Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ကျောက်ဖြူခရိုင် ကျောက်ဖြူမြို့နယ် စစ်ရေး ဆောင်းပါး အာရက္ခဒေသ

ကျောက်ဖြူမြို့နယ်မှာ တိုက်ပွဲတွေ ဘာကြောင့် ပြင်းထန်နေတာလဲ

Author picture

By

BNA Author
Reading Time: 3 mins read
0
A A
0
SHARES
14
VIEWS
Share on FacebookShare on Twitter

ထွန်းကျော်ရေးတယ်။

Border News Agency
ကျောက်ဖြူ၊ ဇွန် ၂၇။

တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေရှိတဲ့ကျောက်ဖြူမြို့နယ်ကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ အာရက္ခတပ်တော်(AA)အရှိန်မြှင့်တိုက်ခိုက်နေတယ်လို့ စစ်ရေးအကဲခတ်တွေက ဆိုကြပါတယ်။

အာရက္ခတပ်တော်ရဲ့ထိုးစစ်တွေ ပိုမိုအရှိန်မြင့်နေပြီး အထူးစီးပွားရေးဇုန်စီမံကိန်းဧရိယာထဲက သုံးနေရာမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာလို့ ဆိုကြပါတယ်။

အဲဒီကျောက်ဖြူမြို့တွင်းနဲ့သုံးမိုင်ခန့်အကွာမှာ တိုက်ပွဲတွေဖြစ်ပွားနေတာလို့လည်း ကျောက်ဖြူဒေသခံတွေက ဆိုကြပါတယ်။

အာရက္ခတပ်တော်ဟာ ပြီးခဲ့တဲ့နှစ်၊နှစ်ဆန်းက ကျောက်ဖြူမြို့နယ်အနီးရှိရမ်းဗြဲမြို့နယ်ကို အပြီးသတ်သိမ်းပိုက်ပြီးနောက် ကျောက်ဖြူမြို့နယ်မှာ စစ်ဆင်ရေးတွေ စတင်လာခဲ့တာပါ။

စစ်ကောင်စီတပ်ရဲ့ဓညဝတီရေတပ်ဌာနချုပ်ကို ပြီးခဲ့တဲ့ဖေဖော်ဝါရီလတတိယပတ်ကစတင်တိုက်ခိုက်နေပြီး တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေခဲ့တာဖြစ်ပါတယ်။

အဲဒီဓညဝတီရေတပ်ဌာနချုပ်မှာလည်းရေတပ်စစ်သင်္ဘောတွေအပြင် စစ်သည်အင်အားတထောင်ကျော်ထိဖြည့်တင်းခံစစ်ပြင်ထားပြီး ရေတပ်စစ်သင်္ဘောကြီးတွေကိုလည်း ပစ်ကူစစ်ကူအတွက်
စစ်သည်၊လက်နက်ဖြည့်တင်းထားတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။

”ဓညဝတီရေတပ်ဌာနချုပ်မှာအင်အားအများဆုံးပဲ။ တရုတ်အကျိုးစီးပွားကိုကာကွယ်ဖို့အတွက်လည်းပါတာပေါ့။ ကျောက်ဖြူနဲ့ရမ်းဗြဲကြားပင်လယ်ဝမှာ ရေငုပ်သင်္ဘောကိုအသင့်ပြင်ထားတယ်။တိုက်ပွဲတွေမဖြစ်ခင်ကတည်းကဖြန့်ထားပြီးသား။ ရခိုင်မှာရေတပ်အင်အားအများဆုံးပဲ။” လို့ ကျောက်ဖြူမြို့နယ်ရှိ ဓညဝတီရေတပ်ဌာနချုပ်မှအရာရှိတဦးက Border News Agency ကို ပြောပါတယ်။

အဲဒီဓညဝတီရေတပ်ဌာနချုပ်လက်အောက်ခံအမှတ် ၁၁ ဆက်သွယ်ရေးရေတပ်၊အမှတ် ၁၂ ရေ တပ်ပစ္စည်းထိန်းတပ်၊အမှတ် ၁၃ ရေတပ်အုပ်ချုပ်ရေးတပ်၊အမှတ် ၁၄ ရေတပ်လက်နက်ခဲယမ်း မီးကျောက်တပ်၊အမှတ်၁၅ ရေ တပ်စစ်မှုလက်မှုတပ်၊အမှတ် ၁၆ စစ်ရေယာဉ်စုတပ်တွေအပြင် အမှတ် ၁၈ ရေတပ်အခြေစိုက်စခန်း၊မာန်အောင်မြို့နယ်ရှိ အမှတ် ၁၉ ရေတပ်ရှေ့တန်းစခန်းကိုလည်း ကွပ်ကဲအုပ်ချုပ်နေပါတယ်။

အဲဒီဓညဝတီရေတပ်ဌာနချုပ်အောက်မှာရေတပ်စစ်သင်္ဘောငယ်အစီးရေနှစ်ဆယ်ကျော်ရှိပြီး ရေတပ်စစ်ဆင်ရေးတွေကို အဓိကကွပ်ကဲနေသလို ကုန်း၊ရေအင်အားတထောင်ကျော်ထိရှိတယ်လို့ စစ်ကောင်စီရေတပ်အသိုင်းအဝိုင်းက ဆိုကြပါတယ်။

အဲဒီတိုက်ပွဲတွေဟာ အပြင်းထန်ဆုံးအခြေအနေကိုရောက်ရှိနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။

“အခုတိုက်ပွဲတွေဟာ အရင်ကထက် ပိုပြီးပြင်းထန်လာတယ်။တိုက်ပွဲဖြစ်နေတဲ့နေရာရဲ့တမိုင်ပတ်လည်မှာ တရုတ်စက်ရုံတွေရှိတယ်။စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးရော၊ဒရုန်းတွေနဲ့ပါ ခုခံတိုက်ခိုက်နေတယ်။”လို့ ကျောက်ဖြူဒေသခံတဦးက ပြောပါတယ်။

အိန္ဒိယသမုဒ္ဒရာရဲ့ထွက်ပေါက်ဖြစ်တဲ့ ကျောက်ဖြူဒေသမှ တရုတ်နိုင်ငံ၊ကူမင်းမြို့ထိ ဆက်သွယ်ထားတဲ့ သဘာဝဓာတ်ငွေ့နဲ့ရေနံပိုက်လိုင်းအပြင် ဆက်လက်အကောင်အထည်ဖော်မယ့် ရေန က်ဆိပ်ကမ်းစီမံကိန်းတွေ ရှိနေပါတယ်။

အဲဒီစီမံကိန်းတွေဟာ အရှေ့တောင်အာရှမှာ တရုတ်နိုင်ငံရဲ့ပိုးလမ်းမစီမံကိန်း(BRI)အတွက် အရေးပါတဲ့အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီလက အရပ်သားအစိုးရကိုအာဏာသိမ်းခဲ့ပြီးနောက် စစ်ကောင်စီက ကျောက်ဖြူရေနက်ဆိပ်ကမ်းကို အကောင်အထည်ဖော်ဖို့ကြိုးစားခဲ့ပေမယ့် ဒီနေ့ထိ အကောင်အထည်မဖော်နိုင်သေးပါဘူး။

ကျောက်ဖြူအထူးစီးပွားရေးဇုန်မှာပါဝင်တဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်းကို အကောင်အထည်ဖော်ဖို့ မြန်မာနဲ့တရုတ်နိုင်ငံကြားလုပ်ငန်းလုပ်ကိုင်ခွင့်သဘောတူစာချုပ် (Concession Agreement) ကို ၂၀၀၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဒါပေမယ့် စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် အကောင်အထည်မဖော်နိုင်ခဲ့တဲ့အတွက် နောက်ဆက်တွဲစာချုပ်(Addendum) ကို ၂၀၂၃ ခုနှစ်၊ဒီဇင်ဘာလ ၂၆ ရက်နေ့မှာချုပ်ဆိုပြီး စာချုပ်သက်တမ်းကို ၁၈ လ ထပ်မံတိုးမြှင့်ခဲ့ပါတယ်။

အဲဒီနောက်ဆက်တွဲစာချုပ်သက်တမ်းဟာ ဇွန်လ ၂၆ ရက်၊မနေ့က သက်တမ်းကုန်ဆုံးခဲ့ပါပြီ။

အာရက္ခတပ်တော်ရဲ့ကျောက်ဖြူစစ်ဆင်ရေးအာရက္ခအဆုံးအဖြစ်စစ်ပွဲမှာ အာရက္ခတပ်တော်ကာ ပလက်ဝဒေသအပါအဝင် တဆယ်ငါးမြို့နယ်ကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

အာရက္ခတပ်တော်တိုက်ခိုက်သိမ်းပိုက်ဖို့ စစ်တွေ၊ကျောက်ဖြူ၊မာန်အောင်သုံးမြို့နယ်သာကျန်နေပြီး ကျောက်ဖြူမြို့နယ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။

အဲဒီမြို့ပေါ်ရပ်ကွက်တွေကိုသာ စစ်ကောင်စီတပ်ထိန်းချုပ်ထားနိုင်ပြီး မြို့အပြင်ဘက် ကျေးလက်ဒေသတွေကို အာရက္ခတပ်တော်က ထိန်းချုပ်ထားပါတယ်။

အဲဒီမြို့နယ်တွေအားလုံးကိုလည်း အလုံးစုံသိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်တိုက်ခိုက်သွားမယ်လို့ အာရက္ခတပ်တော်က အကြိမ်ကြိမ်ပြောဆိုထားပါတယ်။

“ရခိုင်ပြည်အတွက် အကျိုးစီးပွားဖြစ်ထွန်းတဲ့၊ဒေသဖွံ့ဖြိုးရေးကိုအထောက်အကူပြုတဲ့ ဘယ်နိုင်ငံခြားရင်းနှီးမြှုပ် နှံမှုမျိုးကိုမဆို အသိအမှတ်ပြုကြိုဆိုပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ၊ စီမံကိ န်းတွေနဲ့ရင်းနှီးမြှုပ်နှံလုပ်ကိုင်လိုကြသူတွေရဲ့လုံခြုံရေးနဲ့အသက်အန္တရာယ်တွေကို ကာကွယ်စောင့်ရှောက်သွားမှာဖြစ်ကြောင်း၊လာရောက်ရင်းနှီးမြှုပ်နှံ လိုကြတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေနဲ့ စီမံကိန်းတွေ ဆက်လက်လည်ပတ်နိုင်ရေးအတွက် အာရက္ခတပ်တော်(AA)ရဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်တဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ကို လိုလားကြောင်း” ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊မတ်လ ၂၅ ရက်နေ့က အာရက္ခတပ်တော်ထုတ်ပြန်ခဲ့ပါတယ်။

ကျောက်ဖြူမြို့နယ်ရဲ့နယ်မြေကိုးဆယ်ရာခိုင်နှုန်းကျော်ကို အာရက္ခတပ်တော်သိမ်းပိုက်ထိန်းချုပ်ထားတယ်လို့ စစ်ရေးလေ့လာသူတွေက ဆိုကြပါတယ်။

ဒါပေမယ့် ကျောက်ဖြူမြို့နယ်တခုလုံးကို အပြီးသတ်သိမ်းပိုက်မယ့်ထိုးစစ်တွေမှာ အာရက္ခတပ်တော်ကလည်း ပေးဆက်ရမှုတွေများလိမ့်မယ်လို့ နိုင်ငံရေးအကဲခတ်တွေက ထောက်ပြကြပါတယ်။

“ULA အနေနဲ့လည်းပေးဆက်ရမှုများလိမ့်မယ်ဗျာ”လို့ ရခိုင်အမျိုးသားကောင်စီမှဗိုလ်မှူးကြီးမင်းထွန်းက ပြောပါတယ်။

အာရက္ခတပ်တော်ကထိုးစစ်ဆင်တိုက် ခိုက်နေတဲ့ကျောက်ဖြူတိုက်ပွဲတွေမှာစစ်ကောင်စီတပ်က ကြည်းရေလေပူး ပေါင်းခုခံကာကွယ်နေရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။

အာရက္ခတပ်တော်ထိုးစစ်ဆင်သိမ်းပိုက်မှုတွေဟာ ကျောက်ဖြူမြို့အနီးရှိအမှတ် ၃၂ ရဲတပ်ရင်းရဲ့ပြိုင်းစေ့ကေ့ကာကင်းထိရောက်ရှိနေပြီးလို့ ဆိုကြပါတယ်။

အဲဒါကြောင့် အမှတ် ၃၂ ရဲတပ်ရင်းမကျဖို့ ကြည်းရေလေပူးပေါင်းပြီးအသဲအသန်ခုခံနေတာဖြစ်သလို အမှတ် ၃၂ ရဲတပ်ရင်းကျသွားရင် ကျောက်ဖြူမြို့ကို အလွယ်တကူသိမ်းပိုက်နိုင်တယ်လို့မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေကဆိုကြပါတယ်။

အဲဒီကျောက်ဖြူတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က နည်းဗျူဟာမှူးအဆင့်အရာရှိကြီးတွေထိသေဆုံးနေကြသလိုတိုင်းစစ်ဦးစီးအဆင့်အရာရှိကြီးတွေလ ည်း ဖမ်းဆီးခံနေကြရပါတယ်။

အဲဒီကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့တပ်ရင်းတွေရှိပေမယ့် အမှတ် ၃၂ ရဲတပ်ရင်းသာ အင်အားအများဆုံးနည်းဗျူဟာအကျဆုံးခံစစ်တပ်ရင်းဖြစ်တာမို့ စစ်ကောင်စီတပ်က လက်နက်၊စစ်သည်၊ ပစ်ကူအင်အားအများဆုံးသုံးခုခံကာကွယ်နေတာလို့ ဆိုကြပါတယ်။

အဲဒီရဲတပ်ရင်းကျသွားရင် ကျန်တပ်ရင်းတွေကို အလွယ်တကူသိမ်းပိုက်ရနိုင်ပေမယ့် ဓညဝတီရေတပ်ဌာနချုပ်ကိုတော့ အချိန်ယူတိုက်ခိုက်ရမယ်လို့ ဆိုကြပါတယ်။

ကျောက်ဖြူတိုက်ပွဲကြားကအရပ်သားတွေ

ကျောက်ဖြူမြို့နယ် ပြင်းထန်တဲ့ တိုက်ပွဲတွေဖြစ်လာဖို့ ဖော်ဖော်ဝါရီလတတိယပတ်က အစပြုခဲ့တာကြောင့် ခုဆိုရင် တိုက်ပွဲကာလဟာ အချိန်လေးလကျော်ထိ ရှိလာနေပါပြီ။

ကျောက်ဖြူမြို့ပေါ်နဲ့ ကျေးလက်ဒေသတွေမှာ လူဦးရေတသိန်းခုနစ်သောင်းခန့်နေထိုင်ပြီး တိုက်ပွဲတွေကြောင့် သောင်းနဲ့ချီတဲ့ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတ ယ်။

စစ်ကောင်စီတပ်က လုံခြုံရေးအကြောင်းပြချက်နဲ့ ရေကြောင်းသွားလာခွင့်ကို ဒေသန္တရအမိန့်နဲ့ပိတ်ပင်ထားတာကြော င့် ရေလုပ်ငန်းနဲ့အသက်မွေးတဲ့ ဒေသခံတွေအတွက် ကြီးမားတဲ့စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။

“ကျွန်တော်တို့ဆီမှာက အလုပ်အကိုင်အခွင့်အလမ်းတွေလည်း အင်မတန်နည်းပါတယ်။ကျောက်ဖြူမြို့နယ်မှာ လူတရာမှာခုနှစ်ဆယ်လောက်ဟာ ပင်လယ်ပြင်ကို အမှီပြုပြီးလုပ်ကိုင်စားသော က်ကြရတာပါ။ပင်လယ်ထဲမှာ စစ်ကောင်စီရဲ့ရေတပ်သင်္ဘောတွေတောက် လျှောက်ရှိနေတော့ ရေလုပ်ငန်းတွေကမလည်ပတ်နိုင်တော့ဘူး။ဒါကြောင့် ပိုခက်ခဲကြပါတယ်။” လို့ ကျောက်ဖြူဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ကြည်းတပ်အင်အားမလုံလောက်တော့တာမို့ ရေတပ်အင်အားကို အများဆုံးဖြည့်တင်းထားသလို မြန်မာတနိုင်ငံလုံးရှိရေတပ်အင်အားထဲက တပ်ဖွဲ့ဝင်အင်အားအများဆုံးပို့ထားပြီး ရေငုပ်စစ်သင်္ဘောထိ အဆင်သင့်ပြင်ဆင်ထားတယ်လို့ စစ်ကောင်စီရေတပ်အရာရှိတွေက ဆိုကြပါတယ်။

အဲဒါကြောင့် စစ်ကောင်စီတပ်က လက်နက်ကြီးတွေ၊အတွဲလိုက်ဒုံးတွေ၊နေဗီတွေ၊တိုက်လေယာဥ်တွေ၊ဒရုန်းတွေနဲ့ပစ်ခတ်နေတာမို့ အရပ်သားပြည်သူတွေသေဆုံးဒဏ်ရာရနေကြသလို မြေမြုပ်မိုင်းအန္တရာယ်ကိုလည်း ကြုံတွေ့နေကြရတယ်လို့ ကျောက်ဖြူဒေသခံတွေက ဆိုကြပါတယ်။

အဲဒီကျောက်ဖြူမြို့မှာတာဝန်ထမ်းဆောင်နေတဲ့တရုတ်လူမျိုးဝန်ထမ်းတွေကတော့ ဘေးလွတ်ရာကို ရွှေ့ပြောင်းနေကြပြီလို့ ကျောက်ဖြူမြို့ခံတွေက ဆိုကြပါတယ်။

“အခု ကျောက်ဖြူမြို့အနီးအနားမှာ တိုက်ပွဲတွေပြင်းထန်လာတဲ့အတွက် တရုတ်စီမံကိန်းတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ အရပ်သားဝန်ထမ်းတွေကို ဘေးလွတ်ရာကို ပို့ဆောင်တာတွေရှိတယ်။ တရုတ်နိုင်ငံသားဝန်ထမ်းတွေကိုလည်း နေရာရွှေ့နေတယ်လို့သိရတယ်။”လို့ ကျောက်ဖြူမြို့ခံတဦးက ပြောပါတယ်။

အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝင်မြို့အများစုကို တိုက်ခိုက်သိ မ်းပိုက်ပြီးနောက် လက်နက်ကိုင်ပဋိပ က္ခတွေကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းမယ်လို့ ဆိုပါတယ်။

“နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းဖို့အဆင်သင့်ရှိနေတယ်။” လို့ ပြီးခဲ့တဲ့နှစ်၊ဒီဇင်ဘာလ ၂၉ ရက်နေ့က အာရက္ခတပ်တော်ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမယ့် စစ်ကောင်စီတပ်နဲ့အာရက္ခတပ်တော်ကြား တရားဝင်နှစ်ဖက်တွေ့ ဆုံဆွေးတာတွေ တရားဝင်ထုတ်ပြန်တာတွေ မတွေ့ရသေးပါဘူး။

“အာရက္ခတပ်တော်ဟာ တရုတ်စီမံကိန်းတွေအဓိကတည်ရှိတဲ့ ကျောက်ဖြူဒေသကို တိုက်ခိုက်သိမ်းပိုက်ဖို့ ကြိုးပမ်းလာတာဟာ တွေ့ဆုံဆွေးနွေးရေးတွေဖြစ်လာဖို့ဖိအားပေးတဲ့သဘောမျိုးလ ည်းဖြစ်နိုင်တယ်။” လို့ နိုင်ငံရေးလေ့လာစောင့်ကြည့်သူတဦးက သုံးသပ်ပါတယ်။

ကျောက်ဖြူကတရုတ်စီမံကိန်းတွေရဲ့ အနာဂတ်

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးရဲ့ ပြီးခဲ့တဲ့ဇွန်လ ၈ ရက်နေ့ ထုတ်ပြန်ချက်မှာပြီးခဲ့တဲ့ခုနှစ်မှာ မြန်မာမှရေနံနဲ့သဘာဝဓာတ်ငွေ့တန်ချိန်ပေါင်းသန်းတရာကျော် တရုတ်နိုင်ငံကို တင်ပို့နိုင်ခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ဓာတ်ငွေ့ပိုက်လိုင်း၊ ရေနံပိုက်လိုင်းဖြတ်သန်းသွားရာနေရာတွေ၊ အထူးစီးပွားရေးဇုန်စီမံကိန်းနဲ့ရထားလမ်းစီမံကိန်းတွေ အကောင်အထည်ဖော်မယ့်နေရာတွေဟာ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာရှိနေပါတယ်။

ကျောက်ဖြူမြို့က သဘာဝဓာတ်ငွေ့နဲ့ ရေနံတွန်းပို့စက်ရုံတွေနဲ့ တရုတ်ကုမ္ပဏီက လည်ပတ်နေတဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစက်ရုံတွေသာ စစ်ကော င်စီထိန်းချုပ်မှုအောင်မှာ ရှိနေတာပါ။

အာရက္ခဒေသက တရုတ်ရေနံပိုက်လိုင်းကို လေ့လာစောင့်ကြည့်နေတဲ့ Arakan Oil Watch အဖွဲ့မှ ပြီးခဲ့တဲ့ဧပြီလကအစီရင်ခံစာထုတ်ပြန်ခဲ့ပါတယ်။

ကျောက်ဖြူမြို့နယ်တခုလုံးကို အာရက္ခတပ်တော်က သိမ်းပိုက်သည်ဖြစ်စေ၊မသိမ်းပိုက်သည်ဖြစ်စေ စီမံကိန်းအားလုံးဟာ အာရက္ခတပ်တော်ထိန်းချုပ်မှုအောက်ကို ရောက်ရှိနေတယ်လို့ အစီ
ရင်းခံစာမှာ ထောက်ပြထားပါတယ်။

အာရက္ခတပ်တော်ထိုးစစ်တွေဟာ ကျောက်ဖြူအထူးစီးပွားရေးဇုန်ဧရိ ယာထဲမှာဖြစ်နေတာဖြစ်ပေမယ့် တရု တ်ဓာတ်ငွေ့ပိုက်လိုင်းနဲ့ စက်ရုံတွေအ ပေါ် ထိခိုက်မှုမရှိသေးပါဘူး။

အဲဒီအပြင် ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံ၊ကူမင်းမြို့ထိ သဘာဝဓာတ်ငွေနဲ့ ရေနံပို့လွှတ်မှုတွေလည်း ပုံမှန်လည်ပတ်နေဆဲဖြစ်တယ်လို့ ကျောက်ဖြူဒေသခံတွေက ဆိုကြပါတယ်။

“တရုတ်ရဲ့ရေနံနဲ့ ဓာတ်ငွေ့ပိုက်လိုင်းဟာ မြန်မာနိုင်ငံရဲ့ အရှေ့အနောက်ကို မိုင်ပေါင်းများစွာ သွယ်တန်းဖောက်လုပ်ထားတာပါ။တရုတ်နိုင်ငံကိုမကျေနပ်လို့ သူ့ရဲ့အကျိုးစီးပွားကို ဘယ်အဖွဲ့ကမှ ဖျက်ဆီးတာမရှိတဲ့အတွက် လုပ်ငန်းတွေ ဒီနေ့အထိ လည်ပတ်နေဆဲပါ။ ကျောက်ဖြူမြို့နယ်မှာလည်း AA ရဲ့ထိုးစစ်ကြောင့် တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဒီနေ့အထိ ထိခိုက်မှုတစုံတရာမရှိသေးပါဘူး။ AA အဖွဲ့ကလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို အကာအာကွယ်ပေးမယ်လို့ အာမခံထားတာကြောင့် တရုတ်နိုင်ငံကလည်း ယုံကြည်စိတ်ချနေပုံရပါတယ်။” လို့ မြေပုံမြို့နယ်မှ
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဦးဖေသန်းက ပြောပါတယ်။

တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို လိုလားတယ်လို့မကြာခဏထုတ်ဖော်ပြောဆိုပေမယ့် ကျောက်ဖြူမြို့နယ်က ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေအနီး တိုက်ပွဲတွေ ပြင်းထန်နေတာကို တစုံတရာပြောဆိုတာ မတွေ့ရသေးပါဘူး။

စစ်ကောင်စီကတော့ တရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှုတွေကို ကာကွယ်ဖို့အတွက် အာရက္ခတပ်တော်ရဲ့ထိုးစစ်ဆင်မှုတွေကို ဂျက်တိုက်လေယာဉ်၊စစ်ရေယာဉ်၊ဒရုန်းတွေနဲ့ မြေပြင်စစ်ကူတွေသုံးပြီး အပြင်းအထန် ခုခံကာကွယ်နေပါတယ်။

ကျောက်ဖြူမြို့နယ်ကို စစ်ကောင်စီတပ်လက်လွှတ်ဆုံးရှုံးသွားရင် တရုတ်ရင်းနှီးမြှုပ်နှံမှုတွေဟာ အာရက္ခတပ်တော်လက်ထဲကို အလုံးစုံရောက်ရှိသွားပြီး တရုတ်အစိုးရဟာ အာရက္ခတပ်တော်ကို တရားဝင်အသိအမှတ်ပြုဆွေးနွေးရတော့မယ်လို့ နိုင်ငံရေးအကဲခတ်တွေက ဆိုကြပါတယ်။

“ရခိုင်ပြည်နယ်က သဘာဝသယံဇာတ အကျိုးစီးပွားနဲ့ပတ်သက်လို့ ရခိုင်ပြည်သူတွေကို ကိုယ်စားပြုထားတဲ့ ULA/AA နဲ့ ဆွေးနွေးရမှာပါ။” လို့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်းဦးဖေသန်းက ပြောပါတယ်။

အဲဒီဓညဝတီရေတပ်ဌာနချုပ်အပါအဝင် ကျောက်ဖြူမြို့နယ်တခုလုံးကို အပြီးသတ်သိမ်းပိုက်ဖို့ အာရက္ခတပ်တော်ကထိုးစစ်ဆင်တိုက်ခိုက်နေပေမယ့် အကန့်အသတ်တွေရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲဒီကျောက်ဖြူမြို့သိမ်းတိုက်ပွဲဟာအာရက္ခတပ်တော်ရဲ့စစ်ရေးနိုင်ငံရေး၊သံတမန်ရေးကို အဆုံးအဖြတ်ပေးမှာဖြစ်သလို နိုင်ငံခြားရင်းနှီးမှုတွေကိုအာဏာသိမ်းစစ်တပ်က အကာအကွယ်ပေးနိုင်မှုတွေကို အဆုံးအဖြတ်ပေးမှာလည်းဖြစ်ပါတယ်။

အဲဒါကြောင့် စစ်ကောင်စီတပ်က စစ်သည်၊လက်နက်၊ရိက္ခာတွေဖြည့်တင်းပြီး အပြင်းထန်ဆုံးခုခံနေသလို အာရက္ခတပ်တော်ကလည်း စစ်ရေးဗျူဟာပေါင်းစုံအသုံးပြုတိုက်ခိုက်နေတယ်လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ပြောကြပါတယ်။

PrevPreviousကျောက်ဖြူမှာ မြေမြုပ်မိုင်းနင်းမိလို့ အမျိုးသမီးတဦးခြေထောက်ပြတ်သွား
Nextတရုတ်ကြွေးမြီ အမေရိကန်ဒေါ်လာသ န်းလေးထောင်ကျော်ဘင်္ဂလားဒေ့ရှ်ယူရန်မသေချာNext
Previous Post

ကျောက်ဖြူမှာ မြေမြုပ်မိုင်းနင်းမိလို့ အမျိုးသမီးတဦးခြေထောက်ပြတ်သွား

Next Post

တရုတ်ကြွေးမြီ အမေရိကန်ဒေါ်လာသ န်းလေးထောင်ကျော်ဘင်္ဂလားဒေ့ရှ်ယူရန်မသေချာ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

မလွတ်မြောက်သေးသော ရခိုင်ဒေသ၏ မြေသိမ်းကျိန်စာ – ၇

June 11, 2026
ဓာတ်ပုံ-အမေရိကန်စစ်ဌာနချုပ်

အမေရိကန်တိုက်ခိုက်လို့ အိန္ဒိယသင်္ဘောသား ၃ ဦး သေဆုံး

June 11, 2026
ဓာတ်ပုံ-BNA

မြန်မာနိုင်ငံမှာ ပြည်သူ ၁၆ သန်းကျော်လူသားချင်းစာနာထောက်ထားမှုအကူအညီ လိုအပ်နေ

June 11, 2026
ဓာတ်ပုံ - Al Jazeera

အမေရိကန်နဲ့အီရန်ကြား စစ်ရေးတင်းမာမှု မြင့်တက်နေလို့ ဟော်မုဇ်ရေလက်ကြားကို အီရန်ပိတ်ပင်

June 11, 2026

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အမြန်ဆုံး အကောင်အထည်ဖော်ဖို့ 7 EAO သဘောတူ

မီဇိုရမ်မှာ မူးယစ်ဆေးဝါးတွေနဲ့အတူ မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရ

ဖိလစ်ပိုင်ငလျင်ကြောင့် လူ ၃၅ ဦးထက်မနည်း သေဆုံး

မြန်မာ့အရေး အာဆီယံမူဘောင်အတိုင်း ဆက်လုပ်ဖို့ အင်ဒိုနီးရှားတိုက်တွန်း (ဓာတ်ပုံသတင်း)

ပုဏ္ဏားကျွန်းမှာ အရပ်သားတဦး ကြိုးဆွဲချသေဆုံး

AA နဲ့ PDF ခြောက်ဦး အလင်းဝင်တယ်လို့ အာဏာသိမ်းစစ်တပ် ဝါဒဖြန့်

Releated Post

ဓာတ်ပုံ - 7 EAO Alliance

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အမြန်ဆုံး အကောင်အထည်ဖော်ဖို့ 7 EAO သဘောတူ

June 9, 2026
ဓာတ်ပုံ - မီဇိုရမ်ရဲတပ်ဖွဲ့

မီဇိုရမ်မှာ မူးယစ်ဆေးဝါးတွေနဲ့အတူ မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရ

June 9, 2026
ဓာတ်ပုံ - Al Jazeera

ဖိလစ်ပိုင်ငလျင်ကြောင့် လူ ၃၅ ဦးထက်မနည်း သေဆုံး

June 9, 2026
ဓာတ်ပုံ-အာဏာသိမ်းစစ်တပ်

မြန်မာ့အရေး အာဆီယံမူဘောင်အတိုင်း ဆက်လုပ်ဖို့ အင်ဒိုနီးရှားတိုက်တွန်း (ဓာတ်ပုံသတင်း)

June 9, 2026
(ဓာတ်ပုံ - ကြိုးဆွဲချသေဆုံးသွားသူ/ပေးပို့)

ပုဏ္ဏားကျွန်းမှာ အရပ်သားတဦး ကြိုးဆွဲချသေဆုံး

June 9, 2026
ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

AA နဲ့ PDF ခြောက်ဦး အလင်းဝင်တယ်လို့ အာဏာသိမ်းစစ်တပ် ဝါဒဖြန့်

June 9, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page