Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်ရေး ဆောင်းပါး နိုင်ငံရေး မြောက်ဦးခရိုင် အာရက္ခဒေသ

လက်နက်အားကိုးဖြင့် အမဲလိုက်ခြင်းနှင့် ထွက်ခွာခွင့်အား ပိတ်ပင်ခြင်း – ၁

Author picture

By

BNA Author
Reading Time: 2 mins read
0
A A
0
SHARES
54
VIEWS
Share on FacebookShare on Twitter

Border News Agency
မြောက်ဦး၊ ဧပြီ ၂၆။

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသည့် ပလက်ဝမြို့နယ်တွင် ကျောင်းသားအရွယ်လူငယ်များအပါအဝင် ခရီးသွားပြည်သူများကို အာရက္ခတပ်တော်ဖမ်းဆီးနေသည်ဟု အာရက္ခပြည်သူများက အတည်ပြုပြောကြသည်။

ထိုအပြင်အသက်တဆယ့်ရှစ်နှစ်မပြည့်သေးသည့် ကျောင်းသားအရွယ်ကလေးသူငယ်များအပါအဝင် အာရက္ခပြည်သူများက အာရက္ခတပ်တော်ထိန်းချုပ်ရာပြင်ပသို့ထွက်ခွာခွင့်တားမြစ်ကန့်သတ်ထားသည်ဟုလည်း အာရက္ခပြည်သူများက ဆိုကြသည်။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေအားလုံးတွင် စစ်မှုထမ်းရန်အသက်အ ပိုင်းအခြားရှိသူများကို အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေပြင်ပသို့ ထွက်ခွာခွင့်ကန့်သတ်ထားသည်ဟု အာရက္ခတပ်တော်တရားဝင်ထုတ်ပြန်ထားသည်။

သို့သော်လည်း ပကတိအရှိတရားမြေပြင်တွင် စစ်မှုထမ်းအသက်သတ်မှတ်ချက်ထက်ငယ်သူများကိုလည်း အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်စစ်မှုထမ်းခိုင်းနေသည်ဟု အာရက္ခပြည်သူများက ဝေဖန်ပြောဆိုထောက်ပြမှုများလာသ ည်။

ထိုအကြောင်းအရာများကို အာရက္ခတပ်တော်ကတရားဝင်ထုတ်ဖော်ပြောဆိုခြင်း၊ငြင်းဆိုခြင်းများမရှိသေးသော်လ ည်း မြေပြင်တွင်အမှန်ဖြစ်ပျက်နေသ ည်ကို ငြင်းဆို၍ရမည်မဟုတ်ပေ။

စစ်သားစုဆောင်းမှုမှညွှန်ပြနေသော လားရာ

မြန်မာစစ်တပ်သည်လည်းကောင်း၊ အခြားလက်နက်ကိုင်အုပ်စုများသည်လည်းကောင်း လက်ရှိအခြေအနေတွင် စစ်သားစုဆောင်းမှုလုပ်နေကြသည်။

ထိုစစ်သားစုဆောင်းမှုက တဖက်တွင် သိသာထင်ရှားသောအချက်တချက်ကို ဖော်ပြနေသည်။

ထိုအချက်မှာ မြန်မာစစ်တပ်အပါအဝင် အခြားလက်နက်ကိုင်အုပ်စုတိုင်းနီးပါးတွင် အင်အားလိုအပ်ချက်ရှိနေသည်ဟူ သော အဓိပ္ပါယ်ဖြစ်သည်။

ထိုအင်အားလိုအပ်ချက်ရှိနေသည် ဆိုခြင်းကပင် မြန်မာစစ်တပ်အပါအဝင်အ ခြားလက်နက်ကိုင်တပ်ဖွဲ့များတွင် စစ်ရေးဆိုင်ရာကိစ္စများအတွက် အင်အားမလုံလောက်မှုအရှိတရားကို သိသာစေ သည်။

ထိုအင်အားလိုအပ်ချက်အား အဖွဲ့အစည်းလိုက်ဖြေရှင်းကြရာတွင် ယေဘူယျ တူညီသောလက္ခဏာမှာ မိမိတို့၏ထိန်းချုပ်နယ်မြေများမှ လူထုအားထွက်ခွာခွင့်အားကန့်သတ်ခြင်း၊ စစ်မှုထမ်းခိုင်းမှုတွင် လူဂုဏ်သိက္ခာအားထိခိုက်စေ သောလုပ်ရပ်များရှိခြင်း၊ ပွင့်လင်းမြင် သာမှုမရှိခြင်း၊လာဘ်ပေးလာဘ်ယူပြုလုပ်ခြင်း၊ ငွေကြေးသို့မဟုတ် လုပ်ပိုင်ခွင့်အာဏာရလိုမှုဖြင့် ကိုယ်ကျိုးရှာခြင်း၊ လူထုအားဖိနှိပ်လိုခြင်းစသည့် ဖြစ်စဉ်များက ဘက်အသီးသီး၊အုပ်စုအသီး သီးတွင် ရှိနေကြသည်။

အဆိုပါဖြစ်စဉ်များက မြန်မာနိုင်ငံ၏ လူသားချင်းစာနာမှုအကျပ်အတည်းကို ဖြစ်ပေါ်လာစေသည်။

စစ်မှုထမ်းခိုင်းခြင်းနှင့်ထွက်ခွာမှုအား ကန့်သတ်ခြင်း

မည်သည့်အချိန်တွင် မဖြစ်မနေစစ်မှု ထမ်းစနစ်တရားဝင်သနည်း။

နိုင်ငံတကာစံနှုန်းအရ မိမိတိုင်းပြည်၊ နိုင်ငံမတရားကျူးကျော်ခံရခြင်း၊ ပြည်တွင်းမငြိမ်မသက်ဖြစ်နေခြင်းကို ဖြေရှင်းရန်လိုအပ်ပါက နိုင်ငံ့အာဏာပိုင်များသည် ဥပဒေဖြင့် စစ်မှုမထမ်းမနေရစနစ်ကို ကျင့်သုံးနိုင်သည်။

အတင်းအကျပ်စစ်မှုထမ်းခြင်း (Forced Conscription)သည် နိုင်ငံတကာစံနှုန်းအရ နိုင်ငံတနိုင်ငံ၏ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် နိုင်ငံတော်အာဏာပိုင်များက ဥပဒေဖြင့် သတ်မှတ်ဆောင်ရွက်ခွင့်ရှိသည့် လုပ်ရပ်တခုဖြစ်သည်။

ဤအချက်များတွင် နိုင်ငံတော်အာဏာပိုင်များ၏လုပ်ပိုင်ခွင့်ဟူသည် အလုံးစုံအရာခပ်သိမ်းအမှန်မဟုတ်သေးပေ။

မည်သည့်အချိန်တွင် ထွက်ခွာခွင့်အား ကန့်သတ်ခွင့်ရှိသနည်း။

နိုင်ငံတကာစံနှုန်းအရ အများသူငါအတွက် အကျိုးဖြစ်ထွန်းစေရန်၊ ဘေးအန္တရာယ်ကင်းရှင်းစေရန်၊ ထွက်ခွာသူ၏ ဘေးအန္တရာယ်ကို တားဆီးပေးရန်အတွက်ဖြစ်ပါက နိုင်ငံတော်အာဏာပိုင်များသည် လူထု၏ထွက်ခွာခွင့်ကို ကန့်သတ်ပိတ်ပင်ပိုင်ခွင့်ရှိသည်။

မဖြစ်မနေစစ်မှုထမ်းခိုင်းခြင်းပင်ဖြစ်စေ၊ လူထု၏ ထွက်ခွာခွင့်အားကန့်သတ်ပိတ်ပင်မှုပင်ဖြစ်စေ နိုင်ငံတကာစံနှုန်းအရ အချက် ၄ ချက်ဖြင့် ပြည့်မှီရမည်ဖြစ်သည်။

၁။ ဥပဒေနှင့်အညီ(Legality)ဖြစ်ရမည်။ အရေးကြီးဆုံးသဘောသဘာဝဖြစ်သော တရားမျှတမှု၊တန်းတူညီမျှ၊အ ကျိုးအကြောင်းညီညွှတ်မှုဆိုသောဥပ ဒေအင်္ဂါရပ်များပါဝင်ရမည်။ စေခိုင်းချက်၊ ညွှန်ကြားချက်၊ အမိန့်၊ ကန့်သတ်ချက်စသည့်ကိစ္စရပ်များမှာ နိုင်ငံ၏တည်ဆဲဥပဒေ၊ပြဋ္ဌာန်းချက်များနှင့်အညီဖြစ်ရမည်။

ထိုအမိန့်ဥပဒေဟူသည်လည်း မည်သူမဆိုသိရှိနားလည်နိုင်သော ပြဋ္ဌာန်းချက်ဖြစ်ရမည်။အဘယ်ကြောင့်သိရှိနားလ ည်နိုင်သောပြဌာန်းချက်ဖြစ်ရမည်ဆိုသော် ထိုပြဌာန်းချက်အပေါ်တွင် လူထုဘက်မှသူ့၏အမြင်အား လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ မကြိုက်ပါက ကန့်ကွက်ခွင့်ရှိနေစေရန်ဖြစ်သည်။

၂။ တရားဝင်ရည်ရွယ်ချက် (Legitimate Aim)ရှိရမည်။ စစ်မှုထမ်းခိုင်းခြင်း၊ ထွက်ခွာခွင့်အားကန့်သတ်ရခြင်း၏ အကြောင်းရင်းမှာ ပြည်သူ့လုံ ခြုံရေး၊ ပြည်သူ့အကျိုးစီးပွား(သို့မဟုတ်)ဘေးအန္တရာယ်မှ ကာကွယ်ပေးရန်အတွက်သာဖြစ်ရမည်။

၃။ ကန့်သတ်ချက်၊ အမိန့်အားနာခံခိုင်းချက်များသည် အခြားနည်းလမ်းများ (ဥပမာ – သတိပေးခြင်း၊ အကြံပြုခြင်း) ဖြင့် မဖြေရှင်းနိုင်သည့်အခါမျိုးတွင်မှ အသုံးပြုရမည်။

ထိုသို့အခြားနည်းလမ်းများဖြင့် ဖြေရှင်းရန်မဖြစ်နိုင်ဟူသောအကြောင်းပြချက်သည်အကျိုးအကြောင်းဆီလျှော်ရမည်ဖြစ်သည်။

ထိုကန့်သတ်ချက်၊ အမိန့်အားနာခံခိုင်းချက်များကို မထုတ်ပြန်လျှင်မဖြစ်တော့၍ နောက်ဆုံးလက်နက်အဖြစ်အသုံးပြုရန်လိုအပ်ချက်(Necessity) ကြောင့်သာဖြစ်ရမည်။

၄။ရရှိသောအကျိုးနှင့်ပေးဆပ်ရသော တန်ဖိုးသည်လူထုအတွက်အချိုးအစားညီမျှမှု(Proportionality)ဖြစ်ရမည်။ စစ်မှုထမ်းခိုင်းခြင်း၊ ထွက်ခွာမှုအားပိတ်ပင်ခြင်းများသည် လိုအပ်သောအခြေအနေထက် ပိုလွန်နေခြင်းမဖြစ်ရပေ။

ရည်ရွယ်ချက်၊ ကန့်သတ်ချက်၊ အမိန့်အားလိုက်နာရန် ပြုလုပ်ချက်များအား လူထုပေးဆပ်လိုက်နာခိုင်းရာတွင် လူထုရရှိမည့်အကျိုးစီးပွားနှင့်ပေးဆပ်မှုအချိုးအစားမျှတနေရမည်။

အကယ်၍ စစ်မှုထမ်းခိုင်းခြင်း၊ ထွက်ခွာခွင့်အားပိတ်ပင်ခြင်းကြောင့် ပြည်သူကို ပိုမိုထိခိုက်စေခြင်း(သို့မဟုတ်)အကြောင်းမဲ့သက်သက်ဖိနှိပ်ခြင်းမျိုးဖြစ်နေပါက နိုင်ငံတကာစံနှုန်းများနှင့်မညီပေ။

သို့ဖြစ်၍ စစ်မှုထမ်းခိုင်းခြင်း၊ ထွက်ခွာခွင့်အားပိတ်ပင်ခြင်းကြောင့် ပြည်သူ များကို ဘေးအန္တရာယ်မှကာကွယ်ရန်၊ ပြည်သူအတွက်အကျိုးစီးပွားများကို ဖော်ဆောင်နိုင်သည်ဟု သက်သေပြနိုင်ပြီး ပြည်သူလိုအပ်ချက်များ၊ အကူအညီများကို ထိုနေရာတွင်ပေးအပ်နိုင်ပါကနိုင်ငံတကာစံနှုန်းနှင့်ညီနိုင်သည့် အခြေအနေတွင်ရှိသည်။

ထိုသို့မဟုတ်ဘဲ စစ်မှုထမ်းခိုင်းခြင်း၊ ထွက်ခွာခွင့်အားပိတ်ပင်ခြင်းကြောင့် ရ လဒ်မှာ ပြည်သူ့အတွက်အကျိုးစီးပွားလည်းမရှိ၊ပြည်သူလူထု၏လွတ်လပ်မှုကို ဖိနှိပ်ရန်(သို့မဟုတ်)အခြားနေရာသို့ ပြောင်းရွှေ့ခြင်းဖြင့် ပြည်သူများပိုမိုကောင်းမွန်သောအခွင့်အရေးရရှိမည်ကို မလိုလား၍ပိတ်ပင်ခြင်းမျိုးဖြစ်ပါက ၎င်းသည် ဆိုးဝါးသော လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ပြီး နိုင်ငံတကာစံ နှုန်းနှင့်မညီနိုင်သည့်ရာဇဝတ်မှုလုပ်ရပ်များဖြစ်လာသည်။

ထို့ကြောင့် ထိုအုပ်ချုပ်သူ၏လုပ်ရပ် (အမိန့်အာဏာ၊မူဝါဒ)သည် “ပြည်သူကို အမှန်တကယ်ကာကွယ်ပေးခြင်း (Protection)” ဟုတ်မဟုတ်နှင့် “ပြည်သူ့အခွင့်အရေးကို ဖိနှိပ်ခြင်း (Suppression)” ဟုတ်မဟုတ်အပေါ်တွင် မူတည်၍နိုင်ငံတကာစံနှုန်းများနှင့်ကိုက်ညီမှု ရှိ၊မရှိ ဆုံးဖြတ်လာမည် ဖြစ်သည်။

ဥပဒေနှင့်အညီဖြစ်ခြင်းဆိုသည်မှာ တရားမျှတမှု၊ တန်းတူညီမျှ၊ အကျိုးအကြောင်းညီညွှတ်မှုစသည့် အင်္ဂါရပ်များ ပါဝင်နေခြင်းကို ဆိုလိုခြင်းဖြစ်သည်။

စစ်ပွဲများတွင်ပင် အကန့်အသတ်ရှိသည်။ စစ်ပွဲကာလအတွင်းတွင်ပင် လူသားဆန်မှုနှင့်လူသားချင်းစာနာမှုများလိုအပ်သည်။ စစ်ပွဲကာလအတွင်းမှာပင် ပဋိပက္ခထဲရှိ ထိခိုက်လွယ်သောအရပ်သားတွင် တရားမျှတမှု၊ တန်းတူညီမျှ၊ အကျိုးအကြောင်းညီညွှတ်မှုစသည့် ဥပဒေအင်္ဂါရပ်များကို မျှော်လင့်တောင့်တမှုရှိနေသည်။

ဆက်ရန်…

PrevPrevious​ဘင်္ဂလားပင်လယ်အော်မှာ ဘင်္ဂလားဒေ့ရှ်ဘုတ်နှစ်စီးကို ဆေးခြောက်တွေနဲ့ဖမ်း
Next​အီရန်မှရေနံဝယ်ယူနေတဲ့ တရုတ်ကုမ္ပဏီတွေကို အမေရိကန် ပိတ်ဆို့အရေးယူNext
Previous Post

​ဘင်္ဂလားပင်လယ်အော်မှာ ဘင်္ဂလားဒေ့ရှ်ဘုတ်နှစ်စီးကို ဆေးခြောက်တွေနဲ့ဖမ်း

Next Post

​အီရန်မှရေနံဝယ်ယူနေတဲ့ တရုတ်ကုမ္ပဏီတွေကို အမေရိကန် ပိတ်ဆို့အရေးယူ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ICJ အပြီးသတ်စီရင်ချက်အလွန် ဘာဖြစ်လာမလဲ

August 25, 2026

ရသေ့တောင်မှာနွားတွေဆက်တိုက်သေဆုံးနေမှု အာရက္ခပြည်သူ့ကျန်းမာရေးဌာနစစ်ဆေးနေ

August 25, 2026

ထိုင်း-မြန်မာနယ်စပ်မှာစိတ်ကြွဆေးပြားခြောက်သိန်းနဲ့ လူနှစ်ဦးအလောင်းတွေ့

August 25, 2026
ဓာတ်ပုံ-AA

ပလက်ဝကိုစစ်တပ်လေကြောင်းတိုက်ခိုက်လို့ ကလေးတွေအပါအဝင် ၅ ဦးသေဆုံး

August 25, 2026

အများပြည်သူအကျိုးပြုစီမံကိန်းတွေအတွက် မြေယာတွေကို အာရက္ခအစိုးရပြန်ယူနိုင်

အာရက္ခမြေယာပြဿနာတွေဖြေရှင်းဖို့ စီမံခန့်ခွဲမှုကော်မတီတွေတိုးဖွဲ့

ဗဟန်းမှာ ငွေကျပ်သိန်း ၅,၇၀၀ တန်ဖိုးရှိ စိတ်ကြွဆေးတွေနဲ့ လူတဦးဖမ်းမိ

မောင်တောမြို့ပေါ်မှာ အာရက္ခတပ်တော်လုံခြုံရေးဆောင်ရွက်နေ

လူမှုတရားမျှတရေး ပဋိပက္ခတွေဖြစ်လာနိုင်တဲ့ အာရက္ခမြေယာမူဝါဒ

မန္တလေးမှာ ငွေကျပ်သိန်းကိုးထောင်ကျော်တန် မူးယစ်ဆေးဝါးတွေနဲ့ တရားခံငါးဦးဖမ်းမိ

Releated Post

(ဓာတ်ပုံ - တရားဥပဒေစိုးမိုးရေးနဲ့ပြည်သူ့လုံခြုံရေးဌာန(ဒီလပ်)ချုပ် ဦးအောင်သာဝင်းသိမ်းယူထားတဲ့မြေပုံမြို့နယ်မှ ပုစွန်တာ/BNA)

အများပြည်သူအကျိုးပြုစီမံကိန်းတွေအတွက် မြေယာတွေကို အာရက္ခအစိုးရပြန်ယူနိုင်

August 24, 2026

အာရက္ခမြေယာပြဿနာတွေဖြေရှင်းဖို့ စီမံခန့်ခွဲမှုကော်မတီတွေတိုးဖွဲ့

August 24, 2026
ဓာတ်ပုံ - မူးယစ်တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့

ဗဟန်းမှာ ငွေကျပ်သိန်း ၅,၇၀၀ တန်ဖိုးရှိ စိတ်ကြွဆေးတွေနဲ့ လူတဦးဖမ်းမိ

August 24, 2026
ဓာတ်ပုံ - APM

မောင်တောမြို့ပေါ်မှာ အာရက္ခတပ်တော်လုံခြုံရေးဆောင်ရွက်နေ

August 24, 2026

လူမှုတရားမျှတရေး ပဋိပက္ခတွေဖြစ်လာနိုင်တဲ့ အာရက္ခမြေယာမူဝါဒ

August 24, 2026
ဓာတ်ပုံ - မူးယစ်တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့

မန္တလေးမှာ ငွေကျပ်သိန်းကိုးထောင်ကျော်တန် မူးယစ်ဆေးဝါးတွေနဲ့ တရားခံငါးဦးဖမ်းမိ

August 24, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page