Border News Agency
ပေါက်တော၊ သြဂုတ် ၅။
စစ်တွေခရိုင်အချုပ်ထောင်မှ ထွက်ပြေးလွတ်မြောက်နေတဲ့မုဒိမ်းတဦးကို တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာနပြန်ဖမ်းမိခဲ့ပါတယ်။
အဲဒီပေါက်တောမြို့နယ်၊ ဂျိတ်ချောင်းကျေးရွာမှ အသက်ငါးဆယ်တနှစ်အရွယ်ကျော်ဝင်းချေဖြစ်ပြီး သူ့ကိုဇူလိုင်လ ၂၆ ရက်နေ့က မြေပုံမြို့နယ်၊ပြင်ဝန်းကျေးရွာမှာ ဖမ်းမိတာပါ။
သူဟာ ပုဏ္ဏားကျွန်းမြို့နယ်၊ ကြံခင်းစစ်ရှောင်စခန်းမှ အသက်သုံးဆယ်လေးနှစ်အရွယ်စစ်ရှောင်အမျိုးသမီးတဦးကို အဓမ္မပြုကျင့်မှုနဲ့အချုပ်ထောင်မှာ ထိန်းသိမ်းခံထားရသူဖြစ်ပါတယ်။
အဲဒီမုဒိမ်းမှုတရားခံကျော်ဝင်းချေနဲ့ အသက်လေးဆယ်လေးနှစ်အရွယ်ဘိုသန်းဝင်းဟာ ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့က အချုပ်ထောင်မှထွက်ပြေးသွားခဲ့ကြတာဖြစ်ပြီး ကျော်ဝင်းချေကိုဖမ်းဆီးချိန် ခိုးရာပါစက်လှေတစီးနဲ့ ဖုန်းနှစ်လုံးကိုသိမ်းမိခဲ့ပါတယ်။
အဲဒီအချုပ်ထောင်မှ ထွက်ပြေးလွတ်မြောက်နေသူ ရသေ့တောင်မြို့နယ်၊ကြံတိုင်းအောင်ကျေးရွာမှ မုဒိမ်းမှုတရားခံဘိုသန်းဝင်းကိုလည်း ပြန်ဖမ်းမိရေးအတွက် ဒီလပ်ဌာနဆက်လုပ်နေပါတယ်။






