Border News Agency
ကျောက်ဖြူ၊ဇွန် ၂၆။
ကျောက်ဖြူမြို့နယ်မှာ ဇွန်လ၂၅ ရက်နေ့က မြေမြုပ်မိုင်းနင်းမိလို့ အမျိုးသမီးတဦးခြေထောက်ပြတ်သွားပါတယ်။
အဲဒီကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်ကျေး ရွာက အသက်ခြောက်ဆယ်တနှစ်အ ရွယ်ဒေါ်သိန်းမြကြည်မှာဘယ်ဖက်ခြေ ထောက်ဒူးမှပြတ်ထွက်သွားလို့အရေးပေါ်ဆေးကုသနေရပါတယ်။
အဲဒီကျောက်ဖြူမြို့အခြေစိုက်အမှတ် ၅၃၄ ခြေလျင်တပ်ရင်းလမ်းကြားမှာ ဇွန်လ၂၅ ရက်နေ့မနက်ကလမ်းလျှော က်ချိန်မှာ မြေမြုပ်မိုင်းနင်းမိခဲ့တာဖြစ်ပါတယ်။
အဲဒီကျောက်ဖြူမြို့နယ်မှာ အာရက္ခတ ပ်တော်နဲ့စစ်ကောင်စီတပ်ကြား နှစ်ဖက်ထိတွေ့ တိုက်ပွဲတွေဖြစ်ပွားနေတာပါတ ယ်။
အဲဒါကြောင့် စစ်ကောင်စီတပ်က စစ်သ ည်၊လက်နက်၊ရိက္ခာတွေဖြည့်တင်းပြီး အပြင်းအထန်ထင်ခုခံနေသလို တပ်စခန်းတွေအနီးမှာ မြေမြုပ်မိုင်းတွေထော င်ထားတယ်လို့ ကျောက်ဖြူမြို့ခံတွေက ဆိုကြပါတယ်။
အဲဒီအပြင် အရပ်သားပြည်သူနေရာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေ၊ အတွဲလိုက်ဒုံးတွေ၊နေဗီတွေ၊တိုက်လေယာဥ်တွေ၊ဒရုန်းတွေနဲ့ပစ်ခ တ်သတ်ဖြတ်တာတွေ နေ့စဥ်ရက်ဆက်ပြုလုပ်နေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အာရက္ခတပ်တော်ဟာပလက်ဝဒေသအပါအဝင် အာရက္ခဒေသက မြို့နယ်ဆယ့်လေးမြို့နယ်ကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။






