ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးလွတ်ပေးဖို့ နော်ဝေသံရုံးတောင်းဆို
Border News Agencyနော်ဝေ၊ မေ ၇။ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်ကနေ နေအိမ်အကျယ်ချုပ်ဆီပြောင်းရွှေ့လိုက်ပြီဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး ရန်ကုန်မြို့မှာရှိတဲ့နော်ဝေသံရုံးက မှတ်တမ်းတင်သိရှိထားတယ်လို့ ထုတ်ပြန်ပါတယ်။ အခုလိုပြောင်းရွှေ့လိုက်တဲ့အပေါ်မှာ နော်ဝေအစိုးရအနေနဲ့ အနီးကပ်စောင့်ကြည့်နေတာပါ။ နေအိမ်အကျယ်ချုပ်ရောက်ရှိနေစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူ့ရဲ့မိသားစုဝင်တွေနဲ့ပုံမှန်အဆက်အသွယ် လုပ်ခွင့်ရဖို့ နော်ဝေသံရုံးကမျှော်လင့်နေပါတယ်။...









