Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
နိုင်ငံတကာ နိုင်ငံရေး သတင်း

သမ္မတဦးဝင်းမြင့်ကိုသာ အသိအမှတ်ပြုဖို့ အာဆီယံကို SAC-M တောင်းဆို

Author picture

By

Saw Shin Nyo
Reading Time: 1 min read
0
A A
0
SHARES
6
VIEWS
Share on FacebookShare on Twitter

​Border News Agency
ဖိလစ်ပိုင်၊ မေ ၇။

​အာဆီယံခေါင်းဆောင်တွေအနေနဲ့ အာဏာသိမ်းစစ်တပ်အပေါ်ထားတဲ့ မူဝါဒဟောင်းတွေကိုစွန့်လွှတ်ပြီး သမ္မတဦးဝင်းမြင့်ကိုသာ နိုင်ငံတော်သမ္မတအဖြစ် ဆက်လက်အသိအမှတ်ပြုဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးဟောင်းတွေနဲ့ ကုလသမဂ္ဂကိုယ်စားလှယ်ဟောင်းတွေက မေလ ၆ ရက်၊ မနေ့ကတောင်းဆိုလိုက်ပါတယ်။

​ဖိလစ်ပိုင်မှာကျင်းပနေတဲ့ ၄၈ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနဲ့တိုက်ဆိုင်ပြီး မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ (SAC-M) ကနေ အခုလိုထုတ်ပြန်တောင်းဆိုလိုက်တာပါ။

အာဏာသိမ်းစစ်တပ်ဟာ အာဆီယံရဲ့သည်းခံမှုကိုအခွင့်ကောင်းယူပြီး ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ပိုလုပ်လာတယ်လို့လည်း ထောက်ပြထားပါတယ်။

​ထိုင်းနဲ့မလေးရှား နိုင်ငံခြားရေးဝန်ကြီးဟောင်းတွေအပါအဝင် နိုင်ငံတကာကျွမ်းကျင်သူတွေက ကျားဟာသူ့အစင်းကြောင်းကို ဘယ်တော့မှပြောင်းမှာမဟုတ်ဘူးဆိုတဲ့ စကားရပ်နဲ့စစ်အုပ်စုရဲ့ သဘာဝကို ဝေဖန်ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ပြောင်းတာနဲ့ ရွေးကောက်ပွဲကိစ္စတွေဟာ နိုင်ငံတကာအသိအမှတ်ပြုမှုရအောင် လုပ်ပြတဲ့ဟန်ပြတွေသာဖြစ်တယ်လို့ ဆိုပါတယ်။

​SAC-M ရဲ့ အချက်အလက်တွေအရ ၂၀၂၆ ခုနှစ် မတ်လဟာ အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူအသေအပျောက် အများဆုံးလဖြစ်ခဲ့ပြီး လူပေါင်း ၅၀၀ ကျော်သေဆုံးခဲ့ရပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ အာဆီယံရဲ့ ဘုံသဘောတူညီချက်တွေကို အကြိမ်ကြိမ်ချိုးဖောက်နေတာကြောင့် အာဆီယံဘက်က လက်တွေ့ကျကျတုံ့ပြန်ဖို့ အချိန်တန်ပြီလို့ဆိုပါတယ်။

​ဒါကြောင့် အာဆီယံအနေနဲ့ စစ်တပ်အရာရှိမှန်သမျှကို အစည်းအဝေးတက်ခွင့်မပေးဘဲ နိုင်ငံရေးအရအဆက်အသွယ်ဖြတ်ဖို့၊သမ္မတဦးဝင်းမြင့်ကိုသာ တရားဝင်အစိုးရအဖြစ်အသိအမှတ်ပြုဖို့နဲ့ နယ်စပ်ကနေတဆင့် လူသားချင်းစာနာမှုအကူအညီတွေအရောက်ပို့နိုင်အောင် ဖိအားပေးဖို့တိုက်တွန်းထားပါတယ်။

PrevPreviousတနင်္သာရီမှာ အာဏာသမ်းစစ်တပ် တပ်ဖွဲ့ဝင်နှစ်ဦးအလင်းဝင်
Nextအာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင်၂ ဦး ကရင်အမျိုးသားအစည်းအရုံးဆီ အလင်းဝင်Next
Previous Post

တနင်္သာရီမှာ အာဏာသမ်းစစ်တပ် တပ်ဖွဲ့ဝင်နှစ်ဦးအလင်းဝင်

Next Post

အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင်၂ ဦး ကရင်အမျိုးသားအစည်းအရုံးဆီ အလင်းဝင်

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

အမေရိကန်-အီရန် စစ်ရေးတင်းမာမှု ပိုမိုပြင်းထန်လာ

June 28, 2026

အာဏာသိမ်းစစ်တပ်ကို ခုနှစ်နေရာထိအာရက္ခတပ်တော်တိုက်ခိုက်နေ

June 28, 2026

မြန်မာသို့ပို့မယ့် ဘိလပ်မြေအများအပြားဖမ်းဆီးရမိ

June 28, 2026

ထရမ့်ပုံပါတဲ့ အမေရိကန်နိုင်ငံကူးလက်မှတ်ပုံစံအသစ် မိတ်ဆက်

June 28, 2026

မလေးရှား ဂျိုဟိုးမှာမြန်မာအပါအဝင် နိုင်ငံခြားသား ၅၀ ဦး ဖမ်းဆီးခံရ

ပုဏ္ဏားကျွန်းမှာ စစ်ဘေးရှောင်တဦး မြောင်းထဲမှာသေဆုံးနေ

ပုဏ္ဏားကျွန်းမှာ စစ်ဘေးရှောင်တဦး မြောင်းထဲမှာသေဆုံးနေ

ဘန်ကောက်မုန်တိုင်းကြောင့် မြန်မာလုပ်သား ၁ ဦး သေဆုံး

မူဆယ်မှာ သိန်းနှစ်ရာနီးပါးတန်မူးယစ်ဆေးတွေကို ညီနောင်မဟာမိတ်မီးရှို့

တိုင်းရင်းသားလက်နက်ကိုင်တွေကို ဆွေးနွေးဖို့မင်းအောင်လှိုင် ဖိတ်ခေါ်

Releated Post

ဓာတ်ပုံ - မလေးရှားလူဝင်မှုကြီးကြပ်ရေးရုံး

မလေးရှား ဂျိုဟိုးမှာမြန်မာအပါအဝင် နိုင်ငံခြားသား ၅၀ ဦး ဖမ်းဆီးခံရ

June 27, 2026
ဓာတ်ပုံ-BNA

ပုဏ္ဏားကျွန်းမှာ စစ်ဘေးရှောင်တဦး မြောင်းထဲမှာသေဆုံးနေ

June 27, 2026

ပုဏ္ဏားကျွန်းမှာ စစ်ဘေးရှောင်တဦး မြောင်းထဲမှာသေဆုံးနေ

June 27, 2026

ဘန်ကောက်မုန်တိုင်းကြောင့် မြန်မာလုပ်သား ၁ ဦး သေဆုံး

June 27, 2026

မူဆယ်မှာ သိန်းနှစ်ရာနီးပါးတန်မူးယစ်ဆေးတွေကို ညီနောင်မဟာမိတ်မီးရှို့

June 27, 2026
ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

တိုင်းရင်းသားလက်နက်ကိုင်တွေကို ဆွေးနွေးဖို့မင်းအောင်လှိုင် ဖိတ်ခေါ်

June 27, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page