖြစ် သည်။

ဤကဲ့သို့ ပြည်သူတို့၏စီးပွားရေးအဆ င်ပြေလာသောအခါအခွန်ကောက်ခံစ ရာမလိုဘဲ သို့မဟုတ် နည်းလမ်းတကျ ကောက်ခံသော်လည်း ပြည်သူလူထုမပင်ပန်းကြတော့ဘဲ နိုင်ငံတော်ဘဏ္ဍာ ရေးလည်း တိုးတက်လာမည်ဖြစ်ကြော င်းဟောကြားထားပါသည်။

အခွန်ကောက်ခံခြင်းထက်”ကာကွယ်စောင့်ရှောက်ခြင်း”(Rakkha)ကို ပိုမိုအလေးပေးထားခြင်း

စက္ကဝတ္တိသီဟနာဒသုတ်(Cakkavatti Sihanada Sutta)တွင် စကြာမင်းတပါး (ကောင်းမွန်သောအုပ်ချုပ်သူ)၏တာဝန်ကို ဖော်ပြရာ၌ အခွန်ကောက်ခံခြင်းထက်”ကာကွယ်စောင့်ရှောက်ခြင်း” (Rakkha)ကို ပိုမိုအလေးပေးထားသည် ။

အုပ်ချုပ်သူသည် မိမိနိုင်ငံအတွင်းရှိ ပြည်သူများအား(လူသားများသာမက တိရစ္ဆာန်များပါမကျန်)ဘေးကင်းလုံခြုံမှုရှိအောင် စောင့်ရှောက်ရမည်။

ထို့နောက် လိုအပ်သူတို့အား ပစ္စည်းဥ စ္စာပေးကမ်းခြင်းကိုလည်း ပြုလုပ်ရမည်ဟု ဆိုပါသည်။

ဤသည်မှာအခွန်အခသည်နိုင်ငံတော်၏ လုံခြုံရေးနှင့်ပြည်သူ့အကျိုးအတွက်သာဖြစ်သင့်ကြောင်း ပုံဖော်ထားခြ င်းဖြစ်သည်။

ဗုဒ္ဓ၏ သွန်သင်ချက်အရအခွန်အခကောက်ခံခြင်းသည်-အဓမ္မမဖြစ်ရပေ။ပြည်သူတို့ဆင်းရဲဒုက္ခရောက်စေမည့်အ ခွန်မျိုးမဖြစ်ရ။အခွန်ဟူသောသဘောသည်အပြန်အလှန်ဖြစ်ရမည်။ နိုင်ငံတော်က ပြည်သူတို့၏စီးပွားရေးကိုမြှင့် တင်ပေးခြင်းနှင့်ပြည်သူတို့က နိုင်ငံ တော်ကိုအခွန်ထမ်းဆောင်ခြင်းဟူ သောအပြန်အလှန် အကျိုးပြုမှု ဖြစ်ရမည်။အခွန်နှင့်ပတ်သက်၍ လက်တွေ့ ဓမ္မဓိဋ္ဌာန်ကျရမည်။အခွန်ကောက်ခံခြ င်း၏ရည်ရွယ်ချက်သည် တိုင်းပြည်သာယာဝပြောရေးနှင့်ငြိမ်းချမ်းရေးအ တွက်သာဖြစ်ရမည်။

ဗုဒ္ဓ၏က အုပ်ချုပ်ရေးတွင် အခွန်ကော က်ခံခြင်းသည် အုပ်ချုပ်သူ၏လောဘကိုဖြည့်ဆည်းခြင်းမဟုတ်ဘဲ။တိုင်းပြ ည်နှင့်လူမျိုး၏အကျိုးစီးပွားကို ဖော်ဆောင်သည့်ကိရိယာတခုအဖြစ်တည်ရှိ ရန်သာ လမ်းညွှန်ခဲ့သည်။

လခြမ်းမြေ၏အခွန်စနစ်

ပွင့်ပွင့်လင်းလင်းပြောရပါမူ လက်ရှိ လခြမ်းမြေတွင် ကျင့်သုံးနေသောအခွန်စနစ်တွင် ဗုဒ္ဓကျမ်းဂန်များနှင့်ဆန်းစစ်ပါက အုပ်ချုပ်သူများဘက်မှပြုပြင်ရမည်အရာများရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။ လက်ရှိတွင် အာရက္ခလူထုသည် အခွန် ကောက်ခံခြင်းထက်”ကာကွယ်စောင့် ရှောက်ခြင်း”(Rakkha)ကို ပိုမိုလိုအပ်နေသည်။လုပ်ပိုင်ခွင့် အာဏာရှိသူများက အာဏာပါဝါပြမှုများကိုလည်း ပြန် လည်ထိန်းသိမ်းရန် လိုအပ်နေသည်။

အာရက္ခလူထု၏လူမှုစီးပွားဘဝသည် အခွန်ထက် အထောက်အပံ့များကို ပိုမိုလိုအပ်နေကြသည်။

အာရက္ခလူထုသည် အလုပ်အကိုင်အသက်မွေးဝမ်းကျောင်းများကို လိုအပ်နေသည်။

ကုဋဒန္တသုတ်(Kutadanta Sutta)အရ ဆိုပါက မငြိမ်မသက်လုံခြုံမှုမရှိသော ကာလတွင် အခွန်မကောက်သင့်ပေ ။

ဘာဆက်လုပ်နိုင်မည်နည်း။

လခြမ်းမြေ၌အုပ်ချုပ်သူများဘက်မှ လူထုလည်မျိုကိုညစ်ကာ အခွန်ကောက်ခြင်းထက် ပိုကောင်းသောငွေရှာရန် နည်းလမ်းများရှိသည်။

လခြမ်းမြေတွင် ရေမြေသယံဇာတအရင်းအမြစ်များရှိသည်။

ထိုအရင်းအမြစ်များအပေါ် လူထုကို မထိခိုက်စေဘဲငွေရှာ၍ရသည်။ စျေးကွက်ရှာ၍ရသည်။ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီး၍ရသည်။

လက်ရှိတွင် လခြမ်းမြေ၌စီးပွားရေးကို လက်ဝါးကြီးအုပ်သလိုဖြစ်နေသည့်အခွင့်အရေးကြောင့်အကျိုးအမြတ်များရရှိသူများလည်း ရှိနေသည်။

ထိုသူများသည် ပြည်သူရေးရာဝန်ဆောင်မှုလုပ်ငန်းများနှင့်ကုန်ထုတ်လုပ်မှုလု ပ်ငန်းများတွင် ရရှိထားသောအကျိုးအမြတ်များမှအချို့တဝက်ကို ရင်းနှီးမြုပ်နှံသင့်သည်။

PrevPreviousမြန်မာ-ရုရှား-တရုတ် သုံးနိုင်ငံစွမ်းအင်ကဏ္ဍ ပူးပေါင်းဖို့သဘောတူ
Next​မြန်မာဘက်ကတိုက်ပွဲတွေကြောင့် ထိုင်းနယ်စပ်မှာလုံခြုံရေးတင်းကျပ်Next
Previous Post

မြန်မာ-ရုရှား-တရုတ် သုံးနိုင်ငံစွမ်းအင်ကဏ္ဍ ပူးပေါင်းဖို့သဘောတူ

Next Post

​မြန်မာဘက်ကတိုက်ပွဲတွေကြောင့် ထိုင်းနယ်စပ်မှာလုံခြုံရေးတင်းကျပ်

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ကံထူးမရဲစခန်းအနီးကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ သုံးဦးဒဏ်ရာရ

April 21, 2026
ဓာတ်ပုံ - PPNM

နိုင်ငံရေးအကျဥ်းသားတွေလွတ်ရေး NLD လူငယ်တွေကလှုပ်ရှားမှုပြုလုပ်

April 21, 2026
Photo-U.S.Central Command

​အီရန်သင်္ဘောကို အမေရိကန်သိမ်းဆည်းပြီး ၂၇ စီးကို ပြန်လှည့်ခိုင်း

April 21, 2026

အမေရိကန်နဲ့ အီရန်အပစ်ရပ်စဲရေး သက်တမ်းမတိုးတော့ဘူးလို့ ထရန့်ပြော

April 21, 2026

ကံထူးမရဲစခန်းအနီးကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ သုံးဦးဒဏ်ရာရ

နိုင်ငံရေးအကျဥ်းသားတွေလွတ်ရေး NLD လူငယ်တွေကလှုပ်ရှားမှုပြုလုပ်

​အီရန်သင်္ဘောကို အမေရိကန်သိမ်းဆည်းပြီး ၂၇ စီးကို ပြန်လှည့်ခိုင်း

အမေရိကန်နဲ့ အီရန်အပစ်ရပ်စဲရေး သက်တမ်းမတိုးတော့ဘူးလို့ ထရန့်ပြော

အာဏာသိမ်းစစ်တပ်ထိန်းချုပ်နယ်မြေတွေမှာ နိုင်ငံသားစီစစ်ရေးကတ်ကွင်းဆင်းလုပ်ပေးမယ်

ဟုမ္မလင်းဆိပ်ကမ်းမီးလောင်မှုနှစ်ဦးသေပြီး ဆယ့်တဦးဒဏ်ရာရ

Releated Post

ကံထူးမရဲစခန်းအနီးကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ သုံးဦးဒဏ်ရာရ

April 21, 2026
ဓာတ်ပုံ - PPNM

နိုင်ငံရေးအကျဥ်းသားတွေလွတ်ရေး NLD လူငယ်တွေကလှုပ်ရှားမှုပြုလုပ်

April 21, 2026
Photo-U.S.Central Command

​အီရန်သင်္ဘောကို အမေရိကန်သိမ်းဆည်းပြီး ၂၇ စီးကို ပြန်လှည့်ခိုင်း

April 21, 2026

အမေရိကန်နဲ့ အီရန်အပစ်ရပ်စဲရေး သက်တမ်းမတိုးတော့ဘူးလို့ ထရန့်ပြော

April 21, 2026
ဓာတ်ပုံ - စစ်ကော်မရှင်

အာဏာသိမ်းစစ်တပ်ထိန်းချုပ်နယ်မြေတွေမှာ နိုင်ငံသားစီစစ်ရေးကတ်ကွင်းဆင်းလုပ်ပေးမယ်

April 21, 2026

ဟုမ္မလင်းဆိပ်ကမ်းမီးလောင်မှုနှစ်ဦးသေပြီး ဆယ့်တဦးဒဏ်ရာရ

April 21, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page