Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး အမျိုးသမီးကဏ္ဍ

လက်နက်ကိုင်တပ်ဖွဲ့ထဲမှ လိင်ပိုင်းဆိုင်ရာစော်ကားမှုများ – ၁

Author picture

By

Swe Zin Htike
Reading Time: 3 mins read
0
A A
0
SHARES
21
VIEWS
Share on FacebookShare on Twitter

​Border News Agency
မြောက်ဦး၊ ဩဂုတ် ၆။

​လက်နက်ကိုင်တပ်ဖွဲ့တွေထဲမှာ လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေဟာ ဖြစ်လေ့ဖြစ်ထရှိတတ်ပါတယ်။

​သာမန်အရင်းအမြစ်တွေမပြည့်စုံတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကို ထားလိုက်ပါ။

​ကမ္ဘာမှာ အရည်အသွေးနဲ့ကျင့်ဝတ်ကို အထိအခိုက်မခံတဲ့ စက်မှုဖွံ့ဖြိုးတဲ့နိုင်ငံတွေထဲက ပရိုဖက်ရှင်နယ်တပ်ဖွဲ့တွေမှာလည်း ဒီပြဿနာတွေရှိပါတယ်။

​နောက်ဆုံးဦးထုတ်ပြာတွေဆောင်းပြီး ငြိမ်းချမ်းရေးကို ရှေ့ရှုတဲ့ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့တွေမှာလည်း ဒီပြဿနာရှိပါတယ်။

​လိင်မှုကိစ္စဟာလူသားရဲ့ဗီဇဖြစ်သလို ဆန္ဒလည်းဖြစ်ပါတယ်။

အဲဒါကြောင့်လိင်မှုကိစ္စကို အခြေခံပြီးပြဿနာတွေ၊ ပဋိပက္ခတွေ၊ တရားမျှတမှုကင်းမဲ့တာတွေလည်း ဖြစ်ပေါ်တတ်ပါတယ်။

​လူတွေရှိနေရင် ဒီလိုသဘောသဘာဝဟာ ရှိတတ်တယ်။

​အဲဒါကြောင့် ဒီအပေါ်မှာ တရားနည်းလမ်းကျရှိဖို့လိုပါတယ်။

​ကမ္ဘာမှာ ပရိုဖက်ရှင်နယ်ကျတဲ့လက်နက်ကိုင်တပ်ဖွဲ့တွေမှာတောင် ဒီလိုမျိုးဖြစ်ရပ်တွေဟာ လစ်ရင်လစ်သလိုပေါ်ပေါက်တတ်တာကြောင့် ပရိုဖက်ရှင်နယ်မကျသေးတဲ့၊ အရင်းအမြစ်တွေ အကန့်အသတ်ရှိနေတဲ့ မြန်မာပြည်ထဲက အာရက္ခတပ်တော်(AA)အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့တွေမှာလည်း ဒီလိုပြဿနာတွေဟာရှိမှာပါ။

​ရောဂါကို နုစဉ်ခါကပင် ကုပါ

​ဒီနေရာမှာကျင့်ဝတ်တွေ၊ စံနှုန်းတွေကို ပြောလာရင်“တော်လှန်ရေးကာလဖြစ်လို့”၊”အခုမှစတင်ခါစဖြစ်လို့”၊”စစ်အာဏာရှင်ကို အရင်ဖယ်ရှားရေးက အရေးကြီးလို့”၊ “ဒါတွေကို ပြောနေရင် တော်လှန်ရေးပုံရိပ်ကျပြီး လူထုကစိတ်ပျက်သွားမှာဖြစ်လို့” စတဲ့ အကြောင်းပြချက်တွေနဲ့ငြင်းပယ်တဲ့သူတွေလည်း ရှိနေပါတယ်။

​အမှန်ကလိင်ပိုင်းဆိုင်ရာအနိုင်ကျင့်စော်ကားမှုတွေဟာ လက်နက်ကိုင်တပ်ဖွဲ့ပဲဖြစ်ဖြစ်၊ နိုင်ငံရေးအဖွဲ့အစည်းပဲဖြစ်ဖြစ်၊ လူ့အဖွဲ့အစည်းပဲဖြစ်ဖြစ် ဘယ်လိုနေရာ ဘယ်လိုအချိန်မျိုးမှာမဆို “မဖြစ်အပ်တဲ့အရာ“တွေပါ။

​အဲဒါဟာကူးစက်ရောဂါမို့ ရောဂါ“မဖြစ်ခင်ကပင် ကြိုတင်ကာကွယ်တာအကောင်းဆုံးပါ”။

တကယ်လို့ဖြစ်လာခဲ့ရင် “နုစဉ်တုန်းမှာ မြန်မြန်ကုသလေကောင်းလေပါပဲ”။

​အဲဒီလိုမကာကွယ်ရင်၊ နုစဉ်တုန်းမှာ မကုသရင် ရောဂါရင့်လာတဲ့အခါ အားလုံးကို ပြိုလဲကြေမွသွားအောင် ဖျက်ဆီးသွားမယ့်အန္တရာယ်ရှိနေပါတယ်။

​လက်နက်ကိုင်တပ်ဖွဲ့တွေထဲမှာ လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေကို “နုစဉ်တုန်းကပင် ကာကွယ်ဖို့၊ကုသဖို့လိုပါတယ်“။

အဲလိုကာကွယ်ဖို့၊ကုသဖို့ကို ပျက်ကွက်အောင်အကြောင်းပြချက်တွေ၊ငြင်းပယ်မှုတွေကပဲ နောက်ဆုံးမှာ အားလုံးကိုတွင်းနက်ထဲ ဆွဲချသွားမယ့်အရာတွေလို့ သဘောပေါက်ဖို့လိုပါတယ်။

​လက်နက်ကိုင်တပ်ဖွဲ့တွေထဲမှာ လိင်ပိုင်းဆိုင်ရာစော်ကားမှုနဲ့ ပတ်သက်လို့…

​(၁)-အမျိုးသားတပ်ဖွဲ့ဝင်တွေနဲ့ အမျိုးသမီးတပ်ဖွဲ့ဝင်တွေကြား။

​(၂)-လိင်စိတ်ခံယူမှုမတူကွဲပြားသူတပ်ဖွဲ့ဝင်နဲ့ အမျိုးသားတပ်ဖွဲ့ဝင်တွေကြား။

​(၃)-လိင်စိတ်ခံယူမှုမတူကွဲပြားသူတပ်ဖွဲ့ဝင်နဲ့ အမျိုးသမီးတပ်ဖွဲ့ဝင်တွေကြား။

​(၄)-အထက်ကအုပ်စုတွေတခုနဲ့တခုကြား၊အုပ်စုတခုချင်းမှာ အချင်းချင်းကြားထဲမှာရှိပါတယ်။

​ဒါပေမယ့် သိသာမြင်သာမှုကတော့ အမျိုးသားတပ်ဖွဲ့ဝင်တွေနဲ့ အမျိုးသမီးတပ်ဖွဲ့ဝင်တွေကြား၊လိင်စိတ်ခံယူမှုမတူသူတွေနဲ့ အမျိုးသမီးတပ်ဖွဲ့ဝင်တွေကြားကအခြေအနေတွေပါ။

​အမျိုးသမီးတွေကို အကြမ်းဖက်မှုမှ ကာကွယ်ပေးရေးဆိုင်ရာ CEDAW ဟာ လက်နက်ကိုင်တပ်ဖွဲ့ဝင် အမျိုးသမီးတွေအပေါ်မှာလည်း လွှမ်းခြုံပါတယ်။

​အမျိုးသမီးတယောက်ဟာ လက်နက်ကိုင်တပ်ဖွဲ့ဝင် ဟုတ်ရင်လည်း ဟုတ်မယ်။ မဟုတ်ရင်လည်း မဟုတ်ပါဘူး။

​ဒါပေမယ့် သူမဟာအမျိုးသမီးဖြစ်နေလို့ကို CEDAW က လွှမ်းခြုံမှုရှိနေတာ၊သူမကို အကာအကွယ်ပေးရမှာဖြစ်ပါတယ်။

​အစိုးရမဟုတ်တဲ့လက်နက်ကိုင်အုပ်စုတွေ​ကုလသမဂ္ဂရဲ့ လိင်ပိုင်းဆိုင်ရာကျူးလွန်အနိုင်ကျင့်စော်ကားမှုတွေကို ကာကွယ်ပေးရေးအချက်တွေဆိုတဲ့ (Special measures for protection from sexual exploitation and abuse – SEA)အစီရင်ခံစာတွေဟာ နိုင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာဥပဒေ (IHL)သတ်မှတ်ချက်တွေကို အခြေခံပါတယ်။

​အဲဒီလိုအခြေခံတဲ့အတွက် နိုင်ငံတကာလူသားချင်းစာနာမှု ဥပဒေအဓိပ္ပာယ်ဖွင့်ဆိုချက်တွေဟာ ကုလသမဂ္ဂရဲ့ဆုံးဖြတ်ချက်တွေ၊အစီရင်ခံစာတွေမှာ လွှမ်းမိုးသက်ရောက်ပါတယ်။

​၁၉၄၉ ဂျနီဗာကွန်ဗင်းရှင်း ပုဒ်မ ၃ (Common Article 3 of the Geneva Conventions)က ULA/AA လို လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပတ်သက်တဲ့ ဥပဒေကြောင်းအရ ချည်နှောင်မှုတွေကိုအဓိပ္ပာယ်ဖွင့်ဆိုပါတယ်။

​အဲဒီကွန်ဗင်းရှင်းပုဒ်မ (၃)ဟာ”ပြည်တွင်းစစ်လို နိုင်ငံတကာအဆင့်မဟုတ်တဲ့ ပဋိပက္ခတွေ (Non-International Armed Conflicts – NIAC)မှာ ပါဝင်နေတဲ့ အစိုးရမဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့အစည်း(“Non-State Armed Groups”)တွေဟာ ဂျနီဗာကွန်ဗင်းရှင်းအရ လူသားချင်းစာနာမှုမူတွေ၊စံနှုန်းတွေကို လိုက်နာရမယ့်ဥပဒေအရ ပါဝင်ပတ်သက်သူ(Legal Entity)တွေဖြစ်ပါတယ်။

​ကုလသမဂ္ဂရဲ့လိင်ပိုင်းဆိုင်ရာ ကျူးလွန်အနိုင်ကျင့်စော်ကားမှုတွေကို ကာကွယ်ပေးရေးအချက်တွေထဲမှာ လက်နက်ကိုင်တပ်ဖွဲ့တွေကို လွှမ်းခြုံနိုင်တဲ့ “ကုလသမဂ္ဂကြီးကြပ်မှုအောက်မှာမရှိတဲ့တပ်ဖွဲ့ (Non-United Nations Forces)”ဆိုတဲ့ စကားလုံး ရှိပါတယ်။

​အဲဒီစကားလုံးဟာ အဓိပ္ပာယ်ကျယ်ပြန့်မှုနက်ရှိုင်းပြီး ULA/AA လို လက်နက်ကိုင်တပ်ဖွဲ့တွေဟာ နိုင်ငံတကာစံနှုန်းအရကြည့်ရင် ULA/AA ဟာ…

​(၁)-တပ်ဖွဲ့၊နယ်မြေနဲ့ကွပ်ကဲမှုစနစ်ရှိတယ်။

​(၂)-အဲဒီလိုရှိတဲ့ အဖွဲ့အစည်း (Organized Armed Group) ဖြစ်တဲ့ အတွက် နိုင်ငံတကာဥပဒေနဲ့ UN အစီရင်ခံစာတွေရဲ့ အသုံးအနှုန်းအရ “အစိုးရ မဟုတ်တဲ့ လက်နက်ကိုင်တပ် (Non-State Armed Forces)”၊ ကုလသမဂ္ဂထိန်းချုပ်မှု အောက်မှာမရှိတဲ့တပ် (Non-UN Forces)ဆိုတဲ့ ခေါင်းစဉ်အောက်မှာ တိုက်ရိုက်အကြုံးဝင်နေပါတယ်။

​လက်နက်ကိုင်တပ်ဖွဲ့တွေမှာ လိင်ပိုင်းဆိုင်ရာကျူးလွန်နှောင့်ယှက်မှုတွေ (Military Sexual Assault and Harassment)ဖြစ်ရင် ဘယ်လိုအရေးယူရမယ်ဆိုတာတွေနဲ့ပတ်သက်လို့ နိုင်ငံတကာစံနှုန်းတွေ၊လမ်းညွှန်ချက်တွေ ခိုင်ခိုင်မာမာရှိပါတယ်။

​ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်စာချွန်လွှာအမှတ် (ST/SGB/2003/13)​ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်စာချွန်လွှာ(UN SG Bulletin (ST/SGB/2003/13))အပိုင်း (၃) (Section 3)မှာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ကျူးလွန်မှုသမျှကို လျစ်လျူမရှုဘဲ အရေးယူရမယ်ဆိုတဲ့ လုံးဝသည်းမခံ(Zero Tolerance)စံနှုန်းကို တရားဝင်တောင်းဆိုထားပါတယ်။

​ကုလလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် – ၁၈၂၀ (၂၀၀၈)

​အဲဒီဆုံးဖြတ်ချက် ၁၈၂၀ (UN Security Council Resolution 1820 (2008)) ထဲမှာ”စစ်ပွဲတွေ၊တပ်ဖွဲ့ဆိုင်ရာကိစ္စရပ်နယ်ပယ်တွေမှာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို လုံးဝသည်းမခံစံနှုန်းနဲ့ ကိုင်တွယ်ဖို့၊ကျူးလွန်သူတွေကို ကင်းလွတ်ခွင့်မပေးဖို့(No Impunity)နဲ့ တပ် ဖွဲ့ဆိုင်ရာကျင့်ဝတ်တွေ(Codes of Conduct)ထဲမှာ အဲဒီမူတွေကို ထည့်သွင်းကျင့်သုံးကြဖို့ တောင်းဆိုထားပါတယ်။

​ကုလလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် – ၂၂၇၂ (၂၀၁၆)

​အဲဒီဆုံးဖြတ်ချက် (UN Security Council Resolution 2272 (2016))ထဲမှာတော့”တပ်ဖွဲ့အတွင်းလိင်ပိုင်ဆိုင်ရာ မတော်မတရား ပြုကျင့်မှုများ ရှိလာပါက တပ်မှူးတွေ၊ကျူးလွန်သူတွေရဲ့ အထက်အဆင့်တွေက ဖုံးကွယ်ထားတာမျိုးမပြုနိုင်ဖို့အတွက် “သီးခြားလွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးအဖွဲ့ (Independent Investigation Body)” တွေနဲ့ စစ်ဆေးဖို့ကိုတောင်းဆိုထားပါတယ်။

​ဆီဒေါစာချုပ်အပေါ်သုံးသပ်ချက် အမှတ် ၃၅ (၂၀၁၇)

​ကုလသမဂ္ဂရဲ့ ဆီဒေါဆိုင်ရာ သုံးသပ်ချက်တွေထဲက အမှတ် (၃၅) (CEDAW General Recommendation No. 35 (2017)) ထဲမှာ “အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာ သီးခြားအကြံပြုချက်တွေရှိပါတယ်။

​လိင်ပိုင်းဆိုင်ရာကျူးလွန် စော်ကားခံရတဲ့ အမျိုးသမီးစစ်သည်တွေနဲ့ အရပ်သားအမျိုးသမီးတွေတိုင်ကြားလာခဲ့ရင် အဂတိကင်းတဲ့လွတ်လပ်ပြီး ဘက်မလိုက်တဲ့ဥပဒေကြောင်းဆိုင်ရာစုံစမ်းစစ်ဆေးမှု (Independent & Impartial Investigation)ရရှိစေရမယ်လို့ အတိ အလင်းသတ်မှတ်ထားပါတယ်။

​ကျူးလွန်ခံရတဲ့ တိုင်ကြားသူတွေအပေါ် လက်စားချေမှုမှကာကွယ်ပေးခြင်း

​ကုလအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ နားလည်မှုစာချွန်လွှာအမှတ် (UN SG Bulletin (ST/SGB/2005/21))ထဲမှာ လက်စားချေမှုမှ ကာကွယ်ပေးခြင်း (Protection Against Retaliation) ကို တောင်းဆိုထားပါတယ်။

​မတော်မတရား ပြုမူမှုကို တိုင်ကြားတဲ့သူတွေ၊အမျိုးသမီးတပ်ဖွဲ့ဝင်တွေ၊တ ခြားတပ်ဖွဲ့ဝင်တွေကို အထက်အဆင့် အရာရှိတွေက ရာထူးချတာ၊အပြစ်ပေးတာ၊ဖိအားပေးတာမျိုးတွေကကာကွယ်ပေးဖို့နဲ့ သတင်းပေးသူကာကွယ်ရေး (Whistleblower Protectionမူဝါဒကို ကျင့်သုံးဖို့ကို တောင်းဆိုထားပါတယ်။

​ကုလလုံခြုံရေးကောင်စီဆုံးဖြတ်ချက် – ၂၄၆၇ (၂၀၁၉)

​အဲဒီဆုံးဖြတ်ချက်(UN Security Council Resolution 2467 (2019))အရ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရသူတွေနဲ့တိုင်ကြားသူတွေကို လက်စားချေတာ၊ဂုဏ်သိက္ခာထိခိုက်စေတာနဲ့ စိတ်ဒဏ်ရာထပ်မံရရှိစေတဲ့အခြေအနေ (Re-traumatization)တွေကို ပြုလုပ်တာတွေကနေကာကွယ်ပေးဖို့အတွက် တိုက်တွန်းထားပါတယ်။

​ကုလလုံခြုံရေးကောင်စီဆုံးဖြတ်ချက် – ၁၃၂၅ (၂၀၀၀)

​အဲဒီဆုံးဖြတ်ချက် UN Security Council Resolution 1325 (2000) ဟာ ကုလလုံခြုံရေးကောင်စီရဲ့အမျိုးသမီး၊ ငြိမ်းချမ်းရေး၊လုံခြုံရေးဆိုင်ရာသမိုင်း ဝင် WPS (Women, Peace, Security) ပြဋ္ဌာန်းချက်ဖြစ်ပြီး တာဝန်ယူမှုနဲ့ ပွင့်လင်းမြင်သာမှု (Accountability and Transparency)အတွက် တောင်းဆိုထားပါတယ်။

​တပ်ဖွဲ့နဲ့ တပ်ဖွဲ့ဝင်တွေထဲမှာ အမျိုးသမီးတွေအတွက် လုံခြုံရေး၊အခွင့်အရေးနဲ့စောင့်ရှောက်ကာကွယ်ရေး၊စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာအခြေအနေတွေကို တရားဝင်ထုတ်ပြန်ပေးဖို့ တောင်းဆိုထားပါတယ်။

​ကုလလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် – ၁၉၆၀ (၂၀၁၀)

​အဲဒီဆုံးဖြတ်ချက် UN Security Council Resolution 1960 (2010) မှာ တပ်ဖွဲ့တွေ၊တပ်ဖွဲ့ဝင်တွေ ပါဝင်ပတ်သက်နေတဲ့၊သူတို့တွေနဲ့ ဆက်စပ်တဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားချိုးဖောက်မှုတွေကို အချက်အလက်တွေနဲ့အတူ ဘယ်လိုဘယ်ပုံ အရေးယူထားပါတယ်ဆိုတာကို ပွင့်လင်းမြင်သာစွာ ကုလသမဂ္ဂ၊ လွှတ်တော် ဒါမှမဟုတ် အများပြည်သူကိုချပြဖို့နဲ့ အဲဒီဖြစ်ရပ်တွေ၊ ဖြစ်စဉ်တွေကို စောင့်ကြည့်တာ၊သုံးသပ်အကဲဖြတ်တာစတဲ့ (Monitoring, Analysis and Reporting Arrangements – MARA)လုပ်ငန်းစဉ်တွေကို ကျင့်သုံးဖို့ တောင်းဆိုထားပါတယ်။

​ဆက်ရန်…

​ကိုးကား…

https://www.un.org/preventing-sexual-exploitation-and-abuse/content/secretary-generals-reports

UN Secretary-General’s Bulletin on Special measures for protection from sexual exploitation and sexual abuse (ST/SGB/2003/13)

https://www.unhcr.org/media/secretary-generals-bulletin-special-measures-protection-sexual-exploitation-and-sexual-abuse
PrevPreviousစစ်တွေခရိုင်အချုပ်ထောင်က ထွက်ပြေးတရားခံတဦး ဖမ်းမိ
Nextရယောင်းမှာတရားမဝင် မြန်မာတဆယ့်ကိုးဦးဖမ်းဆီးခံရNext
Previous Post

စစ်တွေခရိုင်အချုပ်ထောင်က ထွက်ပြေးတရားခံတဦး ဖမ်းမိ

Next Post

ရယောင်းမှာတရားမဝင် မြန်မာတဆယ့်ကိုးဦးဖမ်းဆီးခံရ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

လက်နက်ကိုင်တပ်ဖွဲ့ထဲမှ လိင်ပိုင်းဆိုင် ရာစော်ကားမှု – ၅

August 14, 2026

ဦးနှောက်သော့ခတ်ခံထားရတဲ့ အုပ်ချုပ်ရေးနဲ့ တော်လှန်ရေး

August 13, 2026
ဓာတ်ပုံ - အာရက္ခတပ်တော်

စစ်တပ်ကြောင့် အာရက္ခဒေသအပါအဝင် နိုင်ငံတဝှမ်း အမျိုးသမီးနှစ်ဆယ့်ခြောက်ဦး သေဆုံး

August 13, 2026

လက်နက်ကိုင်တပ်ဖွဲ့ထဲမှ လိင်ပိုင်းဆိုင်ရာစော်ကားမှု – ၄

August 12, 2026

မဲဆောက်မှာ အမျိုးသားတဦး ကားသုံးစီးဆင့်တိုက်ခံရလို့ သေဆုံး

ထိုင်းမှာ တရားမဝင်လာတဲ့ မြန်မာငါးဆယ့်သုံးဦး ဖမ်းဆီးခံရ

​ကိုလံဘီယာငလျင်ကြောင့် သေဆုံးသူ နှစ်ရာ့ခြောက်ဆယ့်ငါးဦးရှိလာ

ဂွကို အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်လို့ ရှစ်ဦးသေဆုံး

AA နယ်မြေတွေကို လနှစ်ဆယ်ကြာတိုက်နေပေမယ့် စစ်တပ်မထိုးဖောက်နိုင်

AA ထိန်းချုပ်နယ်မြေတွေကို ပြန်ဝင်ဖို့အာဏာသိမ်းစစ်တပ်ကြိုးစားနေ

Releated Post

ဓာတ်ပုံ - ထိုင်းသတင်းတွေ

မဲဆောက်မှာ အမျိုးသားတဦး ကားသုံးစီးဆင့်တိုက်ခံရလို့ သေဆုံး

August 14, 2026

ထိုင်းမှာ တရားမဝင်လာတဲ့ မြန်မာငါးဆယ့်သုံးဦး ဖမ်းဆီးခံရ

August 14, 2026

​ကိုလံဘီယာငလျင်ကြောင့် သေဆုံးသူ နှစ်ရာ့ခြောက်ဆယ့်ငါးဦးရှိလာ

August 14, 2026
ဓာတ်ပုံ - အာရက္ခတပ်တော်​

ဂွကို အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်လို့ ရှစ်ဦးသေဆုံး

August 14, 2026

AA နယ်မြေတွေကို လနှစ်ဆယ်ကြာတိုက်နေပေမယ့် စစ်တပ်မထိုးဖောက်နိုင်

August 14, 2026

AA ထိန်းချုပ်နယ်မြေတွေကို ပြန်ဝင်ဖို့အာဏာသိမ်းစစ်တပ်ကြိုးစားနေ

August 14, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page